အမျိုးသားများရဲ့ ဆံပင်စတိုင်လ်သည် အချိန်ကာလနှင့် ရာသီဥတု၊ ဖက်ရှင်ရေစီးကြောင်းပေါ် မူတည်ပြီး အမျိုးမျိုး ပြောင်းလဲလေ့ရှိကြပါတယ်။ အချို့ကလည်း ပိုမိုဖက်ရှင်ကျဖို့ရန်အတွက်သော်လည်းကောင်း၊ အချို့ကလည်း ပိုမိုလွတ်လပ်ပေါ့ပါးတဲ့အသွင်ကို ဖန်တီးဖို့ရန်အတွက်သော်လည်းကောင်း ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ပြောင်းလဲဆန်းသစ်လေ့ရှိကြပါတယ်။ လတ်တလောမှာလည်း ဒီလိုမျိုး ဆံပင်ကေ အသစ်ပြောင်းချင်တဲ့ ကွီး တို့အတွက် ၁၉၉၀ ပြည့်နှစ် ဆံပင်စတိုင်လ် များသည် တစ်ကျော့ပြန်လည်ခေတ်စားလာခဲ့ပြန်ပါပြီ။
ကွီး တို့အတွက် တစ်ကျော့ပြန်လည်ရေပန်းစားလာတဲ့ ၁၉၉၀ ပြည့်နှစ် ဆံပင်စတိုင်လ် များကတော့ …
အနောက်လှန်ဖြီးထားတဲ့ စတိုင်လ်
ဆံပင်အုံထူထူထဲထဲလေးကိုမှ အနောက်သို့ လှန်ဖြီးထားတဲ့ စတိုင်လ်လေးဖြစ်ပြီး ၉၀ ပြည့်နှစ်တွေတုန်းက အင်မတန်ခေတ်စားခဲ့တဲ့ဆံပင်စတိုင်လ်တစ်ခုပါ။
အုန်းမုတ်ခွက်ကေ
ဆံပင်ဘေးပတ်ပတ်လည်ကို ခပ်ဝိုင်းဝိုင်းလေး ညှပ်ထားတဲ့ ပုံစံဖြစ်ပြီး သဘာဝဆန်တဲ့ ဆံပင်စတိုင်လ်တစ်ခု ဖြစ်ပါတယ်။
ဆယ်ကျော်သက် လီယိုနာဒို ဆံပင်ကေ
ဒီဆံပင်ကေလေးသည်လည်း ထိုခေတ်ထိုအခါတုန်းက အင်မတန်ရေပန်းစား လူကြိုက်များခဲ့တဲ့ ဆံပင်ကေတစ်ခုဖြစ်ပြီး ယခုအခါမှာလည်း တစ်ကျော့ပြန်လည် ရေပန်းစားလာခဲ့ပြန်ပါပြီ။
Caesar Haircut
ဒီဆံပင်ကေကတော့ ၉၀ ပြည့်နှစ် ဆံပင်ကေနဲ့ လက်ရှိမှာ ရေပန်းစားတဲ့ ဆံပင်စတိုင်လ်နှစ်မျိုးတို့ကို ပေါင်းစပ်ထားတဲ့ ဆံပင်ကေတစ်ခုဖြစ်ပါတယ်။
ကြွက်မြီးကေ
ဆံပင်အားလုံးကို အရှည်ထားတာမျိုးမဟုတ်ဘဲ ဆံပင်နောက်ဖျားလေးကိုပဲ ကြွက်မြီးလေးလို ထားထားတဲ့ ဆံပင်စတိုင်လ်တစ်ခုဖြစ်ပါတယ်။
အရှေ့မှာ ဆံပင်မွှေးအနည်းငယ် ချထားတဲ့ ဆံပင်စတိုင်လ်
ဆံပင်ကို တိုတိုကပ်ကပ်ကလေး ညှပ်ထားပြီးတော့ ဆံပင်မွှေး အနည်းငယ်ကို အရှေ့ဖျားနားမှာ ချထားတဲ့ ဆံပင်ကေလေးဖြစ်ပါတယ်။ ဂျစ်ကန်ကန်ကောင်လေးတစ်ယောက်လို ဖန်တီးချင်တဲ့ ကွီး တို့အတွက် ၁၉၉၀ ပြည့်နှစ် ဆံပင်စတိုင်လ် တစ်ခုပါပဲ။
ဘေးနှစ်ဖက်ကို ခပ်ပါးပါးညှပ်ထားတဲ့ ဆံပင်ကေ
ဒီဆံပင်စတိုင်လ်ကတော့ လက်ရှိအချိန်မှာလည်း အညှပ်များတဲ့ ဆံပင်စတိုင်လ်တစ်ခုဖြစ်ပြီး ဘေးနှစ်ဖက်ကို ပါးပါး ညှပ်ထားကာ အနောက်သို့ လှန်ဖြီးထားတာဖြစ်ပါတယ်။
အဖျားကောက်ထားတဲ့ ဆံပင်ကေ
ဆံပင်အုံထူထူလေးကို ဂျယ်လ်လိမ်းကာ ပုံသွင်းထားပြီး အဖျားတွေကို ကောက်ထားတဲ့ ဆံပင်ကေလေးဖြစ်ပါတယ်။ အထာကျကျနဲ့ ဆွဲဆောင်မှုရှိနေစေမှာပါ။
ဆံပင်အရှည်စတိုင်လ်
အလယ်ခွဲလေးကိုမှ ခပ်ရှည်ရှည်ထားထားတဲ့ ဆံပင်စတိုင်လ်တစ်ခုဖြစ်ပြီး ဆွဲဆောင်မှုပြင်းတဲ့ အမျိုးသားတိုင်း ထားတတ်ကြတဲ့ ဆံပင်စတိုင်လ်တစ်ခုပါ။
အချွန်အတက်များနဲ့ ဆံပင်စတိုင်လ်
ဒီဆံပင်စတိုင်လ်သည်လည်း ၁၉၉၀ ပြည့်နှစ်တွေတုန်းက လူကြိုက်များခဲ့တဲ့ ဆံပင်စတိုင်လ်တစ်ခုဖြစ်ပြီး ယခုအခါမှာလည်း တစ်ဖန်ပြန်လည် ရေပန်းစားလာပြန်ပါတယ်။
ကွီးတို့ရော အခုဖော်ပြသွားတဲ့ ၁၉၉၀ ပြည့်နှစ် ဆံပင်စတိုင်လ်တွေထဲက ဘယ်ဆံပင်ကေကို စိတ်ထဲ ဘဝင်ခိုက်မိပါသလဲ။
Source: Hairstyleonpoint
Featured Image Source: Retropond