ကိုယ့်ရဲ့ Private Area တစ်ဝိုက်က အနံ့အသက်မကောင်းလို့ စိတ်ညစ်နေပါသလား။ ကွီး တို့ရဲ့ ငယ်ပေါင်းကြီးဖော် ဖွားဖက်တော် ကို အနံ့အသက်ကောင်း အောင် ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားမရဘဲ အကြံအိုက်နေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက ကွီးတို့ ကြုံတွေ့နေရတဲ့ ပြဿနာကို ကူညီဖြေရှင်းပေးပါလိမ့်မယ်။
အရင်ဦးဆုံး အနံ့အသက်ဆိုးစေတဲ့ တရားခံတွေကို လေ့လာကြည့်လိုက်ရအောင်

အဓိက တရားခံတွေကတော့ ဖွားဖက်တော်နေရာ တစ်ဝိုက်တွင် ဆဲလ်သေများ စုပုံခြင်း၊ မိမိဖွားဖက်တော်ကို ပုံမှန်သန့်စင်ပေးအောင် မပြုလုပ်ခြင်း တစ်နည်းအားဖြင့် တစ်ကိုယ်ရည် ကျန်းမာရေး အားနည်းခြင်း၊ လိင်မှတဆင့် ကူးစက်တဲ့ ရောဂါများ ခံစားနေရခြင်း၊ မှိုစွဲခြင်း၊ သက် သောင့်သက်သာမရှိဘဲ ကြပ်ထုပ်လွန်းသော အဝတ်အစားများ အဝတ်များခြင်းတို့ပဲ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ Private Area သည် သာမန်ထက်ပိုပြီး အနံ့အသက်ပြင်းနေမယ်ဆိုရင်တော့ ကျွမ်းကျင်ဆရာဝန်များထံ ပြသကာ ကုသမှုခံယူရမှာဖြစ်ပါတယ်။ တစ်ဖက်ကလည်း အခုဖော်ပြပေးမယ့် တစ်ကိုယ်ရည်သန့်ရှင်းရေး နည်းလမ်းများကို လိုက်နာပေးဖို့လိုအပ်ပါတယ်။ ဒါမှသာ ကွီး တို့ရဲ့ ဖွားဖက်တော် နေရာတဝိုက်သည် အနံ့အသက်ကောင်း နေမှာဖြစ်ပါတယ်။
အမွှေးအမျှင်များ ညှပ်ပေးပါ

အမွှေးအမျှင်များ လုံးဝ ပြောင်ရှင်းနေအောင် ရိတ်ပစ်ခြင်းထက်စာရင် အနည်းငယ်ခန့် ညှပ်ပေးခြင်းဖြင့် အနံ့အသက်ဆိုးများ ထွက်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ အမွှေးအမျှင်များ ထူထဲနေခြင်းသည် တချိန်လုံး စိုစွတ်မှုကို ဖြစ်ပေါ်စေပြီး အနံ့အသက်ဆိုးများ ကိန်းအောင်းနေတတ်ပါတယ်။ ဒါ့ကြောင့် အမွှေးအမျှင်များကို ပုံမှန်ညှပ်ပေးဖို့လိုအပ်တာ ဖြစ်ပါတယ်။
သေသေချာချာ ဂရုတစိုက်ဆေးကြောပါ
Photo: Medicalnewstoday
ကွီး တို့ရဲ့ ဖွားဖက်တော် နေရာတစ်ဝိုက်ကို အနံ့အသက်ကောင်း ချင်တယ်ဆိုရင် တစ်ရက်ကို အနည်းဆုံးတစ်ကြိမ်ခန့် ဆေးကြောပေးဖို့လိုအပ်ပါတယ်။ ဆေးကြောတဲ့အခါမှာလည်း ကြက်သီးနွေး ရေနွေးလေးနှင့် ဆပ်ပြာအပျော့စား အသုံးပြုကာ ဆေးကြောပေးရမှာဖြစ်ပါတယ်။ ဒီလိုမျိုး အနည်းဆုံးတစ်ကြိမ်ခန့် ဆေးကြောပေးခြင်းအားဖြင့် မှိုရောဂါ စွဲကပ်ခြင်းမှ ကာကွယ်ပေးပြီး အနံ့အသက်ဆိုးများ ထွက်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။
ဒါ့အပြင် လိင်ဆက်ဆံမှု ပြီးဆုံးတဲ့အခါမှာလည်း ထိုနည်းအတိုင်း သေချာဆေးကြောပေးဖို့လိုအပ်ပါတယ်။ တစ်ခုသတိထားရမှာကတော့ ဘောင်းဘီပြန်မဝတ်ခင်မှာ ထိုနေရာကို သေချာခြောက်အောင် ထားပြီးမှသာ အဝတ်အစားပြန်ဝတ်ရမှာဖြစ်ပါတယ်။
ရေချိုးပြီးတဲ့အခါမှာ သေချာသုတ်ပါ

ရေစိုနေတဲ့ သဘက်တွေနဲ့ ကွီးတို့ရဲ့ ဖွားဖက်တော်ကို သုတ်ပစ်နေပါသလား။ စိုထိုင်းနေတဲ့ သဘက်များတွင် ဘက်တီးရီးယားများ ကပ်ငြိနေတဲ့အတွက်ကြောင့် ကွီးတို့ရဲ့ ဖွားဖက်တော်ကို ဘက်တီးရီးယားများ ပိုမိုခိုအောင်းသွားအောင် အားပေးနေပြီး အနံ့အသက်ပိုဆိုးစေမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ရေချိုးပြီးပြီဆိုတာနဲ့ ခြောက်သွေ့သန့်စင်တဲ့ ချည်သားနဲ့ ဖွားဖက်တော်ကို ရေ သေချာသုတ်ပေးဖို့ လိုအပ်ပါတယ်။
လေဝင်လေထွက်ကောင်းတဲ့ ချည်သားဘောင်းဘီများ ဝတ်ဆင်ပါ

Photo: Cottonon
ကြပ်ထုတ်နေတဲ့ ဘောင်းဘီအဝတ်အစားတွေ ဝတ်ခြင်းမှ ရှောင်ကြဉ်ပါ။ လေဝင်လေထွက်ကောင်းတဲ့ ချည်သားဘောင်းဘီများသည် အနံ့အသက်ဆိုးရွားခြင်းမှ ကာကွယ်ပေးပါတယ်။ ဒါ့ကြောင့် ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ ဖွားဖက်တော်ကို အနံ့အသက်ကောင်းချင်တယ်ဆိုရင် ကိုယ့်ရဲ့အတွင်းခံ ရွေးချယ်မှုကအစ အသေးစိတ်ဂရုစိုက်ရမှာဖြစ်ပါတယ်။
Source: Menshealth.com
Featured Image: Menshealth.com

