စိတ်ညစ်စရာတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ ကွီးတို့ ဘယ်လိုဖြေရှင်းလေ့ရှိကြပါသလဲ။ လူတစ်ယောက်တစ်မျိုးစီဖြင့် ဖြေရှင်းပုံနည်းလမ်းများလည်း တစ်ယောက်နဲ့တစ်ယောက်တူညီကြမှာ မဟုတ်ပါဘူး။ နည်းလမ်းအများအပြားရှိတဲ့အနက် ကွီး တို့ရဲ့ ညစ်နေတာတွေအားလုံးကို ယူပစ်သလိုပျောက်ကင်းသွားစေပြီး စိတ်ပျော်ရွှင် လာအောင် ဖန်တီးပေးမယ့် အကောင်းဆုံးနည်းလမ်းကတော့ ပျော်ရွှင်မှုဟော်မုန်းကို လှုံ့ဆော်ပေးမယ့် အစားအစာ များ စားသုံးခြင်းပဲ ဖြစ်ပါတယ်။

ကွီး တို့ကို စိတ်ပျော်ရွှင် လာအောင် ကူညီပံ့ပိုးပေးမယ့် အစွမ်းထက် အစားအစာ (၅) မျိုးကတော့ …

Dark Chocolate

ကွီး စိတ်ပျော်ရွှင် အစားအစာ

Dark Chocolate သည် သင့်ကိုပျော်ရွှင်လာအောင် ကူညီပေးနိုင်ပါတယ်။ သူ့ကို စားသုံးပြီးတဲ့နောက်မှာ ဦးနှောက်ကတော့ ပျော်ရွှင်စေတဲ့ ဟော်မုန်းများ ထုတ်လုပ်ပေးပြီး နာကျင်ခံစားရခြင်းနှင့် စိတ်ဖိစီးမှုများကို ပယ်ပျောက်စေကာ စိတ်လက်ပေါ့ပါးပျော်ရွှင်လာအောင် ကူညီပေးတာပဲဖြစ်ပါတယ်။

ရိုးရိုးချောကလက်များထက် Dark Chocolate က ပိုအစွမ်းထက်ပါတယ်။ သူ့မှာ ကိုးကိုးမှုန့် ၇၀ ရာခိုင်နှုန်းပါဝင်တဲ့အတွက်ကြောင့် အခြားသောချောကလက်များထက် ပိုအစွမ်းထက်ရခြင်းဖြစ်ပါတယ်။

ဥအမျိုးမျိုး

ကွီး စိတ်ပျော်ရွှင် အစားအစာ

ကြက်ဥ၊ ဘဲဥ၊ ငုံးဥများသည် အမိုင်နိုအက်ဆစ်၊ ဗီတာမင်ဒီ၊ ဗီတာမင် B12 နဲ့ ဇင့်ဓာတ်၊ မဂ္ဂနီစီယမ်ဓာတ်တို့ ပါဝင်ပြီး ထိုအာဟာရဓာတ်များက စိတ်ဖိစီးမှုများကို လျော့ချပေးဖို့ ကူညီပေးပါတယ်။ သူတို့မှာ ပရိုတင်းဓာတ်လည်း ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် သင့်ကို အချိန်အကြာကြီး ဗိုက်ပြည့်နေစေမှာဖြစ်ပါတယ်။

ဒ့ါအပြင် ကြက်ဥ၊ ဘဲဥတွေထဲမှာ Choline ဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး ထိုအာဟာရဓာတ်က အာရုံကြောစနစ်ကို အထောက်အပံ့ဖြစ်စေကာ စိတ်ခံစားချက်များကို ကောင်းမွန်စေပါတယ်။

အုတ်ဂျုံ

oat for kwee who are sad

အုတ်ဂျုံထဲမှာ ပါဝင်တဲ့ မဂ္ဂနီစီယမ်ဓာတ်သည် ပင်ပန်းနွမ်းနယ်မှုများ၊ စိတ်ဖိစီးမှုများကို ပယ်ပျောက်စေပါတယ်။ သင့်ခန္ဓာကိုယ်သည် လုံလောက်တဲ့ မဂ္ဂနီစီယမ်ဓာတ်မရရှိတဲ့အခါ စိတ်တိုစိတ်ဆတ်လွယ်ပြီး ညဘက်မှာလည်း နှစ်ခြိုက်စွာ အိပ်မပျော်နိုင်တော့ပါဘူး။

အုတ်ဂျုံများသည် ကာဘိုဟိုက်ဒြိုက်ဓာတ် ကြွယ်ဝစွာပါဝင်ပြီး ထိုကာဘိုဟိုက်ဒြိုက်ဓာတ်များသည် ပျော်ရွှင်စေတဲ့ ဟော်မုန်းများကို များများထုတ်လွှတ်ပေးနိုင်အောင် ကူညီပေးပါတယ်။

အခွံမာသီးများ

nuts for kwee who are sad

အခွံမာသီး ကြိုက်နှစ်သက်သူတွေအတွက်တော့ သတင်းကောင်းတစ်ခုပဲဖြစ်ပါတယ်။ စိတ်ညစ်နေချိန်မှာ အခွံမာသီးများကို စိစိညက်ညက် ကြေအောင် ဝါးစားပေးခြင်းဖြင့် စိတ်ညစ်စရာများကို ဝါးစားပစ်သလို ခံစားရစေမှာပါ။

ဒါ့အပြင် သူ့မှာပါဝင်တဲ့ အာဟာရဓာတ်များသည် Selenium ဓာတ်ကို ထုတ်လုပ်ပေးပြီး စိတ်ပျော်ရွှင်လာအောင် ကူညီပေးပါတယ်။

ဘယ်ရီသီးများ

berries for kwee who are sad

ဘယ်ရီသီးများမှာ Antioxidants များ ပါဝင်ပြီး ထို Antioxidants များသည် ခန္ဓာကိုယ်ဆဲလ်များကို ကျန်းမာနေအောင် ကူညီပေးပါတယ်။ ဒါ့အပြင် ဦးနှောက် စွမ်းဆောင်ရည်နှင့် အာရုံကြောစနစ်ကောင်းမွန်အောင် ကူညီပေးပါတယ်။ သူတို့မှာ ဗီတာမင်ဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး သကြားဓာတ်လည်း အနည်းငယ်သာ ပါဝင်တဲ့အတွက်ကြောင့် ဆီးချိုသမားများလည်း စိတ်ချလက်ချစားသုံးနိုင်တဲ့ သစ်သီးတစ်မျိုးပဲဖြစ်ပါတယ်။

Source: Scmp

Featured Image Source: Bbc.co.uk