ဖက်ရှင်ချစ်သူ ကွီး တို့သည် စတိုင်လ် ကျဖို့အတွက်ဆိုရင် ဘယ်အင်္ကျီကို ဘယ်ဘောင်းဘီအမျိုးအစားနဲ့ တွဲဖက်ဝတ်ဆင်ရမလဲဆိုပြီး အမြဲတမ်း စဉ်းစားလေ့ရှိပေမယ့် တွဲဝတ်ရမယ့် ဖိနပ် ကိုတော့ လျစ်လျူရှုတတ်ကြပါတယ်။ ရလာဒ်အနေနဲ့ အင်္ကျီနဲ့ဘောင်းဘီက လိုက်ဖက်မှုရှိပေမယ့် ဖိနပ်က သီးသန့်ကြီး ကွဲထွက်နေတတတ်ပါတယ်။

ဘယ်သူမှ သတိမထားမိဘူးလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမဲ့ ဘယ်သူမှ သတိမထားမိသည့်တိုင်အောင် ကိုယ့်ဖက်ရှင်အပေါ် ယုံကြည်မှုမရှိတော့ဘဲ ကိုယ့်ကိုယ်ကိုယ် Confidence ကင်းမဲ့သွားတတ်ပါတယ်။ ဒီလိုမျိုး ကိုယ့်ရဲ့ ဖက်ရှင်အပေါ် ယုံကြည်မှု ကင်းမဲ့မသွားရလေအောင် ကွီး တို့ကို စတိုင်လ် ကျလှပအောင် ကူညီပေးမယ့် ဖိနပ် အမျိုးအစားအမျိုးမျိုး ရှိပါတယ်။

အဖြူရောင် Sneakers

kwee shoes designs

လူငယ်လူရွယ်တော်တော်များများကတော့ အဖြူရောင် Sneakers လေးတွေကို ဝတ်ဆင်ရတာ သဘောကျပါတယ်။

Boat Shoes

kwee shoes designs

ဒီရှူးဖိနပ်အမျိုးအစားတွေကတော့ ဘောင်းဘီတို (သို့) နွေရာသီဖက်ရှင်မျိုးနဲ့ လိုက်ဖက်ပါတယ်။ လွတ်လပ်ပေါ့ပါးတဲ့အသွင် ဖန်တီးချင်တယ်ဆိုရင်တော့ ဒီဖိနပ်ကို ရွေးချယ်နိုင်ပါတယ်။

အနက်ရောင် Sneakers

kwee shoes designs

အဖြူရောင် Sneakers မနှစ်သက်သူတွေကတော့ အနက်ရောင် Sneakers လေး ရွေးချယ်နိုင်ပါတယ်။ အနက်ရောင်ဖြစ်တဲ့အတွက်ကြောင့် အဝတ်အစားအရောင် မရွေးပါဘူး။

Driving Shoes

kwee shoes designs

အသက် ၂၀ ကျော်နှင့် ၃၀ ဝန်းကျင်ကြား ကွီးတို့ကတော့ Driving Shoes မျိုးကို ရွေးချယ်ဝတ်ဆင်ကြပါတယ်။ သူကတော့ Grip မြဲတဲ့အတွက်ကြောင့် ချော်လဲမှာတွေ ခြေချော်မှာတွေကို ပူစရာမလိုပါဘူး။

Crossovers

kwee shoes designs

လူငယ်ဆန်တဲ့ ဖိနပ်အမျိုးအစားတစ်ခုဖြစ်ပြီး အကြမ်းလည်း ခံပါတယ်။ Semi-Formal ဖက်ရှင်မျိုး ဖန်တီးချင်တဲ့အခါ ဒီဖိနပ်အမျိုးအစားကို ရွေးချယ်နိုင်ပါတယ်။

ဖိနပ်လည်ပင်းရှည်သော High Top Sneakers

kwee shoes designs

ဒီဖိနပ်တွေကတော့ ဘေ့စ်ဘောကစားသမားများအတွက် ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ယခုအခါမှာတော့ လူတိုင်းနီးပါး ဝတ်ဆင်လာကြပါပြီ။

Trainers

ကွီး စတိုင်လ် ဖိနပ်

Trainers တွေကတော့ များသောအားဖြင့် အားကစားပြုလုပ်တဲ့အချိန်မှာ အဝတ်များကြပါတယ်။ ဒီဖိနပ်ဝတ်တဲ့အခါ ခြေအိတ်တိုတွေနဲ့သာ တွဲဖက်ဝတ်ဆင်သင့်ပါတယ်။

Espadrilles

ကွီး စတိုင်လ် ဖိနပ်

သားရေဖိနပ်အမျိုးအစားဖြစ်ပြီး ရင့်ကျက်တည်ငြိမ်တဲ့ဖက်ရှင်မျိုး ဖန်တီးချင်တဲ့အခါ ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။

Chukka ဘွတ်ဖိနပ်

ကွီး စတိုင်လ် ဖိနပ်

အကြမ်းလည်းခံပြီး စတိုင်လ်ကျ မိမိုက်တဲ့ဖက်ရှင်မျိုး ဖန်တီးချင်တယ်ဆိုရင်တော့ Chukka ဘွတ်ဖိနပ်လေး ဝတ်ဆင်လိုက်ပါ။

အမြင့်ထူသော ဘွတ်ဖိနပ်

ကွီး စတိုင်လ် ဖိနပ်

ကိုယ့်ရဲ့အရပ်အမြင့်ကို မသိမသာလေး မြင့်သယောင်ဖန်တီးချင်တယ်ဆိုရင်တော့ ဒီလိုမျိုး အမြင့်ထူတဲ့ ဖိနပ်မျိုးကို ရွေးချယ်ဝတ်ဆင်လိုက်ပါ။

ချယ်လ်ဆီး ဘွတ်ဖိနပ်

ကွီး စတိုင်လ် ဖိနပ်

ကွီးတို့ကို စတိုင်လ်ကျလှပပြီး အထာကျနေအောင် ကူညီပေးမယ့် ဖိနပ်အမျိုးအစားတစ်ခုဖြစ်ပါတယ်။

သားရေဘွတ်ဖိနပ်

ကွီး စတိုင်လ် ဖိနပ်

သားရေဘွတ်ဖိနပ်လေးတွေကတော့ များသောအားဖြင့် ဂျင်းဘောင်းဘီများနှင့် လိုက်ဖက်ပါတယ်။

ဒီဖိနပ်လေးများသည် ဘောင်းဘီအဝတ်အစားမရွေးတဲ့ ဖိနပ်အမျိုးအစားတွေပဲဖြစ်ပါတယ်။ ကွီး တို့အနေနဲ့ စတိုင်လ် ကျလှပတဲ့ ဖက်ရှင်မျိုး တီထွင်ဖန်တီးချင်တယ်ဆိုရင်တော့ ဒီ ဖိနပ် များကို ရွေးချယ် ဝတ်ဆင်နိုင်ပါတယ်။

Source: Kalibrado

Featured Image: Luxe.digital