Jacket တွေဟာ အခုလို ချမ်းစိမ့်စိမ့် မိုးဆောင်းရာသီတွေမှာ တင်မကပဲ ဥတုသုံးပါးမရွေး စတိုင်ကျကျနဲ့ ရှိုးထုတ်လို့ကောင်းတဲ့ ဖက်ရှင်တစ်ခုပါ။ ကွီးတို့ ရဲ့ အဝတ်ဗီရိုထဲမှာတော့ အနည်းဆုံး မတူညီတဲ့ Jacket အမျိုးအစား ၃ မျိုးလောက် ရှိထားသင့်ပါတယ်။ ပေါ့ပေါ့ပါးပါး စမတ်ကျကျ Outfits တွေနဲ့ တွဲဝတ်လို့ ရသလို စတိုင်မိမိ တက်ကြွတဲ့ လူငယ်တစ်ယောက်အနေနဲ့လည်း ရှိုးထုတ်လို့ ရပါတယ်။ ဒီတစ်ခေါက်တော့ ယောကျာ်းလေးတိုင်း ဝယ်ထားရင် မမှားနိုင်တဲ့ Jacket အမျိုးအစား အချို့ကို မျှဝေပေးချင်ပါတယ်။
(၁) Work Jacket

Photo : Carhartt
အရင်က လုပ်ငန်းခွင်ဝတ် Jacket တွေအဖြစ် သီးသန့်သတ်မှတ်ခဲ့ကြပေမယ့် ဒီဘက်ခေတ်မှာတော့ စတိုင်တစ်ခုအနေနဲ့ ထုတ်ဝတ်လာတဲ့ Jacket အမျိုးအစား တစ်ခုပါ။ Work Jacket တွေက ရာသီဥတု အေးအေးစိမ့်စိမ့်ဖြစ်နေတဲ့ အချိန်တွေမှာ ဝတ်ရတာ လုံးဝဖီးလ်ပါပဲ။ နွေးထွေးမှု အပြည့်အဝ ပေးပြီး စမတ်ကျကျနဲ့ ကြည့်ကောင်းတဲ့ ဖက်ရှင် အသွင်အပြင်ကို ဖော်ဆောင်ပေးပါတယ်။ ၂၀ ကျော် လူလတ်ပိုင်း ကွီးတို့အတွက် အထူးသင့်လျော်ပြီး ခါးအမြင့် Wide-Legged Pants တွေနဲ့ တွဲဖက်ဝတ်ဆင်လို့ အလိုက်ဖက်ဆုံး ဖြစ်ပါတယ်။
(၂) Track Jacket

Photo : SVP Sports
Track Jacket တွေက Sporty ဆန်ဆန် Design နဲ့ ပေါ့ပါးလွတ်လပ်တဲ့ ဖက်ရှင်တွေ ကြိုက်သူတွေအတွက်ပါ။ Full Zip Jacket အမျိုးအစား ဖြစ်တဲ့အတွက် Zip အပြည့်ဆွဲပြီး ဝတ်နိုင်သလို Zip ဖွင့်ပြီး အပေါ်ထပ် ဖက်ရှင်တစ်ခုအဖြစ်လည်း ရှိုးထုတ်လို့ ရပါတယ်။ လည်ဝိုက် ၊ ကော်လံ နှစ်သက်ရာ Design ကို ရွေးချယ်နိုင်ပြီး အားကစားလုပ်ချိန်တွေမှာသာမက ပေါ့ပေါ့ပါးပါး ထသွားထလာ ဖက်ရှင်တစ်ခုအနေနဲ့ပါ ရွေးချယ်ဝတ်ဆင်လို့ ရပါတယ်။
(၃) Windbreaker Jacket

ဒီဘက်ခေတ် Street ဖက်ရှင်နယ်ပယ်မှာ ရေပန်းစား နေရာယူလာတာကတော့ Windbreaker Jacket တွေပါ။ လူငယ်တွေကြားမှာ တော်တော်လေး အဝတ်များတဲ့ Jacket တစ်မျိုး ဖြစ်ပါတယ်။ လူငယ်ဆန်တယ် ၊ သက်တောင့်သက်သာရှိတယ် ၊ ပေါ့ပါးလွတ်လပ်ပြီး ဝတ်ရတာ ဖက်ရှင်ကျတယ်။ ဒီအချက်တွေက Windbreaker Jacket တွေမှာ ရနိုင်တဲ့ အဓိက အားသာချက်တွေပါပဲ။ ကွီးတို့ အနည်းဆုံး တစ်ထည်လောက်တော့ ဝယ်ထားသင့်ပါတယ်။
(၄) Fleece Jacket

Photo : Stormtech
Fleece Jacket တွေက အခုလို မိုးအေးတဲ့ အချိန်တွေနဲ့ ဆောင်းရာသီ ကာလတွေအတွက် အထူးသင့်လျော်တဲ့ Jacket တစ်မျိုးပါ။ သိုးမွေးနဲ့တူတဲ့ အသားနဲ့ ချုပ်လုပ်ထားတာ ဖြစ်ပြီး အထိအတွေ့က တော်တော်လေး နူးညံ့ညင်သာမှု ရှိပါတယ်။ သိုးမွေးသားနဲ့တူလို့ ဝတ်ရတာ ခပ်ပိတ်ပိတ်ကြီး ဖြစ်နေမှာတော့ မပူပါနဲ့။ Fleece Jacket တွေက လေဝင်လေထွက်ကောင်းပြီး ခပ်နွေးနွေး ခံစားမှုကို ပေးပါတယ်။
Source : British GQ
Featured Photo : FashionBeans
