အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ဖက်ရှင်ချစ်သူ ကွီး တို့အတွက် ရုံးတက်ရုံးဆင်းတဲ့အခါ အဆင်ပြေဆုံးဖြစ်မယ့် အကောင်းစား ဘေးလွယ်အိတ် ဒီဇိုင်းအချို့နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ကိုယ့်အကြိုက်ပေါ် မူတည်ပြီး ရွေးချယ်နိုင်ဖို့ရန်အတွက် အခုပဲ လေ့လာကြည့်လိုက်ရအောင်။
Everyday Messenger Bag

မိုးဒဏ်၊ လေဒဏ်ခံ၊ အကြမ်းခံတဲ့ ဘေးလွယ်အိတ်မျိုး ရှာဖွေနေတယ်ဆိုရင်တော့ ဒီဘေးလွယ်အိတ်လေးက အသင့်တော်ဆုံးပါပဲ။ သူ့မှာ အနက်ရောင်နဲ့ မီးခိုးရောင် အရောင်နှစ်မျိုးနဲ့ လာပြီး ဈေးနှုန်းကတော့ ၂၁၉.၉၅ ဒေါ်လာ ကုန်ကျမှာဖြစ်ပါတယ်။
Berlin

ကွီး တို့အနေနဲ့ အကောင်းစား ဘေးလွယ်အိတ် မျိုးကိုမှ ဝယ်သုံးချင်တယ်ဆိုရင်တော့ Berlin ရဲ့ အနက်ရောင်အိတ်မျိုးကို ရွေးချယ်သင့်ပါတယ်။ သူကတော့ အနက်ရောင် တစ်ရောင်တည်းလာပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၂၅၀ ပေးဝယ်ရမှာဖြစ်ပါတယ်။
Bexar Goods Porter Satchel

ကွီး တို့အနေနဲ့ Classic ဆန်တဲ့ အကောင်းစား သားရေ ဘေးလွယ်အိတ်မျိုးကိုမှ ဝယ်ယူချင်တယ်ဆိုရင်တော့ ဒီအညိုရောင် သားရေအိတ်လေးကို ဝယ်ယူသင့်ပါတယ်။ အမေရိကန်မှာ အမာဆုံးနဲ့ အကြမ်းခံဆုံး သားရေဖြင့် ပြုလုပ်ထားတာဖြစ်ပါတယ်။
Shinola

အညိုပုတ်ရောင် သားရေဘေးလွယ်အိတ်လေးကို မှ ဝယ်ယူချင်တယ်ဆိုရင်တော့ ဒီအိတ်မျိုးကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ သူ့ကိုတော့ စင်ကာပူဒေါ်လာ ၁၀၁၇ ဒေါ်လာနဲ့ ဝယ်ယူနိုင်ပါတယ်။
Mystery Ranch

ဒီဘေးလွယ်အိတ်ကတော့ ပုံစံ (၃) မျိုးနဲ့ လွယ်နိုင်တဲ့ 3 In 1 ဘေးလွယ်အိတ်လေးပဲဖြစ်ပါတယ်။ သူ့ကို လက်ကနေပဲ ကိုင်ဆွဲမလား၊ ဘေးလွယ်အိတ်လိုမျိုးပဲ ဝယ်မလား (သို့) ကျောပိုးအိတ်ပုံစံမျိုး လွယ်မလားဆိုတာကတော့ ကွီးတို့အပေါ်မှာပဲမူတည်ပါတယ်။
J.Crew

ကွီး တို့အနေနဲ့ Luxury ဆန်ပြီး စတိုင်လ်ကျသော အရောင်ရှိတဲ့ အကောင်းစား ဘေးလွယ်အိတ် မျိုးကိုမှ ကိုင်ချင်တယ်ဆိုရင်တော့ ဟောဒီ အပြာရောင် J.Crew ဘေးလွယ်အိတ်ကို ဝယ်ယူသင့်ပါတယ်။ သားရေနှင့် ချည်သားတို့ကို ပေါင်းစပ်ကာ ထုတ်လု်ပထားတဲ့ လွယ်အိတ်တစ်လုံးပဲဖြစ်ပါတယ်။
Filson Dryden Briefcase

ဒီဘေးလွယ်အိတ်လေးရဲ့ ဒီဇိုင်းကတော့ လူငယ်ကြိုက် ဒီဇိုင်းလေးပဲဖြစ်ပါတယ်။ သူ့မှာ ဒီဇိုင်း (၄) မျိုး ရွေးချယ်စရာရှိပါတယ်။ ပြောက်ကျား ဒီဇိုင်း၊ အသားရောင်၊ အပြာပုတ်ရောင်နဲ့ အစိမ်းပုတ်ရောင်တို့ပဲဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၁၉၅ ဒေါ်လာ ပေးဝယ်ရမှာဖြစ်ပါတယ်။
Britannia Messenger

ကွီးတို့အတွက် အရည်အသွေးကောင်းတဲ့ နောက်ထပ် အကောင်းစား ဘေးလွယ်အိတ်တစ်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါသေးတယ်။
Britannia Messenger လေးကတော့ ဈေးသက်သာပြီး Limited Lifetime Warranty ပေးထားတဲ့ အိတ်လေးဖြစ်ပါတယ်။ ရက် ၃၀ အတွင်း အသစ်တစ်လုံးပြန်လဲပေးမှာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၂၀ ဝန်းကျင်လောက်သာ ကုန်ကျမှာဖြစ်ပါတယ်။
အခုဖော်ပြသွားတဲ့ ဘေးလွယ်အိတ်ဒီဇိုင်းတွေထဲက ဘယ်ဒီဇိုင်းကို ကွီးတို့ ဘဝင်အခိုက်ဆုံးဖြစ်မလဲ။
Source: Gearmoose
Featured Image Source: Faveable
 
											
				 
									 
	 
	 
	 
	 
	 
	