တက်တူးထိုးခြင်း အနုပညာသည် လွန်ခဲ့တဲ့ရာစုနှစ်များစွာကတည်းက စတင်ပေါ်ပေါက်လာခဲ့တဲ့ အနုပညာတစ်ရပ်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ခေတ်အပေါ်လိုက်ပြီးလည်း တက်တူးဒီဇိုင်းကာလာအနေအထားများက ပြောင်းလဲလာတာ ဖြစ်ပါတယ်။ အချို့တက်တူးချစ်သူ ကွီး တို့ကတော့ ဒီဇိုင်း ထူးခြား ပြီး ဆန်းသစ်တဲ့ တက်တူး ဒီဇိုင်းများကို နှစ်သက်ကြပြီး အချို့ကတော့ အရိုးရှင်းဆုံး တက်တူးဒီဇိုင်းကို နှစ်သက်ကြပါတယ်။

ဘယ်လိုအချက်တွေကြောင့်ပဲ တက်တူးထိုးကြပါစေ တက်တူးချစ်သူတွေရဲ့ ရင်ဘတ်ချင်းကတော့ နီးစပ်လေ့ရှိကြပါတယ်။

တက်တူးတစ်ခု ထိုးတော့မယ်ဆိုတာနဲ့ ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းမှာ တက်တူးရေးထိုးချင်တာလဲဆိုတာကို အရင်ဦးဆုံး ဆုံးဖြတ်ဖို့လိုအပ်ပါတယ်။ ကြွက်သားနှင့် အသားများတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းမှာ တက်တူးရေးထိုးခြင်းကတော့ နာကျင်မှု သက်သာစေပြီး နံရိုး၊ လက်ကောက်ဝတ်စတဲ့ ကြွက်သားနည်းတဲ့နေရာများကတော့ နာကျင်မှု ပိုများတတ်ပါတယ်။

ခန္ဓာကိုယ်အစိတ်အပိုင်းအများအပြားရှိတဲ့အနက် လက်မောင်း၊ လက်ဖျံ အစရှိတဲ့နေရာတစ်ဝိုက်မှာ တက်တူးရေးထိုးချင်တဲ့ ကွီး တို့အတွက် တမူ ထူးခြား ပြီး အနုပညာလက်ရာမြောက်တဲ့ တက်တူး ဒီဇိုင်းများကို ဝေမျှပေးချင်ပါတယ်။

လက်တစ်ချောင်း အပြည့်လုံးမှာ ရေးထိုးနိုင်တဲ့ တက်တူးဒီဇိုင်း

kwee tattoos

လက်တစ်ချောင်းလုံးမှာ တက်တူးအပြည့်ရေးထိုးနိုင်ဖို့ဆိုတာ တက်တူးကို တော်ရုံတန်ရုံချစ်ရုံနဲ့ မရပါဘူး။ ဒီလိုရွေးချယ်ဖို့အတွက်လည်း ပြတ်သားတဲ့ဆုံးဖြတ်ချက်လိုအပ်တာတော့ အမှန်ပါပဲ။ တစ်ထိုင်တည်းမှာပဲ လက်ချောင်းတစ်ပြင်လုံး တက်တူးအပြည့်ရေးထိုးစရာ မလိုပါဘူး။

အရင်ဦးဆုံး တက်တူးသေးသေးလေးများကို ထိုးထားပါ။ ထို့နောက် ကျွမ်းကျင်တက်တူးပညာရှင်ရဲ့ အကူအညီရယူကာ တက်တူးများကို တစ်ခုနဲ့တစ်ခု ချိတ်ဆက်သွားအောင် ဖန်တီးနိုင်ပါတယ်။

လက်ဖျံအတွင်းပိုင်းရှိတက်တူး

kwee tattoos

လက်ဖျံအတွင်းပိုင်းတက်တူးများသည်လည်း သင့်ရဲ့တက်တူးအနုပညာတစ်ရပ်ကို ပွဲထုတ်နိုင်တဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ ဒီတက်တူးလေးမှာဆိုရင်တော့ တက်တူးဒီဇိုင်း (၄) မျိုးကို တစ်စုတစ်စည်းတည်းပေါင်းစည်းထားတာတွေ့မြင်ရပါလိမ့်မယ်။

သံလိုက်အိမ်မြှောင်ပုံတက်တူး

kwee tattoos

ခရီးသွားခြင်းကို နှစ်သက်သူတစ်ယောက်ရဲ့ တက်တူးလို့လည်း ဆိုနိုင်သလို မှန်ကန်ရာလမ်းကြောင်းတစ်ခုကို ညွှန်ပြပေးမယ့် တက်တူးဒီဇိုင်းတစ်ခုလို့လည်း အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။

တက်တူးအသေးစား

kwee tattoos

ကွီးတို့အနေနဲ့ အခုမှ တက်တူးအစမ်းထိုးချင်တာဆိုရင်တော့ အခုလိုတက်တူးအသေးစားလေးကို ရွေးချယ်ကာ ရေးထိုးနိုင်ပါတယ်။

နောက်ထပ်ဒီဇိုင်းတစ်မျိုး

kwee tattoos

မော်ဒန်ဆန်တဲ့ တက်တူးဒီဇိုင်းတစ်ခုဆိုလည်း မမှားပါဘူး။

သိမ်းငှက်တက်တူး

kwee tattoos

အရိုးခေါင်းကို ချီကာ ပျံသန်းနေတဲ့ သိမ်းငှက်ပုံတက်တူးကတော့ ခပ်မိုက်မိုက်တက်တူးမျိုး ရေးထိုးချင်တဲ့ ကွီးတို့အတွက် ကွက်တိပါပဲ။

လက်ဖျံရှိ တက်တူး

ကွီး ထူးခြား တက်တူး

သိမ်းငှက်ပုံကို လက်မောင်းမှာ ဖွက်ထားရတာ နှမြောတယ်ဆိုရင်တော့ ဒီလိုမျိုးလေး လက်ဖျံမှာ ရေးထိုးနိုင်ပါတယ်။

မြွေပုံတက်တူး

ကွီး ထူးခြား တက်တူး

မြွေကို အချို့ကလည်း နတ်ဆိုးအဖြစ် မကောင်းတဲ့အဓိပ္ပာယ်နှင့် အဓိပ္ပာယ်ဖွင့်ဆိုတတ်ကြပြီး အချို့ကလည်း အမျှော်အမြင်ကြီးမားခြင်းလို့ အဓိပ္ပာယ်ဖွင့်ကြပါတယ်။ မြွေပုံတက်တူးကို ပန်းပွင့်ပုံတက်တူး၊ ဓားပုံတက်တူးတို့နဲ့ ပေါင်းစပ်ရေးထိုးခြင်းသည် ကွီး တို့အတွက် တမူ ထူးခြား ကာ လှပတဲ့ တက်တူး ဒီဇိုင်းတစ်ခု ထွက်လာအောင် ကူညီပေးပါလိမ့်မယ်။

ဝံပုလွေပုံတက်တူး

ကွီး ထူးခြား တက်တူး

ဝံပုလွေများကတော့ ရဲစွမ်းသတ္တိရှိခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။

ရိုးရာတက်တူး

ကွီး ထူးခြား တက်တူး

ဒီလိုတက်တူးဒီဇိုင်းတွေသည်လည်း ယခုနောက်ပိုင်းမှာ ခေတ်စားနေတဲ့ တက်တူးဒီဇိုင်းတစ်ခုပဲ ဖြစ်ပါတယ်။

လက်ဝါးကပ်တိုင်နှင့် နှင်းဆီပန်းပွင့်ပုံတက်တူး

ကွီး ထူးခြား တက်တူး

ခရစ်ယာန်ဘာသာဝင်တွေအတွက် လက်ဝါးကပ်တိုင်သည် ကြီးမြတ်သောအရာတစ်ခုဖြစ်ပါတယ်။ ဒီလိုတက်တူးမျိုးဆိုရင်တော့ ဖက်ရှင်တစ်ခုထက် ပိုပါတယ်။

ကွီးတို့ဆိုရင်ရော ဘယ်လိုတက်တူးမျိုးထိုးရတာ နှစ်သက်ပါသလဲ။ အခုဖော်ပြသွားတဲ့တက်တူးတွေထဲက တစ်ခုကို ရွေးချယ်ရမယ်ဆိုရင် ဘယ်တက်တူးဒီဇိုင်းကို ရွေးချယ်ဖြစ်မလဲ။

Source: Wedlockindia

Featured Image Source: Fashionbeans