ပူပင်စရာများတဲ့ လောကကြီးမှာ အနည်းဆုံးတော့ ကိုယ့်စိတ်ကို အေးချမ်းအောင် ထားတက်ဖို့ အရေးကြီးပါတယ်။ စိတ်ထောင်းရင် ကိုယ်ကြေတယ်လို့ ပြောကြတဲ့ အတိုင်းပါပဲ။ စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေ ၊ အတွင်းစိတ်ရဲ့ ပူလောင်မှုတွေဟာ ကွီးတို့ရဲ့ နေ့စဉ်ဘဝထဲက ပျော်ရွှင်မှု ၊ အေးချမ်းမှုနဲ့ အလုံးကျန်းမာရေးတွေကို တရိပ်ရိပ် တိုက်စားနေတာပါ။ ဒီဆောင်းပါးမှာတော့ ကွီးတို့ ရဲ့ စိတ်ကို အေးချမ်းတည်ငြိမ်မှုရအောင် ဘယ်လိုနည်းလမ်းတွေနဲ့ ပြုမူနေထိုင်သင့်လဲဆိုတာ ပြောပြပေးပါမယ်။

(၁) ဆိုရှယ်မီဒီယာ လျှော့သုံးပါ

Scrolling On Phone

Photo : Newsweek

အားရင်အားသလို ဖုန်းချည်းပဲ ပွတ်နေမိမယ်ဆိုရင် စိတ်ဖိစီးမှု ပိုများစေပါတယ်။ ဆိုရှယ်မီဒီယာပေါ်က သတင်းတွေ ၊ ပွဲတွေကို လိုက်ဖတ်လိုက်ကြည့် နေမိတာဟာ ကွီးတို့ ကိုယ်တိုင်တောင် သတိမထားမလိုက်ပါပဲ အတွင်းစိတ်ထဲကို အဆိပ်အတောက်တွေ လောင်းချနေမိတာနဲ့ အတူတူပါပဲ။ ဆိုရှယ်မီဒီယာဟာ များများကြည့်လေလေ စိတ်ဖိအားပိုများလေပါ။ ဒါကြောင့် အချိန်တိုင်း ဖုန်းပွတ်နေတာ ၊ အားရင်အားသလို ဆိုရှယ်သုံးနေတာတွေ ရှောင်ဖို့ အကြံပေးချင်ပါတယ်။

(၂) စိတ်ကို ငြိမ်းအေးစေမယ့် အလေ့အကျင့်တွေ လုပ်ပါ

man meditation

Photo : Men’s Health Australia

ကွီးတို့ အနေနဲ့ ဒီနေ့မှာတော့ ပူပင်သောကရောက်ရတဲ့ စိတ်တွေ ၊ လောင်မြိုက်ရတဲ့ အတွေးတွေကို လက်မခံဘူးလို့ ကိုယ့်ကိုယ်ကိုယ် သံဓိဌာန်ချပြီး အေးအေးချမ်းချမ်း နေကြည့်တဲ့အကျင့်ကို လုပ်ပါ။ မနက်ခင်းမှာ စောစောထပြီး အိပ်ရာနိုးတာနဲ့ တစ်ယောက်တည်း တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်ပါ။ ဘာအကြောင်းမှ မစဉ်းစားဘဲ ကိုယ့်ရဲ့ စိတ်အလျဉ်ကို စောင့်ကြည့်တဲ့ အလေ့အကျင့်လေး မွေးပါ။ ၁၅ မိနစ်လောက် ဖြစ်ဖြစ် တစ်နေ့တာကို တိတ်ဆိတ်ငြိမ်သက်စွာ နေထိုင်မှုနဲ့ အစပျိုးတာဟာ ကွီးတို့ရဲ့ စိတ်ကို ငြိမ်းချမ်းမှုနဲ့ အေးချမ်းမှုတွေ သယ်ဆောင်လာပေးမှာဖြစ်ပြီး ဆက်လက်ဖြတ်သန်းရမယ့် တစ်ရက်တာမှာ အပြုသဘောဆောင်တဲ့ ကောင်းခြင်းတွေ ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်။

(၃) ကိုယ့်အတွက်ကိုယ် အချိန်ပေးပါ

Man Exercising
Photo : Men’s Health

ကွီးတို့ ရဲ့ တစ်နေ့တာ အချိန်ကို သေချာလေး စီမံခန့်ခွဲတက်ဖို့ကလည်း အရေးကြီးပါတယ်။ အဓိကကတော့ ကိုယ့်အတွက်ကို သေချာလေး ဂရုစိုက်ဖို့အတွက် သီးသန့်အချိန် ပေးသင့်တာပါ။ အလုပ်အချိန်မှာ အလုပ်ကို သေချာအချိန်ပေး လုပ်ဆောင်သင့်သလို ကိုယ့်ရဲ့ Personal အချိန်မှာလည်း ကိုယ်နှစ်သက်ရာတွေအတွက် အချိန်ပေးသင့်ပါတယ်။ ကိုယ်လက်ကျန်းမာရေးအတွက် လှုပ်လှုပ်ရှားရှား အားကစားလုပ်ဖို့ ၊ ဝါသနာပါတာလေးတွေ လုပ်ဖို့ စတဲ့ အပြုသဘောဆောင်တဲ့ လုပ်စရာလေးတွေအတွက် အချိန်သက်သက် ခွဲပေးထားပါ။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ခြင်းဟာ စိတ်ရောကိုယ်ပါ ကျန်းမာရွှင်လန်းစေမယ့် အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

Source : Goodnet.org

Featured Photo : Unsplash