ရုပ်ရှင်ချစ်သူပရိသတ်များအားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ရုပ်ရှင်ချစ်သူ ကွီး တို့အတွက် ဧပြီလ အတွင်း ထွက်ရှိလာမယ့် ဇာတ်ကား သစ်များနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ကွီး တို့အတွက် ဧပြီလ အတွင်းမှာ ဘယ်လို ဇာတ်ကား သစ်တွေက ဆွဲဆောင်နေမလဲဆိုတာကို ထွေလာအမြည်းလေးတွေ ကြည့်ရင်းစဉ်းစားခန်းဝင်လိုက်ရအောင်။

Dakota

ကွီး ဧပြီလ ဇာတ်ကား

Photo: IMDB

Dakota ဆိုတာကတော့ အမဲလိုက်စစ်ခွေးတစ်ကောင်ဖြစ်ပါတယ်။ သူ့ကို ရာထူးမှ အနားပေးလိုက်တဲ့အခါ သူ့သခင်က Single Mom တစ်ယောက်ဖြစ်တဲ့ Kate နဲ့ သူ့သမီး Alex တို့ထံ ခေါ်ဆောင်လာခဲ့ပါတယ်။ Dakota က ချက်ချင်းဆိုသလိုပဲ အိမ်အသစ်နဲ့ အသားကျသွားပြီး ထိုမြို့ရဲ့ဟီးရိုးလေးတစ်ယောက်ဖြစ်လာပါတယ်။ ဘယ်လိုဇာတ်လမ်းအပြောင်းအလဲတွေရှိမလဲဆိုတာကိုတော့ ဇာတ်ကားထွက်လာတဲ့အခါ ဆက်လက်ကြည့်ရှုလိုက်ပါ။

Source: Samuel Goldwyn Films

The Bubble

ဟာသဇာတ်ကားမျိုးကို ကြိုက်နှစ်သက်သူတွေအတွက် ဒီဇာတ်ကားလေးကတော့ ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်လို့ကောင်းတဲ့ဇာတ်ကားတစ်မျိုးပါပဲ။

ကမ္ဘာ့ကပ်ရောဂါကြောင့် ရုပ်ရှင်အဖွဲ့သားများအားလုံး ဘယ်လိုရိုက်ကူးရေးပြုလုပ်နေရသလဲဆိုတာကို ဟာသဆန်ဆန်ရိုက်ကူးထားတာဖြစ်ပါတယ်။

Source: Movieclips Trailers

Boon

Boon သည် သူ့ရဲ့အတိတ်က အရိပ်မည်းကြီးကနေ ပြေးထွက်နေခဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ဗန်ကားတစ်စီးဖြင့် လူသူကင်းမဲ့တဲ့နေရာမှာ နေထိုင်ကာ ဘဝကိုတစ်ယောက်တည်းဖြတ်သန်းနေတာဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူသည် မုဆိုးမတစ်ယောက်နှင့် သူ့ရဲ့သားသည် တစ်စုံတစ်ရာကြောင့် ကြောက်ရွံ့နေတာကို သိရှိလိုက်ရပါတယ်။ Boon တစ်ယောက် သူတို့သားအမိကို ကူညီပါ့မလား။

Source: Movie Trailers Source

Midnight

မိန်းမငယ်လေးတွေကို လိုက်လံဖမ်းဆီးကာ သတ်ဖြတ်နေတဲ့ စိတ္တဇလူသတ်သမားအကြောင်း ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ တစ်နေ့မှာတော့ ဆွံအနားမကြား ကလေးမလေးသည် ထိုလူသတ်သမားရဲ့ သားကောင်ဖြစ်လာခဲ့ပါတယ်။ ဘယ်လိုဆက်ဖြစ်မလဲဆိုတာကတော့ Midnight ဇာတ်ကားကြည့်ရင်း အဖြေရှာကြည့်လိုက်ပါ။

Source: IGN Movie Trailers

Return To Space

Elon Musk နဲ့ SpaceX အင်ဂျင်နီယာတွေအကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ဖြစ်ပါတယ်။ သိပ္ပံဇာတ်ကားများကို ကြိုက်နှစ်သက်သူတွေအတွက် လက်မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။

Source: Netflix

Ambulance

ကြံရာမရဖြစ်နေတဲ့ ညီအစ်ကိုနှစ်ယောက်သည် သူတို့အမေရဲ့ ဆေးကုသစရိတ်ကို ပေးဖို့ရန်အတွက် ဓားပြတိုက်ဖို့ ကြိုးစားခဲ့ပါတယ်။ သို့သော် အရာအားလုံး ကမောက်ကမဖြစ်ကုန်ပြီး ဓားပြထွက်တိုက်ပြီး ပြန်အထွက်မှာတော့ ဆေးရုံအရေးပေါ်တင်ကားပေါ် ပြေးတက်မိလျက်သားဖြစ်နေပါတယ်။ ဖြစ်ချင်တော့ ထိုကားပေါ်မှာ နှလုံးရောဂါရုံ အမြန်ပို့မှဖြစ်မယ့်လူနာတစ်ယောက်ပါနေပါတယ်။

Source: Movie Trailers Source

Agent Game

CIA အရာရှိတစ်ယောက်သည် သံသယရှိသူကို စစ်ဆေးမေးမြန်းရာ၌ သူ့ကိုအားလုံးအပြစ်ပုံချခဲ့ခဲ့ရပါတယ်။ အက်ရှင်ဇာတ်ကားများကို ကြိုက်နှစ်သက်တဲ့ ကွီး တို့အတွက်တော့ ဧပြီလ အတွက် အကောင်းဆုံး အက်ရှင် ဇာတ်ကား တစ်ကားဖြစ်မှာ အသေအချာပါပဲ။

Source: Movie Trailers Source

Father Stu

ဖြစ်ရပ်မှန်ရုပ်ရှင်မျိုးကိုမှ ကြည့်ချင်တဲ့ ကွီး တို့အတွက် ဧပြီလ ထဲမှာ Father Stu ဆိုတဲ့ ဖြစ်ရပ်မှန်ပေါ် အခြေခံကာ ရိုက်ကူးထားတဲ့ ဇာတ်ကား သစ်တစ်ကားရှိပါတယ်။

Source: Sony Pictures Entertainment

Fantastic Beasts: The Secrets Of Dumbledore

Harry Potter ပရိသတ်တွေအနေနဲ့ အသစ်ထပ်ထွက်လာမယ့် Fantastic Beasts ဇာတ်ကားလေးကို မျှော်နေကြမှာပါပဲ။ ပရော်ဖက်ဆာ Albux Dumbledore သည် စွမ်းအားကြီး မှော်ဆရာတစ်ဦးဖြစ်တဲ့ Gellert Grindelwald သည် မှော်လောကကို အပိုင်သိမ်းဖို့ ကြိုးစားနေတာကို သိရှိခဲ့ပါတယ်။ သူ့ကို တစ်ယောက်တည်း မတားဆီးနိုင်တဲ့အတွက်ကြောင့် အခြားသော မှော်ဆရာ၊ ဆရာမများရဲ့ အကူအညီနဲ့ မစ်ရှင်တစ်ခုကိုလုပ်ဆောင်ဖို့ ဖြစ်လာခဲ့ပါတယ်။ သူတို့ရဲ့ Grindelwald ကို တားဆီးမယ်ဆိုတဲ့ အကြံအစည်အထမြောက်ပါ့မလား။

Source: Warner Bros. Pictures

အခုဖော်ပြသွားတဲ့ ဇာတ်ကားအားလုံးကို ရုပ်ရှင်ချစ်သူများအားလုံး ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Source: Theinsider

Featured Image Sourece: Wall.alphacoders.com