ဗောက်ထတယ်ဆိုတာကတော့ ဦးရေပြားပေါ်မှာ အဖြူရောင် အဖက်အဖက်များ ထနေခြင်းဖြစ်ပြီး ဦးရေပြားယားယံခြောက်သွေ့ခြင်းကို ခံစားရလေ့ရှိပါတယ်။ တစ်ခါတရံမှာ စိတ်မသက်မသာဖြစ်ရပြီး ဗောက်ကြောင့် စိတ်ညစ်နေရတဲ့ ကွီး တို့အတွက် ဗောက်ပျောက် စေမယ့် သဘာဝနည်းလမ်းကောင်း များရှိပါတယ်။

အုန်းဆီ အသုံးပြုပါ

ကွီး ဗောက်ပျောက် သဘာဝနည်းလမ်းကောင်း

ဦးရေပြားနှင့် ဆံကေသာကျန်းမာရေးနဲ့ ပတ်သက်လာလျှင် အုန်းဆီသည် သဘာဝဆေးစွမ်းကောင်းတစ်လက်ပဲ ဖြစ်ပါတယ်။ သုတေသနလေ့လာချက်များအရ အုန်းဆီသည် ဦးရေပြားကို အစိုဓာတ်ဖြည့်တင်းပေးပြီး ဗောက်ထခြင်းကို သက်သာစေတယ်လို့ သိရှိရပါတယ်။ ဒါတင်မကသေးပါဘူး။ အုန်းဆီသည် အရေပြားယားနာပြဿနာများအတွက်ပင် ထိရောက်စွာကုသပေးနိုင်တယ်လို့ သိရှိရပါသေးတယ်။

ဗောက်ကြောင့် စိတ်ညစ်နေရတဲ့ ကွီး တို့အနေနဲ့ ဗောက်ပျောက် ဖို့ရန်အတွက် အုန်းဆီကို ပုံမှန်လိမ်းကျံပေးကာ အထိရောက်ဆုံး သဘာဝနည်းလမ်းကောင်း ကို အသုံးချသင့်ပါတယ်။ တကယ်လို့ အုန်းဆီကို ပုံမှန်မလိမ်းကျံချင်ဘူးဆိုရင်တော့ ခေါင်းလျှော်ခါနီး မိနစ် ၃၀ အလိုမှ လိမ်းကျံပေးကာ ခေါင်းလျှော်ချလိုက်ပါ။ ဒီနည်းလမ်းသည်လည်း အသုံးတည့်တဲ့ နည်းလမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။

ရှားစောင်းလက်ပတ် အသုံးပြုပါ

ကွီး ဗောက်ပျောက် သဘာဝနည်းလမ်းကောင်း

ရှားစောင်းလက်ပတ်သည် နေလောင်ဒဏ်ကြောင့် ပျက်စီးနေသော အသားအရေအတွက်သာမက ဆံကေသာကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူးများစွာပေးစွမ်းပါတယ်။ ဗောက်ထခြင်းသည်လည်း မှိုရောဂါတစ်မျိုးဖြစ်ပြီး ထိုမှိုရောဂါဖြစ်ပေါ်စေတဲ့ ဘက်တီးရီးယားများကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

ပြုလုပ်နည်းကလည်း လွယ်ကူရိုးရှင်းပါတယ်။

ရှားစောင်းလက်ပတ်ဂျယ်လ်ကို ဦးရေပြားပေါ်မှာ ညင်သာစွာသုတ်လိမ်းပေးလိုက်ပါ။ မိနစ် ၃၀ မှ တစ်နာရီကြာသည်အထိ ထားထားလိုက်ပါ။ သတ်မှတ်ချိန်ပြည့်တဲ့နောက်မှာတော့ ခေါင်းလျှော်ရည်လေးအသုံးပြုကာ ခေါင်းလျှော်ချလိုက်ပါ။ တစ်ပတ်လျှင် ၂ ကြိမ်မှ ၃ ကြိမ် အသုံးပြုပေးရုံဖြင့် ဗောက်ထခြင်းသည် သိသိသာသာ လျော့ကျသွားမှာပဲဖြစ်ပါတယ်။

ပန်းသီးရှာလကာရည် အသုံးပြုပါ

man washing hair

ပန်းသီးရှာလကာရည်မှာ ပါဝင်တဲ့ အက်ဆစ်ဓာတ်သည် ဦးရေပြားပေါ်ရှိ ဆဲလ်သေများကို ဖယ်ရှားပေးပြီး ဦးရေပြားရဲ့ pH ပမာဏကို ထိန်းညှိပေးပါတယ်။ ဒါ့အပြင် မှိုများ ကပ်စွဲခြင်းကို ဖယ်ရှားပေးပြီး ဦးရေပြားကို အစိုဓာတ် ထိန်းညှိပေးကာ ဗောက်ပျောက်အောင် ကူညီပေးပါတယ်။

သူ့ရဲ့ပြုလုပ်နည်းကလည်း လွယ်ကူရိုးရှင်းပါတယ်။

ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၈ ဇွန်းကို ရေအေး ဖန်ခွက် ၁ ခွက်ခွဲစာ (စားပွဲတင်ဇွန်း ၂၄ ဇွန်းစာ)ဖြင့် သမအောင် ရောမွှေပေးလိုက်ပါ။ ပြီးရင် ဆံပင်ကို လျှော်နေကျခေါင်းလျှော်ရည်ဖြင့် အရင်လျှော်ထားလိုက်ပါ။ ခေါင်းလျှော်ပြီးပြီဆိုမှ ပန်းသီးရှာလကာရည်ကို ခေါင်းအနှံ့ လောင်းချလိုက်ပါ။ ရေပြန်ဆေးချစရာမလိုအပ်ပါဘူး။ Conditioner အသုံးပြုချင်တယ်ဆိုရင်တော့ အသုံးပြုနိုင်ပါတယ်။

ဒီနည်းလမ်းကိုတော့ တစ်ပတ်လျှင် တစ်ကြိမ်ခန့် ပုံမှန်အသုံးပြုပေးရုံမျှဖြင့် ကျန်းမာလှပပြီး ဗောက်ကင်းတဲ့ ဆံကေသာလေး ပိုင်ဆိုင်သွားပါလိမ့်မယ်။

Source: Healthline

Featured Image: Stryx