တက်စတိုစတီရုန်း (Testosterone) ဟာ အမျိုးသားတွေရဲ့ ခန္ဓာကိုယ် ကြွက်သားတည်ဆောက်မှုနဲ့ လိင်မှုဘဝအတွက် အရေးပါတဲ့ ဟော်မုန်းဖြစ်ပါတယ်။ အရိုးသိပ်သည်းဆကို မြှင့်တင်ပေးပြီး အခြားကိုယ်ခန္ဓာဆိုင်ရာ လုပ်ငန်းဆောင်တာတွေအတွက် တက်စတိုစတီရုန်း (Testosterone) ကို မရှိမဖြစ် လိုအပ်ပါတယ်။ တက်စတိုစတီရုန်း (Testosterone) ကျဆင်းတဲ့ အခြေအနေဟာ အမျိုးသားတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ် ဆိုးကျိုးသက်ရောက်မှု များစွာရှိစေနိုင်တဲ့အပြင် လိင်မှုဆိုင်ရာ စွမ်းဆောင်ရည်နဲ့ လိင်မှုဘဝအရည်အသွေးကို ကျဆင်းစေနိုင်ပါတယ်။ များသောအားဖြင့်တော့ သက်ကြီးပိုင်း အရွယ်ကိုရောက်လာတဲ့ အမျိုးသားတွေမှာ တက်စတိုစတီရုန်း (Testosterone) ထုတ်လုပ်မှု နည်းလာတက်ပြီး လူငယ်နဲ့လူလတ်ပိုင်းတွေမှာလည်း ညံ့ဖျင်းတဲ့ နေထိုင်မှုပုံစံတွေကြောင့် တက်စတိုစတီရုန်း (Testosterone) ကျဆင်းတဲ့ ပြဿနာ ကြုံရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ကွီးတို့ တက်စတိုစတီရုန်း (Testosterone) ကျနေလားဆိုတာ သိနိုင်မယ့် အချက်ပြ လက္ခဏာတွေကို ပြောပြပေးချင်ပါတယ်။

(၁) လိင်စိတ်တက်ကြွမှု လျော့နည်းနေမယ်

penis size

Photo : eDrugstore

တက်စတိုစတီရုန်း (Testosterone) နဲ့ လိင်စိတ်နိုးကြားတက်ကြွမှု Libido ဟာ တိုက်ရိုက်ဆက်စပ်နေတာပါ။ လေ့လာမှုတွေအရ တက်စတိုစတီရုန်း (Testosterone) ကျနေတဲ့အခါ လိင်စိတ်ဆန္ဒ ၊ လိင်မှုကိစ္စ လုပ်ဆောင်လိုစိတ်တွေ နည်းပါးပြီး ချစ်တင်းနှောခြင်း သို့မဟုတ် တစ်ကိုယ်ရည် အာသာဖြေခြင်း စတဲ့ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေကို လုပ်ဆောင်လိုစိတ် နည်းပါးနေတက်ပါတယ်။

(၂) ဖွားဖက်တော် ထောင်မတ်နိုင်ဖို့ ခက်ခဲနေမယ်

Penis Size

Photo : Newsweek

ကွီးတို့ ရဲ့ လိင်အင်္ဂါ ဖွံ့ဖြိုးကြီးထွားဖို့နဲ့ ဖွားဖက်တော် သန်မာမှုကို ထိန်းသိမ်းဖို့အတွက် တက်စတိုစတီရုန်း (Testosterone) ဟော်မုန်းဓာတ်ဟာ မဖြစ်မနေ လိုအပ်ပါတယ်။ တက်စတိုစတီရုန်း (Testosterone) ဟာ ခန္ဓာကိုယ်တွင်း ဓာတုတုံ့ပြန်မှုကို ဖြစ်စေပြီး ဦးနှောက်သို့ အချက်ပြမှု ပေးပို့ခြင်းဖြင့် လိင်တံ ထောင်မတ်မှုကို ထိန်းသိမ်းနိုင်ဖို့ ကူညီပေးပါတယ်။ ဒါကြောင့် တက်စတိုစတီရုန်း (Testosterone) ကျနေပြီဆိုရင် လိင်တံ ပြည့်ပြည့်ဝဝ ထောင်မတ်နိုင်ဖို့ ခက်သလို ထောင်မတ်မှုကို အချိန်ကြာကြာ ထိန်းသိမ်းနိုင်ဖို့ ခက်ခဲပါတယ်။

(၃) လိင်တံအရွယ်အစား ကျုံ့လာမယ်

Penis Shrinkage

Photo : Jonathan Clavell

ခန္ဓာကိုယ်မှာ တက်စတိုစတီရုန်း (Testosterone) ပုံမှန်ထုတ်လုပ်မှု မရှိပါက ကွီးတို့ ရဲ့ လိင်တံ ၊ ကပ်ပယ်အိတ်နဲ့ ဝှေးစေ့ တဝိုက်မှာရှိတဲ့ ကြွက်သားနဲ့ တစ်ရှူးတွေ ကျဉ်းမြောင်း သေးသိမ် သွားတက်ပါတယ်။ ရလဒ်အနေနဲ့ လိင်တံအရှည်နဲ့ လုံးပတ် အရွယ်အစားဟာ ရှိရင်းစွဲထက် ပိုကျုံ့လာပြီး အချို့ဆိုရင် မူရင်း အရွယ်အစားရဲ့ ထက်ဝက်ခန့်အထိ သေးငယ်သွားနိုင်တယ်လို့ လေ့လာမှုအချို့က ဆိုထားပါတယ်။ သတင်း ကောင်းအနေနဲ့ တက်စတိုစတီရုန်း (Testosterone) ကုထုံး ခံယူပါက မူလအရွယ်အစားကို ပြန်ရောက်နိုင်ပါတယ်။

(၄) ဗိုက်ပူလာမယ်

Belly Fat

Photo : Dr. Chatson

အလွန်ဝခြင်းနဲ့ တက်စတိုစတီရုန်း (Testosterone) ကျဆင်းမှုဟာ ဆက်စပ်နေတာပါ။ တက်စတိုစတီရုန်း (Testosterone) ကျဆင်းမှုကြောင့် ခန္ဓာကိုယ်မှာ အဆီ ၁၄ ရာခိုင်နှုန်းအထိ တက်လာနိုင်တယ်လို့ သုတေသီတွေက ဆိုထားပါတယ်။ အဓိကအားဖြင့်တော့ ဝမ်းဗိုက်လို အဆီစုလွယ်တဲ့ နေရာတဝိုက်မှာ အဆီပမဏ ပိုများလာနိုင်ပြီး ဆက်စပ်အနေနဲ့ ဆီးချို ၊ သွေးတိုး ၊ နှလုံးရောဂါတို့လို နာတာရှည် ရောဂါပြဿနာတွေ ဖြစ်နိုင်ခြေကိ တိုးမြင့်လာစေနိုင်တာ ဖြစ်ပါတယ်။

(၅) အရိုးအဆစ်တွေရဲ့ ကြံ့ခိုင်မှု အားနည်းလာမယ်

Bone
Photo : Central Orthopedic Group

တက်စတိုစတီရုန်း (Testosterone) ဟာ အရိုးအဆစ်နဲ့ ကြွက်သားတွေ ကြံ့ခိုင်သန်မာမှုရှိဖို့ အဓိက ထောက်ပံ့ပေးနေတဲ့ ဟော်မုန်းပါ။ တက်စတိုစတီရုန်း (Testosterone) ကျဆင်းလာတဲ့အခါ ကွီးတို့ ခန္ဓာကိုယ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သန်မာမှုပိုင်းမှာ အားလျော့လာပြီး အရိုးအဆစ်နဲ့ ကြွက်သားတွေ အားနည်းတာ ၊ အရိုးအဆစ်တွေရဲ့ သိပ်သည်းဆ ကျဆင်းပြီး ကျိုးလွယ်ကြေလွယ်တဲ့ ပြဿနာ ပိုအဖြစ်များ နိုင်ပါတယ်။

Source : Men’s Health

Featured Photo : LADbible