၂၀၁၂ ခုနှစ်က ပြုလုပ်ထားတဲ့ အွန်လိုင်းပေါ်က လေ့လာချက်အရ ရန်ဖြစ်တဲ့ စုံတွဲတွေသည် ရန်မဖြစ်တဲ့စုံတွဲတွေထက် ၁၀ ဆ ပိုမိုပျော်ရွှင်ရတယ်လို့ သိရှိရပါတယ်။ ဒါပေမဲ့ ရန်ဖြစ်တဲ့အခါမှာလည်း အထာကျကျ ရန်ဖြစ်တတ်ဖို့လိုအပ်ပါတယ်။ ဒါမှသာ ကွီးတို့ရဲ့အချစ်က ရေရှည်တည်တံ့မှာပါ။ ကွီး တို့လည်း ကိုယ့်ရဲ့ အချစ် ကို ရေရှည်တည်တံ့ချင်တယ်ဆိုရင် ရန်ဖြစ် တဲ့အခါ အခုဖော်ပြပေးမယ့်အချက်များကို လိုက်နာသင့်ပါတယ်။

လူရှေ့သူရှေ့မှာ ရန်ဖြစ်ခြင်းကို ရှောင်ကြဉ်ပါ

ကွီး အချစ် ရန်ဖြစ် 

အချို့စုံတွဲတွေရှိပါတယ်။ လူရှေ့သူရှေ့မှာ အော်ကြီးဟစ်ကျယ်ရန်ဖြစ်ပြီး ကိုယ်ထိလက်ရောက်ကျူးလွန်တတ်ကြပါတယ်။ ဒီလိုမျိုးဆိုရင် ကိုယ့်ကိုယ်ကိုယ် မလေးစားရာကျပါတယ်။ ကိုယ့်ရဲ့သိက္ခာကို ကိုယ်ကိုယ်တိုင်ချနင်းတာမျိုးမဖြစ်ချင်ဘူးဆိုရင်တော့ အရမ်းစိတ်တိုဒေါသထွက်နေရင်တောင်မှ လူကြားထဲမှာ ရန်မဖြစ်ဖို့ထိန်းထားသင့်ပါတယ်။

နှစ်ယောက်တည်း သီးသန့်ဖြစ်သွားပြီဆိုမှ Privacy ကျကျ ရန်ဖြစ်လို့ရပါပြီ။ အချိန်အတိုင်းအတာတစ်ခုကို စောင့်ရတာဖြစ်တဲ့အတွက်ကြောင့် ဒေါသထွက်တဲ့အရှိန်လည်း အနည်းငယ်လျော့ကျသွားမှာပဲဖြစ်ပါတယ်။

သူ့အခြေအနေ ကိုယ့်အခြေအနေကို အပြန်အလှန်အကဲခတ်ပါ

ကွီး အချစ် ရန်ဖြစ် 

ရန်ဖြစ်တော့ မစိုင်းပြင်းခင်မှာ ကိုယ့်ရဲ့လက်တွဲဖော်က နေကောင်း မကောင်းကိုလည်း အကဲခတ်ဖို့လိုအပ်ပါတယ်။ တစ်ဖက်လူရဲ့ အခြေအနေက ပင်ပန်းနွမ်းနယ်နေတဲ့ပုံပေါက်တဲ့အခါ အကြီးအကျယ် ရန်ဖြစ်ပေါက်ကွဲသွားတာပဲရှိပြီး အဖြေတစ်ခု ထုတ်နိုင်မှာမဟုတ်ပါဘူး။

ကွီး တို့အနေနဲ့ ကိုယ့်ရဲ့ အချစ် ကို အချိန်ကြာကြာတည်တံ့ချင်တယ်ဆိုရင် ရန်ဖြစ် တဲ့အခါ တစ်ဖက်လူက အိပ်ရေးဝရဲ့လား၊ ထမင်းရော စားပြီးရဲ့လား စတဲ့အသေးစိတ်အချက်တွေကအစ ဂရုစိုက်ပေးရမှာဖြစ်ပါတယ်။

အကြောင်းအရာတစ်ခုတည်းကိုပဲ အာရုံစိုက်ပါ

ကွီး အချစ် ရန်ဖြစ် 

စိတ်ထဲမှာ အခန့်မသင့်ဘူး။ ဟုတ်ပြီ။ ရန်ဖြစ်တယ်ဆိုရင် ဘယ်အကြောင်းအရာကြောင့် စိတ်ခုသွားတာလဲ၊ ရန်ဖြစ်ချင်တာလဲဆိုတာကို အရင်ဆုံးစဉ်းစားရပါမယ်။ ပြီးခဲ့တဲ့လ၊ ပြီးခဲ့တဲ့ရက်က ရန်ဖြစ်ခဲ့တဲ့အကြောင်းအရာတွေကို ပြန်လည်တူးဖော်ကာ ပြန်ပြောင်းပြောပြမနေပါနဲ့တော့။ အတိတ်ကကိစ္စကို အတိတ်မှာပဲ ထားခဲ့လိုက်ပါ။ အခုလက်ရှိ ရန်ဖြစ်နေရတဲ့ အကြောင်းအရာတစ်ခုတည်းကိုပဲ အာရုံထားပြီး အထာကျကျရန်ဖြစ်တတ်ဖို့လိုအပ်ပါတယ်။ အကြောင်းအရာတစ်ခုကို သေသေချာချာဖြေရှင်းပြီးမှသာလျှင် နောက်ထပ်အကြောင်းအရာတစ်ခုကို ဆက်လက်ချီတက်ကာ ရန်ဖြစ်နိုင်ပါတယ်။

တစ်ဖက်လူက စကားပြောနေချိန်မှာ သေချာနားထောင်ပါ

ကွီး အချစ် ရန်ဖြစ် 

ကိုယ့်ကောင်မလေး ပြောတဲ့အကြောင်းအရာကို ကိုယ့်စိတ်ထဲ ဘဝင်မတွေ့ဘူး။ အမြင်မတူဘူး၊ သဘောမကျဘူးဆိုရင်တောင်မှ စကားကို ဖြတ်မပြောရပါဘူး။ သူပြောတာ ပြီးတဲ့အချိန်အထိ ဆုံးအောင် နားထောင်ပေးလိုက်ပါ။

ဒီလိုမျိုး တစ်ဖက်လူ စကားပြောပြီးတဲ့အထိ ဆုံးအောင် နားထောင်ပေးခြင်းသည် ကိုယ့်ကောင်မလေးကို လေးစားမှုပြသရာကျပြီး သင် ကိုယ်တိုင်ကလည်း သူ(မ)နဲ့ အတူတူ ပူးပေါင်းဆောင်ရွက်လိုကြောင်း ပြသရာရောက်ပါတယ်။ တစ်ဖက်လူကလည်း သူ ပြောတာကို နားထောင်ပေးပါလားဆိုတဲ့ ခံစားချက်မျိုးကို ခံစားသွားရစေမှာပါ။

တစ်ဖက်သားကို အပြစ်တင်မယ့်အစား ကိုယ့်ရဲ့ခံစားချက်ကိုသာ ထုတ်ဖော်ပြသပါ

ကွီး အချစ် ရန်ဖြစ် 

မင်းက ဘာလုပ်ခဲ့တာ၊ မင်းကတော့ ဘာမလုပ်ခဲ့ဘူး စတဲ့ အပြစ်တင်စကားတွေနဲ့ အပြစ်ဖို့နေမယ့်အစား သူ(မ) ထိုကဲ့သို့ လုပ်ခဲ့တဲ့အတွက်ကြောင့် ကိုယ် စိတ်မကောင်းကြောင်း၊ ဝမ်းနည်းကြောင်း ပြောပြပါ။

ဥပမာ – မင်းက ငါ့သူငယ်ချင်း မွေးနေ့ပွဲတောင် မလိုက်ပေးနိုင်ရအောင် တော်တော်အလုပ်များနေလား ဆိုပြီး ခနဲ့နေမယ့်အစား ကိုယ့်သူငယ်ချင်း မွေးနေ့ပွဲကို မင်း မလိုက်နိုင်ရတော့ ကိုယ်တော့ တစ်ယောက်တည်း သွားရမှာ အထီးကျန်နေတော့မှာပဲ ဆိုပြီး စကားပရိယာယ်သုံးနိုင်ပါတယ်။

ကိုယ့် ခံစားချက်ကို ထိန်းချုပ်ပါ

tips for couple who fight a lot

ကွီး တို့ရဲ့ အချစ် ကို ပြသချင်တယ်ဆိုရင် ရန်ဖြစ် တဲ့အခါ ကိုယ့် ခံစားချက်ကို အကောင်းဆုံး ထိန်းချုပ်ဖို့လိုအပ်ပါတယ်။ အကောင်းဆုံးကတော့ စိတ်ဆိုးဒေါသထွက်နေချိန်မှာ ဘာမှမပြောတာအကောင်းဆုံးပါပဲ။

တကယ်လို့ ပြောချင်တယ်ဆိုရင်တောင်မှ ကိုယ့် ခံစားချက်ကို အကောင်းဆုံး ထိန်းချုပ်ထားကာ တစ်ဖက်သား ခံရခက်စေမယ့် စကားမျိုး၊ နားဝင်ဆိုးစေမယ့် စကားမျိုးတွေကို ရှောင်ကြဉ်သင့်ပါတယ်။ ဒါမှ ရန်ဖြစ်ပြီးတဲ့အခါ အချင်းချင်း ဒဏ်ရာအနာတရတွေ မပေးမိမှာဖြစ်ပါတယ်။

အချိန်ယူပါ

tips for couple who fight a lot

စောစောက ပြောခဲ့သလိုပဲ စိတ်ဆိုးဒေါသထွက်ချိန်မှာ ဘာမှ မပြုမူ မပြောဆိုတာက အကောင်းဆုံးပါပဲ။ အနည်းဆုံး ၁၅ မိနစ်၊ နာရီဝက်လောက် ခဏရှောင်နေလိုက်ပါ။ တစ်ယောက်ယောက် ထထွက်သွားတာပဲဖြစ်ဖြစ်၊ ရှောင်လိုက်တာပဲဖြစ်ဖြစ် ပြုလုပ်လိုက်ပါ။ သို့သော် ၂၄ နာရီထက်ပိုပြီး မခေါ်မပြောဘဲ နေတာမျိုးတော့ မလုပ်သင့်ပါဘူး။ ကျွမ်းကျင်ပညာရှင်များက လူနှစ်ယောက်သည် ၂၄ နာရီထက် ပိုပြီး မခေါ်မပြောဘဲ ရှောင်နေခြင်းသည် လမ်းခွဲခြင်းကို ပိုမိုတွန်းအားပေးစေတယ်လို့ သိရပါတယ်။

သင်တို့နှစ်ယောက်သည် တစ်ဖွဲ့တည်းပဲဖြစ်တယ်ဆိုတာကို သတိရပါ

tips for couple who fight a lot

ကွီး တို့နှစ်ယောက်ရဲ့ အချစ် တွေ ရေရှည်ခိုင်မြဲချင်တယ်ဆိုရင် ရန်ဖြစ် တဲ့အချိန်မှာ မာနတွေကို ခဝါချထားဖို့လိုအပ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်မာနချင်းအားပြိုင်တဲ့အခါ မလိုလားအပ်တဲ့ စိတ်ဒဏ်ရာတွေကို ဖြစ်ပေါ်စေပြီး ပြဿနာဖြေရှင်းရာမှာ အထောက်အကူမပြုပါဘူး။ ဒါ့ကြောင့် ရန်ဖြစ်နေတဲ့အချိန်မှာ တစ်ယောက်ကိုတစ်ယောက်ခနဲ့တာမျိုးတွေ မပြောမိဖို့လိုအပ်ပါတယ်။ သင်တို့နှစ်ယောက်သည် မကြာခင် အချိန်တစ်ခုမှာ နှစ်ယောက်တစ်အိပ်မက်ကို ဖန်တီးကြမယ့်သူတွေ မဟုတ်လား။

စည်းကမ်းချက်လေးတွေ ချမှတ်ထားပါ

tips for couple who fight a lot

ရန်ဖြစ်ပြီးတဲ့နောက်မှာ တစ်ယောက်နဲ့ တစ်ယောက်အကြောင်း ပိုမိုသိနားလည်လာပြီး စည်းတစ်ခုလည်း ခြားထားလာကြမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ရန်ဖြစ်ပြီးလို့ ပြေလည်မှု ပြန်ယူကြတဲ့အခါ နောက်တစ်ခါရန်ဖြစ်မယ်ဆို စကားလုံး ရင့်ရင့်ကြီးတွေ မသုံးရဘူး။ ပစ္စည်းတွေ မဆောင့်ချရဘူး။ မအော်ဟစ်ရဘူး အစရှိတဲ့ စည်းကမ်းချက်လေးတွေ ချမှတ်ထားလိုက်ပါ။

ဒီအချက်လေးတွေက ကွီး တို့ရဲ့ အချစ် ကို ရန်ဖြစ် ပြီးတဲ့နောက်မှ ပိုမိုခိုင်မြဲလာအောင် ကူညီပေးမှာပဲဖြစ်ပါတယ်။

Source: Brightside

Featured Image: Arabiaweddings