ကွီး တို့ရဲ့ ချစ်သူကောင်မလေးနဲ့ နှစ်ယောက် တစ်ဘဝ ထူထောင်ပြီး လက်ထပ် ပြီးတဲ့နောက်မှာ ဘယ်အမူအကျင့်တွေက ပြောင်းလဲသွားသလဲဆိုတာကို သိကြပါသလား။ အခုဖော်ပြသွားမယ့် အချက်လေးတွေကတော့ ကွီး တို့ရဲ့ ဘဝမှာ လက်ထပ် ပြီးပြီးချင်း ပြောင်းလဲသွားတဲ့အရာတွေဖြစ်ပါတယ်။

လက်ထပ်ပြီးတဲ့ အမျိုးသားတိုင်းကလည်း ပြောင်းလဲသွားတဲ့အရာတွေကို လူသိရှင်ကြား ကြေညာကြတာမဟုတ်တော့ ကွီးတို့အနေနဲ့ လက်မထပ်ခင်မှာ သိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဆက်ဖတ်နိုင်ပါတယ်။

အလုပ် ပိုကြိုးစားလာတယ်

ကွီး လက်ထပ်

နှစ်ယောက်တစ်ဘဝ ဖြစ်သွားတဲ့အတွက်ကြောင့် ကိုယ့်ရဲ့လက်တွဲဖော်ကို သက်သောင့်သက်သာ ထားချင်ကြတဲ့စိတ် အမျိုးသားတိုင်းမှာရှိကြပါတယ်။ ကိုယ့်ရဲ့ ဇနီးသည်က အပြင်မှာ အလုပ်ထွက်လုပ်သည်ဖြစ်စေ၊ အိမ်အလုပ်တွေပဲ လုပ်သည်ဖြစ်စေ ကိုယ့်အနေနဲ့ ရုံးအလုပ်တွေကို အရင်ကထက် ပိုကြိုးစားလာကြတာကတော့ အဓိကပြောင်းလဲသွားတဲ့အချက်ပါပဲ။

အချိန်ကုန်မြန်လာတယ်

ကွီး လက်ထပ်

ကိုယ် ချစ်ရတဲ့သူနဲ့ အတူတူရှိနေရတာဆိုတော့ အချိန်ကုန်မှန်းမသိ အကုန်မြန်လာတာကို ခံစားရမှာပါ။ အရင်ကဆို ကိုယ့်ချစ်သူလေးနဲ့ တွေ့ဖို့ တစ်ရက် တစ်ရက် စောင့်ဆိုင်းရတာက တစ်နှစ်လောက်ကြာသလို ခံစားနေရမှာပါ။ အိမ်မနီးတဲ့သူတွေ၊ LDRS သမားတွေဆို ပိုဆိုးပါတယ်။ တစ်ခါတစ်ခါ တွေ့ဖို့အရေး အချိန်အကြာကြီး စောင့်ရပါတယ်။ ဒါပေမဲ့ ကွီး တို့ လက်ထပ် ပြီးတဲ့အခါမှာတော့ အရာရာက ရုတ်ချည်းပြောင်းလဲသွားပြီး ပျော်စရာကောင်းသွားပါလိမ့်မယ်။

သင်သည် ပိုပြီး Introvert ဖြစ်လာတယ်

ကွီး လက်ထပ်

ရုံးဆင်းပြီဆိုတာနဲ့ ကိုယ့်ချစ်ရတဲ့သူက ကိုယ့်ကို အိမ်မှာ စောင့်နေတယ်ဆိုတဲ့ စိတ်က အိမ်အမြန်ပြန်ချင်အောင် တွန်းပို့နေမှာဖြစ်ပါတယ်။ အရင်ကဆို ရုံးဆင်းရင် ဘော်ဒါတွေနဲ့အတူတူ ဘီယာဆိုင်လေး သွားထိုင်လိုက် ဟိုနားသွား ဒီနားသွားဖြင့် သွားကြတဲ့သူတွေသည် လက်ထပ်ပြီးနောက်မှာ ကိုယ့်ရဲ့အမျိုးသမီးကိုပဲ အချိန်ပေးတဲ့အတွက်ကြောင့် ပိုပြီး Introvert ဆန်လာတာကို တွေ့ရမှာပါ။

ဘဝအသစ်တစ်ခုလိုဖြစ်သွားပြီး ကိုယ့်ရဲ့ဖြစ်တည်မှုကို မေးခွန်းထုတ်တတ်လာတယ်

ကွီး လက်ထပ်

စောစောကလိုမျိုး ဘော်ဒါတွေနဲ့ အချိန်ကုန်ဆုံးရာကနေ ရုတ်တရက် Introvert ဆန်သွားတဲ့အခြေအနေမျိုးလည်းရှိနိုင်သလို တခါတလေမှာလည်း ကိုယ့်ရဲ့အပြုအမူသည် ကိုယ်ကိုယ်တိုင်အောင် မသိလိုက်တဲ့အခြေအနေမျိုးဖြစ်သွားတတ်ပါတယ်။ ဒါ့ကြောင့် တစ်ခါတစ်လေမှာ “ငါဟာ ဘယ်သူလဲ” ဆိုတဲ့ မေးခွန်းမျိုးနဲ့ ကိုယ့်ကိုယ်ကိုယ် မေးခွန်းပြန်ထုတ်နိုင်တဲ့ အခြေအနေမျိုးကိုလည်း ကြိုတွက်ထားဖို့လိုပါလိမ့်မယ်။

ပိုက်ဆံအသုံးပြုတဲ့ပုံစံ ကွာခြားသွားတယ်

couple money

အရင်ကဆို ကိုယ့်ပိုက်ဆံကို ကိုယ့်စိတ်ကြိုက် သုံးဖြုန်းမယ်ဆိုတဲ့ အနေအထားကနေ နှစ်ယောက်အတူတူဖြစ်လာတော့ အနာဂတ်အတွက် ပိုက်ဆံတွေလည်း ပိုစုချင်လာပါလိမ့်မယ်။ သားသမီးရတနာလေးတွေအတွက်လည်း ပိုက်ဆံပိုစုဖို့ အကြောင်းဖန်လာပါလိမ့်မယ်။

ဝိတ်တက်လာမယ်

couple eating

ကိုယ်ချစ်ရတဲ့သူနဲ့ အတူတူပျော်ပျော်ရွှင်ရွှင် နေထိုင်ရတဲ့အပြင် အစားကောင်း အသောက်ကောင်းတွေကို စိတ်ကြိုက်လုပ်စားကြတဲ့အတွက်ကြောင့် ဝိတ်တက်မှန်းမသိ တက်လာပါလိမ့်မယ်။ လက်ထပ်ပြီးတဲ့အချိန်မှာ ဝိတ်တက်လာတယ်ဆိုတာကတော့ ပျော်ရွှင်မှုရဲ့ သင်္ကေတတစ်ခုပါပဲ။

အိပ်စက်မှုစက်ဝန်း ပြောင်းလဲသွားမယ်

couple sleeping

Photo: AskMen

အရင်က မနက် နှစ်နာရီ၊ သုံးနာရီလောက်မှ အိပ်စက်အနားယူတတ်တဲ့သူတွေသည် အခုဆိုရင် ကိုယ့်ရဲ့အိမ်ထောင်ဖက်လေးနဲ့ အတူတူအိပ်ရာဝင်ကြတာဆိုတော့ ကွီးတို့ရဲ့ အိပ်စက်မှုစက်ဝန်းသည်လည်း ပြောင်းလဲသွားမှာပဲဖြစ်ပါတယ်။

ဒီအချက်လေးတွေသည် ကွီး တို့ရဲ့ဘဝမှာ လက်ထပ် ပြီးပြီဆိုတာနဲ့ ပြောင်းလဲသွားမယ့်အချက်တွေပဲဖြစ်ပါတယ်။

Source: Bestlifeonline

Featured Image: Sg.theasianparent