သက်ရှိ လူသားတိုင်းအတွက် လူမှုပေါင်းသင်း ဆက်ဆံရေးဟာ အရေးကြီးပါတယ်။ လူရယ်လို့ ဖြစ်လာရင် ပတ်ဝန်းကျင် ၊ အသိုက်အဝန်းဆိုတာ ရှိရစမြဲပါ။ ဒါပေမယ့် တစ်ခါတစ်ရံမှာ ကွီးတို့ တစ်ယောက်တည်း နေတက်အောင် ပြင်ဆင်ထားဖို့လည်း လိုပါတယ်။ တစ်ယောက်တည်းနေတာက ကွီးတို့အတွက် ဘာတွေကောင်းလဲ ၊ ဘယ်လိုအကျိုးကျေးဇူးတွေရှိလဲဆိုတာ ဒီဆောင်းပါးမှာ လေ့လာကြည့်လိုက်ရအောင်ပါ။

(၁) ကိုယ့်ကိုယ်ကိုယ် အာရုံပိုစိုက်နိုင်မယ်

Focus

Photo : Saxton Bampfylde

တစ်ယောက်တည်း နေထိုင်ခြင်းရဲ့ အကျိုးကျေးဇူးတွေထဲက တစ်ခုကတော့ ကိုယ့်ကိုယ်ကိုယ် အာရုံပိုစိုက် လာနိုင်တာပါပဲ။ ကိုယ့်ရဲ့အားသာချက် ၊ အားနည်းချက်တွေကို လေ့လာဆန်းစစ်နိုင်ပြီး ကိုယ့်ရဲ့ စိတ်ခံစားမှုတွေကို ပိုမိုသုံးသပ် လာမိပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် အာရုံစိုက်နိုင်ခြင်းက ဘဝမှာ ကောင်းမွန်တဲ့ တိုးတက်ပြောင်းလဲခြင်းတွေ ဖြစ်ပေါ်လာစေဖို့ များစွာ အထောက်အပံ့ ဖြစ်စေပါတယ်။

(၂) ဖန်တီးနိုင်စွမ်းတွေ တိုးတက်လာမယ်

Creativity

Photo : Patti Dobrowolski

ကွီးတို့ တစ်နေ့တာမှာ အချိန် အနည်းငယ်လောက်ယူပြီး တစ်ယောက်တည်း အချိန်ကုန်ဆုံး ကြည့်ပါ။ စိတ်အေးချမ်းမှု အစစ်အမှန်ကို ရှာဖွေတွေ့ရှိပါလိမ့်မယ်။ စိတ်ခံစားချက်တွေ တည်ငြိမ်ပြီး စိတ်ကိုအေးချမ်းမှု ပေးနိုင်တာနဲ့ တပြိုင်နက် ပိတ်လှောင်နေတဲ့ အတွေးတွေ ကင်းစင်ကာ စိတ်ကူးစိတ်သန်း အသစ်တွေ ၊ စဉ်းစားတွေးခေါ်နိုင်စွမ်းတွေ တိုးတက်လာမှာ ဖြစ်သလို ဖန်တီးနိုင်တဲ့ စွမ်းရည်တွေ တက်လာကို မြင်တွေ့ခံစားရပါလိမ့်မယ်။

(၃) အလုပ်ပိုမိုပြီးမြောက်ဖို့ လွယ်ကူလာမယ်

productivity

Photo : ActivTrak

တစ်ယောက်တည်း နေထိုင်တဲ့အခါ အနည်းနဲ့အများ အာရုံထွေပြားမှုတွေ နည်းလာစေပြီး အခြားအရာတွေအပေါ် အာရုံစိုက်မိနေတဲ့ ပြဿနာကို လျော့စေပါတယ်။ ဒါက ကွီးတို့ တစ်နေ့တာမှာ လုပ်ဆောင်ရမယ့် အလုပ်တွေ ၊ တာဝန်တွေကို ပြီးမြောက်စေပြီး အလုပ်တွင်စေဖို့ ကူညီပေးနိုင်ပါတယ်။ ကိုယ့်အတွက် ဘယ်အရာတွေက ဦးစားပေးဖြစ်မလဲ ၊ ဘာတွေကိုတော့ လျစ်လျူရှုထားသင့်လဲ ဆိုတာတွေကို သိရှိနားလည်နိုင်မှာဖြစ်ပြီး Productivity ကောင်းကောင်းနဲ့ အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။

(၄) ကိုယ့်ရဲ့ ပျော်ရွှင်မှုကို ရှာဖွေတွေ့ရှိလာမယ်

happy
Photo : Real Simple

စာရေးသူတို့ ဘဝမှာ ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်အောင် လုပ်ဆောင်ပေးနိုင်တာဟာ ကိုယ်တိုင်ပါပဲ။ အခြားသူတွေ အကြိုက်တွေ ဒါမှမဟုတ် ထင်မြင်ချက်တွေ အာရုံစိုက်နေသ၍ ကွီးတို့ အပြည့်အဝ ပျော်ရမှာ မဟုတ်ပါဘူး။ တစ်ယောက်တည်းနေထိုင်တဲ့အခါ ကိုယ့်ကို ဘယ်အရာတွေက ပျော်ရွှင်စေလဲ ၊ ဘာတွေက ပျော်အောင်လုပ်ပေးနိုင်မလဲ ဆိုတာကို ပိုမိုသိရှိနားလည်လာပြီး ဘဝရဲ့ စစ်မှန်တဲ့ ပျော်ရွှင်ကို ရှာတွေ့ဖို့ အခွင့်အလမ်း ပိုများလာပါလိမ့်မယ်။

Source : Choosing Therapy 

Featured Photo : OMAR ITANI