ကွီး တို့အတွက် ဝီစကီ Whiskey သည် ကျယ်ပြောလှပြီး ဝီစကီ Whiskey အသုံးပြုကာ ကော့တေး များဖော်စပ်ခြင်းသည်လည်း တဖြည်း ဖြည်း များပြားခေတ်စား လာပါတယ်။ ကွီး တို့အနေနဲ့ မိမိစိတ်ကြိုက် ဝီစကီ Whiskey အသုံးပြုကာ ကော့တေး များ ဖော်စပ်သောက်သုံးချင်ပေမယ့် ဘယ်လိုဖော်စပ်ရမလဲ မသိဘူးဆိုရင်တော့ ဒီဆောင်းပါးလေးက ကွီးတို့အတွက်ပါပဲ။

ဝယ်ရလွယ်ကူတဲ့ ပါဝင်ပစ္စည်းများနဲ့ အသုံးပြုထားတဲ့အပြင် ပြုလုပ်နည်းက လွယ်ကူရိုးရှင်းတဲ့အတွက်ကြောင့် ကွီး တို့အားလုံး လိုက်လုပ်နိုင်မယ့် ဝီစကီ Whiskey ကော့တေး များပဲဖြစ်ပါတယ်။

Whiskey Sour ပြုလုပ်နည်း

making cocktail from whiskey

ဒီ ဝီစကီ Whiskey ကော့တေးဖျော်စပ်ဖို့အတွက်ဆိုရင် ဝီစကီ Whiskey စားပွဲတင်ဇွန်း ၄ ဇွန်း၊ သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ၊ Syrup စားပွဲတင်ဇွန်း တစ်ဝက်မှ ၁ ဇွန်းခွဲအထိ၊ အလှဆင်ဖို့ရန်အတွက် ချယ်ရီသိး (သို့) သံပုယိုသီးအခွံတို့ လိုအပ်ပါလိမ့်မယ်။

making cocktail from whiskey

ကော့တေးဖျော်စပ်တဲ့ Shaker ထဲသို့ ရေခဲတုံး၊ ဝီစကီ Whiskey ၊ သံပုယိုရည်နှင့် Syrup တို့ထည့်ကာ သမအောင် လှုပ်ခါပေးလိုက်ပါ။

making cocktail from whiskey

ထို့နောက် ဝီစကီ Whiskey Shaker ထဲသို့ အဖတ်များမပါစေဘဲ စစ်ထည့်လိုက်ပါ။

ပြီးရင်တော့ ချယ်ရီသီးလေး ထည့်လိုက်ကာ အလှဆင်လိုက်ပါ။

ဒါဆိုရင်တော့ အရသာယစ်မူးသွားစေမယ့် Whiskey Sour တစ်ခွက် ရရှိသွားပြီပဲဖြစ်ပါတယ်။

John Collins ဝီစကီ ကော့တေး

making cocktail from whiskey

ဒီဖျော်ရည်ဖျော်စပ်ဖို့ရန်အတွက် Bourbon ဝီစကီ Whiskey စားပွဲတင်ဇွန်း ၃ ဇွန်း၊ သံပုယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်း၊ Syrup စားပွဲတင်ဇွန်း ၁ ဇွန်း၊ ဆိုဒါ စားပွဲတင်ဇါန်း ၄ ဇွန်း၊ အလှဆင်ဖို့ရန်အတွက် ချယ်ရီသီး (သို့) လိမ္မော်သီးစိပ် တို့ လိုအပ်ပါမယ်။

ဖန်ခွက်ရှည်ထဲသို့ ရေခဲတုံးအရင်ထည့်ပါ။ ထို့နောက် Borbon ၊ သံပုယိုရည်နှင့် Syrup တို့ထည့်ပါ။

ကွီး ဝီစကီ ကော့တေး

သမအောင် မွှေပေးလိုက်ပါ။ ထို့နောက် ဆိုဒါ လောင်းထည့်လိုက်ပါ။

ပြီးရင်တော့ အပေါ်ကနေ ချယ်ရီသီး၊ လိမ္မော်သီးစိပ်တို့ဖြင့် အလှဆင်ပေးလိုက်ပါ။

ကွီး ဝီစကီ ကော့တေး

ဒါဆိုရင်တော့ ကွီးတို့စိတ်ကြိုက် နတ်စည်းစိမ် ခံစားသွားရစေမယ့်  ဝီစကီ Whiskey ကော့တေး တစ်ခွက်ရရှိသွားပါပြီ။

ကွီးတို့အကြိုက် ပင်စိမ်းရွက် ဝီစကီ Whiskey ကော့တေး

ကွီး ဝီစကီ ကော့တေး

ဒီဖျော်ရည်အတွက်ဆိုရင်တော့ ပင်စိမ်းရွက် ၄ ရွက်၊ ၅ ရွက်ခန့်(အရွက်ချည်းသာ) သကြားခဲ ၂ ခဲ (သို့) Syrup စားပွဲတင်ဇွန်း ၁ ဇွန်း၊ ဝီစကီ Whiskey စားပွဲတင်ဇွန်း ၅ ဇွန်း၊ အလှဆင်ဖို့ရန်အတွက် ပင်စိမ်းခက်အနည်းငယ်တို့ လိုအပ်ပါလိမ့်မယ်။

ကွီး ဝီစကီ ကော့တေး

သကြားခဲနှင့် ပင်စိမ်းရွက် ၄ ရွက်၊ ၅ ရွက်ခန့်ကို ဖန်ခွက်ထဲထည့်လိုက်ပါ။

ကွီး ဝီစကီ ကော့တေး

ထို့နောက် သကြားခဲများ အမှုန့်ဖြစ်သွားဖို့ရန်အတွက် အခုလိုပဲ ကြိတ်ချေပေးလိုက်ပါ။

ကွီး ဝီစကီ ကော့တေး

ထို့နောက် ဝီစကီ Whiskey ထည့်ပါ။

ကွီး ဝီစကီ ကော့တေး

ပြီးရင်တော့ ရေခဲတုံးအကြေအမွများထည့်ကာ သမလာအောင် မွှေပေးလိုက်ပါ။

ကွီး ဝီစကီ ကော့တေး

နောက်ဆုံးမှာတော့ ပင်စိမ်းရွက်လေးကို အပေါ်ကထည့်ကာ အလှဆင်ပေးလိုက်ပါ။

ဒါဆိုရင်တော့ ကွီးတို့အတွက် အနံ့ရော အရသာပါ ပြီးပြည့်စုံတဲ့ အမိုက်စား ပင်စိမ်းရွက် ဝီစကီကော့တေးတစ်ခွက်ရရှိသွားပါပြီ။

အခုဖော်ပြသွားတဲ့ ဝီစကီ Whiskey ကော့တေးဖျော်စပ်နည်းကို ကွီးတို့အားလုံး အကြိုက်တွေ့ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Source: Thespruceeats

Featured Image: Whiskyadvocate