ကွီးတို့ရေ အိပ်ရာပေါ်မှာ ကောင်းစွာစွမ်းဆောင်နိုင်ပြီး နှစ်ဦးနှစ်ဖက် စိတ်ကျေနပ်မှု အပြည့်အဝ ရဖို့ဆိုရင် ကျန်းမာရေးက အရေးကြီးပါတယ်။ အထူးသဖြင့် လိင်အင်္ဂါနဲ့ လိင်အင်္ဂါတစ်ဝိုက် ကျန်းမာနေဖို့ အရေးကြီးပါတယ်။ လိင်အင်္ဂါကျန်းမာပြီး ကောင်းစွာစွမ်း‌ဆောင်နိုင်ဖို့ဆိုရင် ကျွန်တော်တို့ စားသုံးနေတဲ့ အစားအစာတွေကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒီနေ့မှာ‌တော့ ကွီးတို့ ညီလေး ကျန်းမာစွာ စွမ်းဆောင်နိုင်ဖို့နဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို မြင့်တင်နိုင်ဖို့ အထောက်အပံ့ပေးနိုင်တဲ့ အစားအစာ အချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ပန်းသီး

ကွီးတို့ ညီလေး ကျန်းမာစွာ

Photo : Medical News Today

ပန်းသီးကို စားသုံးပေးခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီးရှိတယ်ဆိုတာ သိကြပေးမယ့် လူသိနည်းတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတစ်ခုကတော့ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ချေကို လျှော့ချပေးနိုင်တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပန်းသီးနဲ့ အခြားအသီးအနှံများကဲ့သို့ Antioxidants ကြွယ်ဝသော သစ်သီးများက သွေးကြောများကို သန်မာစေရန် ကူညီပေးနိုင်ပါတယ်။ လိင်တံကို ကျန်းမာသန်စွမ်းစေပြီး ကြီးထွားစေဖို့လည်း အထောက်အကူပြုပါတယ်။

မုန်လာဥနီ

ကွီးတို့ ညီလေး ကျန်းမာစွာ

Photo : Healthline

မုန်လာဥနီမှာ ပါဝင်တဲ့ Carotenoids က လိမ္မော်ရောင်ရောင်ခြယ် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဖြစ်ပြီး ကျန်းမာရေး အကျိုးကျေးဇူးများစွာကို ရရှိစေပါတယ်။ ဒါ့အပြင် သုတ်ပိုးအရေးအတွက်ကို မြှင့်တင်နိုင်ဖို့ ကူညီပေးနိုင်ပြီး ရွေ့လျားမှုကိုလည်း ကူညီပေးနိုင်ပါတယ်။

Oats

ကွီးတို့ ညီလေး ကျန်းမာစွာ

Photo : Healthline

လိင်အင်္ဂါကျန်းမာဖို့ အတွက် စားပေးသင့်တဲ့ အစားအစာတွေထဲမှာ Oats လည်း အပါအဝင်ဖြစ်ပါတယ်။ Oats မှာ အမိုင်နိုအက်ဆစ် L-arginine ပါ၀င်ပြီး လိင်အင်္ဂါချို့ယွင်းမှုကို လျှော့ချပေးနိုင်ကာ Testosterone အဆင့်ကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့အပြင် L-arginine သည် လိင်အင်္ဂါရှိ သွေးကြောများကို ဖြေလျှော့ရန် ကူညီပေးပြီး သွေးစီးဆင်းမှု ပိုကောင်းလာစေရန်လည်း ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်။

ငှက်ပျောသီး

Photo : Eat This Not That

လွယ်လွယ်ကူကူရနိုင်တဲ့ ငှက်ပျောသီးက လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်နဲ့ လိင်တံကျန်းမာရေးကို အထူးကောင်းမွန်စေတယ်ဆိုတာ သိပါသလား။ လေ့လာမှုအရ ငှက်ပျောသီးက ကာဗိုဟိုက်ဒရိတ် အရင်းအမြစ်ကောင်းတစ်ခုလည်းဖြစ်ကာ စွမ်းအင်ပမာဏကို မြှင့်တင်ပေးပြီး အမျိုးသားမျိုးပွားမှုစနစ်ကို သွေးလည်ပတ်မှု ကောင်းစေပါတယ်။ ထိုသွေးလည်ပတ်မှုက လိင်စိတ်ဆန္ဒကို ထိရောက်စွာ မြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့အပြင် ငှက်ပျောသီးမှာပါတဲ့ မန်းဂနိစ်နဲ့ မဂ္ဂနီဆီယမ်တွေဟာ ဆီးကျိတ် ကျန်းမာရေးကို ကောင်းမွန်စေပြီး မျိုးပွားအင်္ဂါတွေရဲ့ လုပ်ဆောင်မှုကို အကောင်းဆုံးဖြစ်အောင် မြှင့်တင်ပေးပါတယ်။

ထောပတ်သီး

Photo : Whole Foods Market

လိင်အင်္ဂါကျန်းမာရေးအတွက် နေ့စဉ်စားပေးသင့်တဲ့ အစားအစာတစ်ခုကတော့ ထောပတ်သီးပဲ ဖြစ်ပါတယ်။ ထောပတ်သီးမှာ အရည်ရွှမ်းသော အိုမီဂါ-၃ နဲ့ ဖက်တီးအက်ဆစ်များ ကြွယ်ဝစွာပါဝင်ပြီး နှလုံးကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပါတယ်။ ၎င်းမှာ ဗီတာမင် B6 နှင့် ဖောလစ်အက်ဆစ်တို့လည်း ကြွယ်ဝစွာပါဝင်ပြီး စွမ်းအင်ကို မြှင့်တင်ပေးနိုင်ပါတယ်။ Libido ကိုလည်း တိုးမြှင့်စေပါတယ်။ Libido ကတော့ လူတစ်ဦးရဲ့ အလုံးစုံသော လိင်ပိုင်းဆိုင်ရာ တွန်းအား သို့မဟုတ် လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုအတွက် ဆန္ဒဖြစ်ပါတယ်။

ကွီးတို့ ညီလေး ကျန်းမာစွာ စွမ်းဆောင်နိုင်စေဖို့ စားပေးသင့်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။ ဒီအစားအစာတွေက အလွယ်တကူရနိုင်တဲ့ အပြင် ကျန်းမာရေးအတွက်လည်း ကောင်းစေတာကြောင့် ပုံမှန်စားသုံးပေးသင့်ပါတယ်။

Source : Healthline

Featured Photo : Vista Create