လူတိုင်းသည် တစ်ကွေ့မဟုတ်တစ်ကွေ့တော့ အချိန်ဆွဲတတ် ကြပါတယ်။ ထိုအကျင့်ကြောင့်လည်း တခါတရံမှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်များ ခံစားကြရမှာပါ။ ကွီး တို့သည် အချိန်ဆွဲတတ် သူတစ်ယောက်လား ဒါမှမဟုတ် အချိန်မဆွဲဘဲ ချက်ချင်းထလုပ်တတ်တဲ့ သူလားဆိုတာကို အခုဖော်ပြပေးမယ့် အချက်များကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။

၂၀၁၅ ခုနှစ်က ပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ ကွီး တို့သည် အချိန်ဆွဲတတ် တဲ့အကျင့်ကြောင့် တစ်နှစ်လျှင် ပျမ်းမျှအားဖြင့် ရက်ပေါင်း ၅၅ ရက်ခန့် အလဟဿ ဆုံးရှုံးသွားလေ့ရှိပါတယ်။ တစ်ရက်နဲ့ တွက်ရင်တော့ တစ်ရက်လျှင် ၂၁၈ မိနစ်ခန့်သည် အရေးမကြီးသောအရာများ ပြုလုပ်ခြင်းအားဖြင့် အချိန်ဖြုန်းလေ့ရှိကြပါတယ်။

ဘယ်လိုအချက်တွေက ကွီး တို့ကို အချိန်ဆွဲတတ် သူတစ်ယောက်ဖြစ်စေသလဲ။ အချိန်ဆွဲတတ် တဲ့အကျင့်ကို ဘယ်လိုဖျောက်ဖျက်ရမလဲဆိုတာကို အတူတူ ဆက်လေ့လာကြည့်လိုက်ရအောင်။

အချိန်ဆွဲတတ်တဲ့လူစား (၅) မျိုး (၅) စားရှိပါတယ်။ ကွီး တို့သည် ဘယ်လို အချိန်ဆွဲတတ် တဲ့လူစားထဲမှာ ပါသလဲဆိုတာကို အခုဖော်ပြပေးမယ့်အချက်ကနေတဆင့် သိရှိနိုင်ပါတယ်။

အရာရာတိုင်းမှာ ပြီးပြည့်စုံချင်လွန်းတဲ့သူများ

ကွီး အချိန်ဆွဲတတ်

ထိုသူတို့သည် အသေးစိတ်ကအစ ဂရုစိုက်လွန်းတဲ့သူတွေ ဖြစ်ပါတယ်။ ကိုယ်က အဆင်သင့်မဖြစ်သေးတာနဲ့ပဲ အလုပ်တစ်ခုကို စလုပ်ရမှာ ကြောက်ရွံ့တတ်ကြပါတယ်။ နောက်ဆုံးအချိန်ရောက်မှာ စိတ်ပူတတ်ပြီး ထလုပ်တတ်ကြတဲ့သူတွေပါ။ သူတို့သည် ကိုယ်က ရယ်ဒီမဖြစ်သေးဘဲနဲ့ အစပြုတဲ့အခါ အမှားတစ်စုံတစ်ရာ ပါသွားမှာကိုလည်း ကြောက်ရွံ့တတ် ကြပါတယ်။ ဒီလိုနဲ့ ကိုယ့်ဘာကိုယ် တဖြည်းဖြည်း အချိန်ဆွဲလို့ ဆွဲတတ်မှတ်မသိ ဖြစ်သွားတတ်ကြပါတယ်။

သူတို့အတွက် အကောင်းဆုံးအကြံကတော့ အသေးစိတ်တွေကို ဂရုစိုက်မယ့်အစား ကိုယ့်ရဲ့နောက်ဆုံးပန်းတိုင်က ဘာဖြစ်မလဲ။ ဒီနေ့တစ်နေ့တာအတွက် ဘယ်အရာကို ပြီးအောင် လုပ်ရမလဲဆိုတာကို သိရှိထားရပါမယ်။ ပြီးရင် သတ်မှတ်ချိန်အတွင်း ပြီးမြောက်အောင် အာရုံစိုက်ဖို့လိုအပ်ပါတယ်။ အရာအားလုံး ပြီးပြည့်စုံတဲ့အချိန်မှ စတင်မယ်ဆိုရင် အရာအားလုံး နောက်ကျသွားပါလိမ့်မယ်။

စိတ်ကူးယဉ်တတ်သူများ

ကွီး အချိန်ဆွဲတတ်

နံပါတ် (၂) အမျိုးအစားကတော့ စိတ်ကူးယဉ်တတ်သူတွေဖြစ်ပါတယ်။ သူတို့သည် အစီအစဉ်ချမှတ်ထားရင်းနဲ့သာ အချိန်ကုန်လေ့ရှိပြီး တကယ့်တကယ် အလုပ်စလုပ်ရမယ့်အရေးကိုတော့ နေ့ရွေ့ညရွေ့ ရွေ့တတ်ကြပါတယ်။ သူတို့ရဲ့အားသာချက်ကတော့ တီထွင်ဖန်တီးနိုင်စွမ်းကောင်းမွန်ခြင်းပါပဲ။

သူတို့အတွက် အကြံဉာဏ်ကောင်းကတော့ အစီအစဉ်တစ်ခု ရေးဆွဲပြီးတဲ့အခါ ချက်ချင်း ပြုလုပ်ကြည့်ပါ။ ၃ ပတ်လောက် အလေ့အကျင့်ဖြစ်သွားတဲ့အခါ အချိန်ဆွဲတတ်တဲ့အကျင့်ဆိုးလည်း ပျောက်သွားပါလိမ့်မယ်။

အမှားလုပ်မိမှာ ကြောက်သူများ

ကွီး အချိန်ဆွဲတတ်

သူတို့သည် ကိစ္စတစ်ခုကို သူတို့လုပ်နိုင်ပါ့မလား။ အမှားတစ်ခုခု လုပ်မိရင် ဘယ့်နှယ့်လုပ်မလဲဆိုတဲ့ စိုးရိမ်စိတ် ကြီးသူတွေဖြစ်ပါတယ်။ သူတို့ကို သူများက ဝေဖန်တာကိုလည်း မခံနိုင်တဲ့အတွက်ကြောင့် တဖြည်းဖြည်း အချိန်ဆွဲရင်း ဆွဲရင်းနဲ့ မလုပ်ဖြစ်တော့တဲ့အထိ ဖြစ်သွားပါတယ်။

သူတို့အတွက် အကြံကောင်းကတော့ ကိုယ့်အတွက် အခက်ခဲဆုံးအလုပ်က ဘာဖြစ်မလဲဆိုတာကို အရင်ဆုံး စဉ်းစားကြည့်ပါ။ အမှားအတွက် မစိုးရိမ်ဘဲ ကိုယ် လုပ်နိုင်သလောက် ပြုလုပ်ပါ။ နေ့ရက်တစ်ရက် ကုန်ဆုံးသွားတဲ့အခါ Productive ဖြစ်တာကို တွေ့မြင်လာရပါလိမ့်မယ်။

နောက်ဆုံးအချိန်မှာ ထလုပ်ရတာကို စိတ်လှုပ်ရှားကြသူများ

ကွီး အချိန်ဆွဲတတ်

နောက်ဆုံးအချိန်မှာ Deadlines နီးလာတော့မှ ကောက်လုပ်ရတာက သူတို့ကို အကြံဉာဏ်ကောင်း ပိုရစေတယ်လို့ တွေးထင်ကြသူတွေဖြစ်ပါတယ်။ သူတို့သည် စိတ်ဖိစီးမှုတွေအောက်မှာ အလုပ်လုပ်ရတာကို ပျော်မွေ့နေကြတာပါ။

တကယ်တော့ နောက်ဆုံးအချိန်မှာ ကောက်လုပ်တဲ့အခါ အလုပ်ပိုပြီးတယ်လို့ တွေးထင်နေကြတာ လွဲမှားတဲ့အယူအဆသာဖြစ်ပါတယ်။ နားချိန်မရအောင် တရစပ်လုပ်ရတဲ့အတွက် ကိုယ့်အတွက်လည်း မကောင်းပါဘူး။

ဘာအလုပ် စလုပ်ရမှန်းမသိအောင် အလုပ်များကြသူများ

busy kwee

အလုပ်လုပ်စရာတွေ များလွန်းလို့ ဘာက စလုပ်ရမှန်းမသိ အလုပ်များကြသူတွေလည်း အချိန်ဆွဲတတ်ကြတဲ့သူစာရင်းထဲမှာ ပါပါတယ်။ သူတို့သည် နောက်ဆုံးမှာတော့ အလုပ်များလွန်းပြီး ဘယ်အလုပ်မှ မပြီးဖြစ်တတ်ပါတယ်။

ထိုကဲ့သို့ အလုပ်များလွန်းတဲ့ ကွီး တို့အတွက် အချိန်ဆွဲတတ် ခြင်းအကျင့်ကို ရပ်တန့်နိုင်မယ့် နည်းလမ်းကတော့ ကိုယ့်အတွက် အရေးအကြီးဆုံးအလုပ်ကို အရင်ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။

Source: Llifehack.org

Featured Imgae: Insider