ပေါ့ပေါ့ပါးပါးနဲ့ ပုံမှန်ထသွားထလာ ဖက်ရှင်အတွက် ပြီးပြည့်စုံတဲ့ Casual Pants လို့ပြောရင် Jeans တွေကတော့ မပါမဖြစ်ပါပဲ။ ဒါပေမယ့်လည်း ဘယ်သွားသွား အမြဲတမ်းကြီး Jeans တွေပဲ ဝတ်နေမယ်ဆိုရင် ကွီးတို့ ဖက်ရှင်က ငြီးငွေ့စရာ ဖြစ်လာနိုင်ပါတယ်။ တကယ်တော့ Jeans တွေအပြင် Daily Wear အနေနဲ့ စတိုင်ကျကျ ပေါ့ပေါ့ပါးပါး ဝတ်လို့ရတဲ့ Casual Trousers တွေ အများကြီး ရှိပါသေးတယ်။ ဒီတစ်ခေါက်မှာတော့ ကွီးတို့ အနည်းဆုံး တစ်ထည်တော့ ရှိထားသင့်တဲ့ Casual Trousers အကြောင်း ပြောပြပေးပါမယ်။

(၁) Cotton Chinos

Cotton Chinos

ကွီးတို့ အချိန်ရာသီမရွေး ရှင်းသန့်သပ်ရပ်တဲ့ ဖက်ရှင်အသွင်အပြင်နဲ့ ပေါ့ပေါ့ပါးပါး စမတ်ကျကျ စတိုင် ထုတ်ချင်ရင်တော့ Cotton Chinos တွေက ကွက်တိပါပဲ။ Cotton Chinos တွေက ဟိုနားဒီနား ထသွားထလာကနေ ရုံးတက်ကျောင်းတက် Daily Wear အနေနဲ့ ဝတ်ဖို့ အသင့်လျော်ဆုံး ဖြစ်သလို Outfits မရွေးတဲ့ စွယ်စုံရ ဘောင်းဘီ အမျိုးအစားတစ်ခု ဖြစ်ပါတယ်။

(၂) Cargos

Cargos

Photo : Ape to Gentleman

လူငယ်ဆန်ဆန် Street ဖက်ရှင်တွေအကြောင်း ပြောတဲ့အခါ Cargos တွေ မပါမဖြစ်ပါပဲ။ Cargos တွေက ဒီဘက်ခေတ် ဖက်ရှင်ရေစီးကြောင်းပေါ်မှာ လူကြိုက်များ ရေပန်းစားတဲ့ Casual Trousers တစ်မျိုးဖြစ်ပါတယ်။ ဝတ်ရတာပေါ့ပါးပြီး သက်တောင့်သက်သာ ရှိသလို လွတ်လပ်တဲ့ လူငယ်စတိုင် ဖက်ရှင်အသွင်အပြင်ကို ကိုယ်စားပြုတဲ့ ဘောင်းဘီတစ်မျိုးလည်း ဖြစ်ပါတယ်။

(၃) Worker Pants

Worker Pants

Photo : Ape to Gentleman

လူလတ်ပိုင်း အထာကျတဲ့ ဘီးကျဲတွေကတော့ Worker Pants တွေနဲ့ ပေါ့ပေါ့ပါးပါး ရှိုးထုတ်လို့ ရပါတယ်။ ၂၀၀၀ ဝန်းကျင် ကာလတွေမှာ အမျိုးသားတွေကြား အရမ်းကို လူကြိုက်များခဲ့တဲ့ ဘောင်းဘီတစ်မျိုးဖြစ်ပြီး အခုလက်ရှိ ဖက်ရှင်ရေစီးကြောင်းပေါ်မှာ တကြောပြန့် ခေတ်စားလာတာပါ။ Cargos တွေနဲ့ ဆင်တူပေမယ့် Worker Pants တွေက အိတ်ကပ်တွေ ပိုများသလို ပိုပြီး ထူထူထည်ထည်နဲ့ ဝတ်ရတာ စမတ်ပိုကျတဲ့ ခံစားချက်ကို ပေးပါတယ်။

(၄) Relaxed-Leg Trousers

Relaxed-Leg Trousers
Photo : Ape to Gentleman

ပွပွချောင်ချောင်နဲ့ ဝတ်ရတာ သက်တောင့်သက်သာ အဖြစ်ဆုံး ဘောင်းဘီလို့ ဆိုရင်တော့ Relaxed-Leg Trousers တွေက ထိပ်ဆုံးကနေ ပြောရမှာပါပဲ။ Relaxed-Leg Trousers တွေဟာဆိုရင် လူငယ်ဆန်တယ် ၊ Outfits စတိုင်အမျိုးမျိုး ရှိုးထုတ်လို့ရတယ် ၊ သက်တောင့်သက်သာနဲ့ ပေါ့ပါးမှုအပြည့်ရှိတယ် စတဲ့အချက်တွေကြောင့် လူငယ်/လူလတ်ပိုင်း အမျိုးသားတွေကြားမှာ လူကြိုက်များတာ ဖြစ်ပါတယ်။

Source : Ape to Gentleman

Featured Photo : American Eagle