ကွီးတို့ရဲ့ ခန္ဓာကိုယ်သည် ကျန်းမာနေစေဖို့ရန်အတွက် အာဟာရနှင့် ဗီတာမင်ဓာတ်များစွာ လိုအပ်ပါတယ်။ ဗီတာမင်ဓာတ်များ အများအပြားရှိတဲ့အနက် ကွီး တို့ရဲ့ အရိုးများ ကျန်းမာကြံ့ခိုင်နေဖို့ရန်အတွက် ဗီတာမင်ဒီ သည် လုံလောက်စွာ ရရှိဖို့လိုအပ်ပါတယ်။

တကယ်လို့ ကွီး တို့ရဲ့ ခန္ဓာကိုယ်မှာ ဗီတာမင်ဒီ ချို့တဲ့လာတဲ့အခါ ဗီတာမင်ဒီဓာတ် ချို့တဲ့နေကြောင်း ဖော်ပြတဲ့ လက္ခဏာများ ရှိပါတယ်။ ထိုလက္ခဏာများ ပေါ်ပေါက်လာတဲ့အခါ ဗီတာမင်ဒီဓာတ်များ ပြန်လည်မှီဝဲပေးဖို့လိုအပ်ပါတယ်။

ဘယ်လိုလက္ခဏာတွေလဲဆိုတော့…

ဆံပင်များ အလွန်အမင်းကျွတ်ခြင်း

ကွီး ဗီတာမင်ဒီ

ဗီတာမင်ဒီဓာတ်သည် အရေပြားဆဲလ်များအတွက်သာ လိုအပ်သည်သာမကပဲ ဦးရေပြားနှင့် ဆံကေသာ ကျန်းမာရေးအတွက်လည်း များစွာ အရေးကြီးပါတယ်။ ဆံပင်သည် ယခင်ကထက်စာရင် အလွန်အမင်း ကျွတ်ခြင်း၊ ဆံပင်အရှည်နှေးခြင်း အစရှိတဲ့ လက္ခဏာများကို ကြုံတွေ့ရပါက ဗီတာမင်ဒီဓာတ် ချို့တဲ့ကြောင်း ဖော်ပြနေတာပဲ ဖြစ်ပါတယ်။

ညဘက်တွင် လွယ်လွယ်ကူကူ အိပ်စက်မရခြင်း

ကွီး ဗီတာမင်ဒီ

ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ဖြစ်နေပါသလား။ အိပ်ရာထဲမှာပဲ လူးလှိမ့်ရင်း အိပ်ပျော်သွားလိုက်၊ အိပ်ပျော်နေတုန်းမှာပဲ လန့်နိုးလိုက် ဖြစ်နေခြင်းသည်လည်း ဗီတာမင်ဒီဓာတ် ချို့တဲ့တဲ့ လက္ခဏာတစ်ရပ်ပဲ ဖြစ်ပါတယ်။

အရိုးအဆစ်များ နာကျင်ကိုက်ခဲခြင်း

ကွီး ဗီတာမင်ဒီ

Photo:

အရိုးအဆစ်များ ကျန်းမာကြံ့ခိုင်နေဖို့ရန်အတွက် ဗီတာမင်ဒီဓာတ်သည်လည်း မရှိမဖြစ်လိုအပ်ပါတယ်။ လူကြီးများအနေနဲ့ အသက်အရွယ်ကြီးရင့်လာတဲ့အခါ အရိုးပွရောဂါ ခံစားလာရခြင်းသည် လုံလောက်တဲ့ ဗီတာမင်ဒီဓာတ် မရရှိခြင်းကြောင့်ဖြစ်တယ်လို့ လေ့လာတွေ့ရှိချက်များအရ သိရှိရပါတယ်။ ဗီတာမင်ဒီဓာတ်သည် အရိုးများက ကယ်လ်စီယမ်ဓာတ်ကို စုပ်ယူနိုင်အောင် ကူညီပေးတာ ဖြစ်ပါတယ်။ လုံလောက်တဲ့ ဗီတာမင်ဒီဓာတ် မရရှိခြင်းသည်လည်း ကယ်လ်စီယမ်ဓာတ်များကို ဆုံးရှုံးသွားစေနိုင်ပါတယ်။

၂၄ နာရီလုံး ပင်ပန်းနွမ်းနယ်နေခြင်း

vitamin D

နောက်ထပ် သိသာထင်ရှားတဲ့ အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။ တနေကုန်လုံး ပင်ပန်းနွမ်းနယ်နေသလို ခံစားနေရမယ်၊ စိတ်ဖိစီးမှုများ ခံစားနေရမယ်။ ခန္ဓာကိုယ်တစ်ခုလုံးက လေးလံထိုင်းမှိုင်းနေမယ်။ ဒါဆိုရင်တော့ သေချာပါတယ်။ ဗီတာမင်ဒီဓာတ်များ ပြန်လည်ဖြည့်တင်းပေးဖို့လိုအပ်နေပြီပဲ ဖြစ်ပါတယ်။

ဒါဆိုရင် ကွီး တို့ရဲ့ ခန္ဓာကိုယ်က ဗီတာမင်ဒီ ဓာတ် ချို့တဲ့တဲ့အခါ ထိုဓာတ်ကို ဘယ်လိုနည်းလမ်းမျိုးနဲ့ ပြန်လည်ဖြည့်တင်းရမလဲ

vitamin D

အရင်ဦးဆုံး မိမိစားသုံးတဲ့ အစားအစာများကို ပြန်လည်ဆန်းစစ်ဖို့ လိုအပ်ပါတယ်။ ဗီတာမင်ဒီဓာတ်ကြွယ်ဝတဲ့ အစားအစာများ စားသုံးရဲ့လား။ ဗီတာမင်ဒီဓာတ် ကြွယ်ဝတဲ့အစားအစာတွေကတော့ ကြက်ဥအနှစ်၊ နွားနို့၊ ဒိန်ချဉ်အပြင် ဖက်တီအက်ဆစ်ဓာတ် ကြွယ်ဝစွာပါဝင်တဲ့ ငါးများပဲဖြစ်ပါတယ်။

နောက်ထပ်တစ်နည်းကတော့ ဗီတာမင်ဒီဓာတ် ကြွယ်ဝတဲ့ ဖြည့်စွက်စာများ၊ အားဆေးများ သောက်သုံးရမှာပဲ ဖြစ်ပါတယ်။ သို့သော် ဒီနည်းလမ်းကတော့ ဆရာဝန်ရဲ့ ခွင့်ပြုချက် ရရှိမှ သောက်သုံးတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

နောက်ဆုံးတစ်နည်းကတော့ သဘာဝနေ့အလင်းရောင်ရဲ့ နေရောင်ခြည်ဓာတ်ကို ခံယူခြင်းပဲဖြစ်ပါတယ်။ နေ့အလင်းရောင်ဓာတ် ခံလို့အကောင်းဆုံးအချိန်ကတော့ မနက်ခင်း ၁၀ နာရီမတိုင်ခင် အချိန်ပဲဖြစ်ပါတယ်။ နံနက် ၁၀ နာရီနှင့် ညနေ ၄ နာရီအတွင်းမှာ အပြင်ထွက်မယ်ဆိုရင် နေလောင်ကာခရင်မ် မဖြစ်မနေ လိမ်းကျံသွားဖို့လည်း လိုအပ်ပါတယ်။

Source: Brightside

Featured Image: Express