သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းများနဲ့ ပါတီပွဲများ၊ မွေးနေ့ပွဲများ ကျင်းပတဲ့အခါ ဝီစကီ၊ ကော့တေး စတဲ့ ဖျော်ရည်မျိုးစုံသည် မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုပါပဲ။ ကွီး တို့အနေနဲ့ ဒီလို ပါတီပွဲ များ ကျင်းပတဲ့အခါ ဖျော်ရည် တစ်စုံတစ်ရာမပါဘဲ ကျင်းပတဲ့အခါ ထိုပါတီပွဲက အဓိပ္ပာယ်ပြီးပြည့်စုံနိုင်မှာမဟုတ်ပါဘူး။

ဒါ့ကြောင့် ကွီး တို့အတွက် ပါတီပွဲ များနဲ့ လိုက်ဖက်အောင် ဘယ်လို ဖျော်ရည် တွေကို ဖျော်စပ်ထားသင့်သလဲဆိုတာကို ဝေမျှပေးသွားချင်ပါတယ်။

Party Mojito Pictcher

party drinks for kwee

ဒီ Mojito ပြုလုပ်နည်းကတော့ လွယ်ပါတယ်။ ရေ စားပွဲတင်ဇွန်း ၈ ဇွန်း၊ သကြား စားပွဲတင်ဇွန်း ၈ ဇွန်း၊ သံပုရာရည် စားပွဲတင်ဇွန်း ၁၆ ဇွန်းနှင့် အလှဆင်ရန် သံပုရာသီးစိပ်အနည်းငယ်၊ အလှဆင်ရန်အတွက် ပင်စိမ်းရွက်အနည်းငယ်၊ ရမ်အဖြူ ၂ ခွက် (စားပွဲတင်ဇွန်း ၃၂ ဇွန်းစာ)နှင့် ဆိုဒါရေ ၂ ခွက် (စားပွဲတင်ဇွန်း ၃၂ ဇွန်းစာ) တို့ လိုအပ်ပါလိမ့်မယ်။

အရင်ဦးဆုံး ဒယ်အိုးကို အပူပေးကာ သကြား၊ ရေနှင့် ပင်စိမ်းရွက်တို့ထည့်ကာ သကြားများ ပျော်ဝင်သွားသည်အထိ အဆက်မပြတ်မွေပေးလိုက်ပါ။ ပွက်ပွက်ဆူလာပြီး သကြားလည်း ပျော်သွားပြီဆိုရင်တော့ မီးပိတ်ကာ ၅ မိနစ်ခန့် အအေးခံထားပါ။ အေးသွားပြီဆိုရင်တော့ ကရားအိုးထဲသို့ ပြောင်းထည့်လိုက်ပါ။

ထိုကရားအိုးထဲသို့ သံပုရာရည်နှင့် ရမ်တို့ထည့်ပါ။ အလှဆင်ဖို့ရန်အတွက် သံပုရာသီးစိပ်နှင့် ပင်စိမ်းရွက်တို့ထည့်ပါ။ ရေခဲတုံးအနည်းငယ်ထည့်ပါ။ ဆိုဒါရေထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

ဒါဆိုရင်တော့ စူးရှယစ်မူးသွားစေမယ့် Mojito ဖျော်ရည်တစ်ခွက်ရရှိသွားပါပြီ။

Margarita Picther


Margarita ဖျော်ရည် ကြိုက်နှစ်သက်သူတွေကတော့ ဒီဖျော်စပ်နည်းကို အသုံးပြုနိုင်ပါတယ်။ အရင်ဦးဆုံး သံပုယိုသီး ၂ လုံး (အရည်ညှစ်ထားပါ)၊ သံပုရာသီး ၄ လုံး (အရည်ညှစ်ထားပါ)၊ Cointreau စားပွဲတင်ဇွန်း ၁၆ ဇွန်းနှင့် တကီလာ စားပွဲတင်ဇွန်း ၂၄ ဇွန်း တို့လိုအပ်ပါလိမ့်မယ်။

သံပုရာရည်၊ သံပုယိုရည်နှင့် Cointreau တို့ကို သမအောင် မွှေလိုက်ပါ။ ထို့နောက် ရေခဲသေတ္တာထဲတွင် အအေးခံထားလိုက်ပါ။ သောက်ခါနီးကျမှ တကီလာနှင့် ရေခဲတုံးတို့ထည့်ကာ သမအောင် ရောမွှေပေးလိုက်ပါ။

party drinks for kwee

ဒါဆိုရင်တော့ ကွီး တို့အတွက် ပါတီပွဲ နဲ့ အလိုက်ဖက်ဆုံးဖြစ်တဲ့ ဖျော်ရည် နောက်ထပ်တစ်မျိုး ရရှိသွားပြီပဲဖြစ်ပါတယ်။

Easy Party Punch

party drinks for kwee

ဒီဖျော်ရည် ဖျော်စပ်ဖို့အတွက်ဆိုရင် ခရိန်းဘယ်ရီဖျော်ရည် (သို့) သလည်းသီးဖျော်ရည် ၆၄ အောင်စခန့် (ဖန်ခွက် ၈ ခွက်စာ)၊ နာနတ်သီးဖျော်ရည် ဖန်ခွက် ၄ ခွက်စာ၊ ဂျင်းအရသာ ပါဝင်တဲ့ ဆိုဒါဖျော်ရည် ဖန်ခွက် ၈ ခွက်စာ၊ ရမ် အနည်းငယ် (မထည့်လည်းရ) နှင့် အလှဆင်ရန်အတွက် လိမ္မော်သီးစိပ်၊ သံပုယိုသီးစိပ်၊ သံပုရာသီးစိပ်နှင့် ပင်စိမ်းရွက်အနည်းငယ်တို့ လိုအပ်ပါလိမ့်မယ်။

အရင်ဦးဆုံး ခရိန်းဘယ်ရီသီးဖျော်ရည် (သို့) သလည်းသီးဖျော်ရည်၊ နာနတ်သီးဖျော်ရည်၊ ဂျင်းဆိုဒါရည်တို့ကို သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် ရမ်အနည်းငယ်ထည့်ပါ။ လိမ္မော်သီးစိပ်၊ သံပုယိုသီးစိပ်၊ သံပုရာသီးစိပ်နှင့် ပင်စိမ်းရွက်တို့ထည့်ကာ အလှဆင်လိုက်ပါ။

ကွီး ပါတီပွဲ ဖျော်ရည်

ဒါဆိုရင် ကွီး တို့အားလုံး အကြိုက်တွေ့သွားမယ့် ပါတီပွဲ ဖျော်ရည် တစ်မျိုးရရှိသွားပြီပဲဖြစ်ပါတယ်။

Classic Moscow Mule

ကွီး ပါတီပွဲ ဖျော်ရည်

ဒီဖျော်ရည် သောက်သုံးဖို့အတွက်ဆိုရင်တော့ ကြေးနီခွက်လေးတွေ လိုအပ်ပါလိမ့်မယ်။ ဘာ့ကြောင့်လဲဆိုတော့ ကြေးနီခွက်သည် ဖျော်ရည်ရဲ့ အေးစက်မှုကို အချိန်ကြာကြာထိန်းပေးထားနိုင်လို့ပါပဲ။

လိုအပ်မယ့်ပစ္စည်းများကတော့ Vodka စားပွဲတင်ဇွန်း ၄ ဇွန်း၊ သံပုရာရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ဂျင်းဘီယာ စားပွဲတင်ဇွန်း ၈ ဇွန်းနှင့် အလှဆင်ရန် သံပုရာသီးစိပ်နှင့် ပင်စိမ်းရွက်အနည်းငယ်တို့ပဲဖြစ်ပါတယ်။

ကွီး ပါတီပွဲ ဖျော်ရည်

ကြေးနီခွက်ထဲတွင် Vodka ၊ သံပုရာရည်နှင့် ဂျင်းဘီယာတို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။ ထို့နောက် ရေခဲတုံးထည့်ပါ။ သံပုရာသီးစိပ်၊ ပင်စိမ်းရွက်တို့ဖြင့် အလှဆင်လိုက်ပါ။ ဒါဆိုရင်တော့ ကွီး တို့အတွက် စွဲမက်ဖွယ်ကောင်းတဲ့ ပါတီပွဲ ဖျော်ရည် တစ်ခွက်ရရှိသွားပါပြီ။

Source: Acouplecooks.com

Featured Image: Centrefoldstrippers