လူတစ်ယောက်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု စွမ်းအားက သိပ်ကို အရေးပါပါတယ်။ Self-Confidence ဆိုတာ လူတိုင်းမှာ မွေးရာပါ ပါလာတဲ့ အရည်အသွေး တစ်ခုတော့ မဟုတ်ပါဘူး။ သင်ကိုယ်တိုင် စနစ်တကျနဲ့ အချိန်ယူ လေ့ကျင့်တည်ဆောက်ယူ ရတာပါ။ စာဖတ်သူ ကွီးတို့အနေနဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှုမြှင့်တင်ချင်တယ် ဆိုရင်တော့ အခုပြောပြမယ့် အလေ့အကျင့်တွေကို လိုက်နာကျင့်သုံး နိုင်ပါတယ်။

(၁) စွန့်စားကြည့်ပါ

self-confidence
Photo : Association for Talent Development

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးချင်တယ်ဆိုရင် ပထမဆုံး ခြေလှမ်းက Comfort Zone က‌နေ ရုန်းထွက် လိုက်ဖို့ပါပဲ။ Comfort Zone ကနေ ရုန်းထွက်ဖို့ ကြောက်ရွံ့နေသ၍ ကွီးတို့ ဘဝမှာ တိုးတက်ပြောင်းလဲခြင်းတွေရမှာ မဟုတ်ပါဘူး။ စွန့်စားမှုတိုင်းက အောင်မြင်နိုင်မယ်လို့ ရာနှုန်း ပြည့် ပြောလို့ မရပေမယ့် စွန့်စားမှုတွေနဲ့ အသစ်အသစ်တွေကို ကြိုးစားသူတိုင်းကတော့ ထိပ်ဆုံးရောက်ကြပါတယ်။ အဓိက စွန့်စားမှုတွေကို ကျော်ဖြတ်ပြီးချိန်တိုင်းမှာ သင်လုပ်နိုင်တယ်ဆိုတဲ့စိတ် ၊ သင့်ကိုယ်သင် ယုံကြည်ကိုးစားတဲ့ စိတ်ခွန်အားတွေကို ပိုမိုရရှိခံစား နိုင်ပါလိမ့်မယ်။

(၂) အကောင်းဘက်က ရှုမြင်ပါ

self-confidence
Photo : Mile High Psychiatry

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတဲ့လူတွေဟာ အပြုသဘောဆောင်တဲ့ အတွေးအမြင်တွေ ရှိကြပြီး အကောင်းမြင်စိတ်တွေကနေပဲ ကောင်းမွန်တဲ့အရာတွေ ဖြစ်လာဖို့ မျှော်လင့်ကြပါတယ်။ အမှားတွေ လုပ်မိတဲ့ အချိန်မှာတောင် အဲဒီ ကျရှုံးမှုတွေနဲ့ အတွေ့အကြုံတွေ ကနေတဆင့် သင်ခန်းစာယူပြီး ပိုကောင်းအောင်လုပ်ဖို့ အခွင့်အလမ်းအဖြစ် ရှုမြင်နိုင်ကြပါတယ်။ အဆိုးမြင်တဲ့ အတွေးတွေဟာ သင့်ရဲ့ ယုံကြည်မှုစွမ်းအား  ၊ ခွန်အားတွေကို ဖျက်ဆီးနေတဲ့ အဓိကတရားခံဆိုတာ မမေ့ပါနဲ့။

(၃) ကိုယ့်ပုံစံအမှန်အတိုင်း နေထိုင်ပါ

self-confidence
Photo : Pure Bookkeeping

လူတစ်ယောက်ဟာ မိမိရဲ့ပုံစံ အစစ်အမှန်အတိုင်း ရှင်သန်ရဲတဲ့ သတ္တိရှိဖို့ လိုပါတယ်။ လူတွေအကြိုက်ကို လိုက်ပြီး ဟန်ဆောင်လုပ်ယူဖို့ မကြိုးစားသင့်ပါဘူး။ ကိုယ့်ပုံစံအတိုင်း ကိုယ်တိုင် စစ်စစ်မှန်မှန် ရှင်သန်ခြင်းဟာ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိသူ တစ်ယောက်ရဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။

(၄) ပြတ်ပြတ်သားသား ဆုံးဖြတ်တက်တဲ့ အလေ့အကျင့်ကို မွေးပါ

self-confidence
Photo : Mister Independent

ဘဝမှာ ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ရပ်တည်ချက် ခိုင်ခိုင်မာမာ ရှိသူတွေကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မြင့်မားတဲ့ သူတွေလို့ ခေါ်ပါတယ်။ ဘာပဲလုပ်လုပ် ကိုယ့်ရဲ့ ရင်တွင်းစကားသံကို နားထောင်ဖို့က အရေးကြီးဆုံးပါ။ ကိုယ်တကယ် လုပ်ချင်တဲ့ အရာတွေကို လုပ်ပြီး ၊ မလုပ်ချင်တဲ့အရာတွေကို ငြင်းပယ်တက် ရမှာပါ။ တွေဝေမှုတွေနဲ့ အချိန်ဖြုန်းမနေသင့်ပဲ ၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်တစ်ခုကို ပြတ်ပြတ်သားသား ချမှတ်တက်တဲ့ အလေ့အကျင့်ကို မွေးမြူသင့်ပါတယ်။

Source : Calm

Featured Photo : Calm