ကွီး တို့ ရေ အပူအပင်ကင်း တဲ့ ဘဝ ဆိုတာ ဒီဘက်ခေတ်မှာ မရှိတော့ပါဘူး။ ပိုပြီး နေပျော် ဖို့ မလိုအပ်ဘဲ သောကမများအောင်သာ နေနိုင်ဖို့ ကြိုးစားရပါတော့တယ်။ ပြီးခဲ့တဲ့နှစ်က သင်ခန်းစာတွေအရ ဒီနှစ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် မပျော်အောင် ဟန့်တားနေတဲ့ အမှားတွေ ဖယ်ရှားပြီး နေပျော် အောင် နှလုံးသွင်းဖို့ ကျွန်တော်တို့ သင်ခန်းစာတွေ ရခဲ့ပြီး ဖြစ်ပါတယ်။ နောက်ထပ်လည်း ကွီး   တို့ ဘဝ ကို ပိုသက်တောင့်သက်သာနဲ့ လိုတာထက်ပို မပင်မပန်းဖြတ်သန်းနိုင်ဖို့  သိသင့်တာလေးတွေ ပြောပြချင်ပါတယ်။

(၁) ခင်မင်ရင်းနှီးမှု ခိုင်မာပါစေ

ကွီး အပူအပင်ကင်း နေပျော် ဘဝ

Photo: Unsplash

Relationship တစ်ခုဆိုတာ လက်ဖက်ရည်ဆိုင်က အသင့်ဖျော်ကော်ဖီမစ်တစ်ခွက်မဟုတ်ပါဘူး။ အချိန်တွေ ၊ အခက်အခဲ ၊ ယုံကြည်မှုတွေနဲ့ သေချာ ပေါင်းတင်ဖြတ်သန်းထားရတဲ့ကိစ္စပါ။ ၂၀၂၂ မှာ ပိုကောင်းတဲ့ ဘဝနဲ့ နေထိုင်ဖို့အတွက် ကိုယ်ချစ်တဲ့မိတ်ဆွေ နဲ့ မိသားစုဝင်တွေရဲ့ အထောက်အပံ့လိုပါတယ်။ သူတို့ရဲ့ မေတ္တာတရားအရသာ ကျွန်တော်တို့ ကျော်လွန်နိုင်ခဲ့တဲ့ အခက်အခဲတွေ အများကြီးပဲ ရှိခဲ့တာ မဟုတ်လား။

(၂) မှတ်တမ်းလေးတွေ ရေးထားပါ

ကွီး အပူအပင်ကင်း နေပျော် ဘဝ

Photo: Unsplash

နေ့စဉ်မှတ်တမ်းထားတာ သိပ်ကောင်းပါတယ်။ ဘဝ မှာ အမှတ်ရတဲ့စိတ်နဲ့ ဖြတ်သန်းသွားတာ ဖြစ်သလို ကိုယ်နေထိုင်ခဲ့ခြင်းအတွက် ပြယုဂ်ကောင်းလေးတွေကိုလည်း ဒိုင်ယာရီလေးတွေက ပြောနိုင်ပါတယ်။ အရာအားလုံးကို ခေါင်းထဲမှာပဲ သိမ်းမထားပါနဲ့။ Notebook လေးထားပြီး ချရေးထားပါ။ ဒိုင်ယာရီထဲမှာ အမှားတွေ ၊ အောင်မြင်မှုလေးတွေနဲ့ ကွီး တို့ ဖြတ်သန်းရုန်းကန်ခဲ့ရတဲ့ အရာတွေ ပါနေပါစေ။ ဒါတွေက နောက်လာနောက်သားတွေအတွက် သင်ခန်းစာနဲ့ ဗဟုသုတလည်း ဖြစ်စေပါတယ်။

(၃) ကျေးဇူးပြုတတ်ပါ

ကွီး အပူအပင်ကင်း နေပျော် ဘဝ

Photo: Unsplash

ကိုယ်ရတဲ့ ဘဝ အတွက် ကျေနပ်ကျေးဇူးတင်တတ်တဲ့ အကျင့်လေး လုပ်ကြည့်ပါ။ ဘဝ မှာ ကျေးဇူးတင်မယ်ဆိုရင် ကျေးဇူးတင်ချင်စရာလူတွေ ၊ အရာတွေ ၊ ကိစ္စတွေ အများကြီး ရှိတာပါပဲ။ မီလျံနာကြီး မဖြစ်ပေမယ့် လူတန်းစေ့ နေနိုင်စားနိုင်တယ်ဆိုရင်လည်း ကျေးဇူးတင်လိုက်ပါ။ သင့်အပေါ်မှာ ကျေးဇူးရှိခဲ့သူတွေကိုလည်း ကျေးဇူးပြန်ပြုတတ်ပါ။ မေတ္တာတရားနဲ့ ကျေးဇူးတရားကို သင်က ပြန်မျှဝေတိုင်း ပိုပြီး ကျေနပ်အားရစရာနေထိုင်မှုတစ်ခုကို ပြန်မြင်တွေ့ရစမြဲပါ။

(၄) တစ်ကြိမ်မှာ ပန်းတိုင်တစ်ခုနှုန်းနဲ့ သွားပါ

ကွီး အပူအပင်ကင်း နေပျော် ဘဝ

Photo: Unsplash

ကျွန်တော်တို့အားလုံး လုပ်စရာတွေနဲ့ ပြည့်ကျပ်နေပြီး အလုပ်တွေ မပြီးဘူးဆိုတဲ့ ခံစားချက်နဲ့ လုံးထွေးနေတတ်ကြပါတယ်။ အကျင့်ဆိုးတွေ ဖြတ်ရခက်နေတယ်။ ဘာသာစကားသစ်တွေ မသင်ဖြစ်ဘူး။ ခရီးသွားချင်ပေမယ့် ဖြစ်မလာခဲ့ဘူး။ ကိုယ်ကာယကျန်းမာဖို့ Gym ကစားဖို့လည်း လိုနေပြီ စတဲ့ စတဲ့ များပြားလှတဲ့ လုပ်စရာတွေအကြားမှာ ပိတ်မိပြီး လည်နေတတ်ပါတယ်။ ပန်းတိုင်ဆီ ရောက်ဖို့ လက်တွေ့ကျတဲ့နည်းက တစ်ကြိမ်မှာ တစ်ခုစီကို သွားတာပဲ ဖြစ်ပါတယ်။

လောကဓံ ရဲ့ အထုအထောင်းတွေကြားမှာ ကွီး တို့လည်း အပူအပင်ကင်း ပြီး ပို၍ နေပျော် တဲ့ ဘဝ ကို ဖန်တီးပိုင်ဆိုင်နိုင်ကြပါစေ။

Featured Photo: healthline