အနမ်းပေးတာဟာ လိင်မှုကိစ္စ စတင်တဲ့အခါမှာ အကြိုနှိုးဆွတဲ့ အဆင့်တစ်ခုပါ။ ချစ်သူစုံတွဲတိုင်း အချစ်တွေ ဖလှယ်ကြတဲ့အခါ အမြဲတမ်းလိုလို အနမ်းတစ်ပွင့်ကနေ အစပြုပါတယ်။ ဆိုတော့ ဒါဟာ အရေးကြီးဆုံး အဆင့်တစ်ခုလို့ သတ်မှတ်မယ်ဆိုရင် မမှားနိုင်ပါဘူး။ ကွီးတို့ အနမ်းကောင်းကောင်းပေးတက်ရင် စိတ်ခံစားချက်ကို ပြောင်းလဲစေနိုင်ပြီး လိင်စိတ်နိုးကြားမှုကို မြင့်တက်စေမှာဖြစ်သလို အနမ်းပေးတဲ့အခါ တလွဲတွေ လုပ်မိရင်တော့ နိုးကြားနေတဲ့ စိတ်ကလေးပါ ပျောက်ရှသွားနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ အိပ်ရာထက်မှာ အနမ်းပေးတဲ့အခါ သတိထားရှောင်ရမယ့် အမှားလေးတွေကို ပြောပြပေးပါမယ်။
(၁) လျှာအရမ်းမသုံးပါနဲ့
Photo : Peakpx
လျှာသုံးပြီး အနမ်းပေးတာက ရင်ခုန်စရာ ပိုကောင်းပါတယ်။ ဒါပေမယ့် အလွန်အကျွံတော့ မဖြစ်ပါစေနဲ့။ ဆာလောင်နေတဲ့ ပါပီလေးတစ်ကောင်လို ကွီးတို့ ရဲ့လျှာကို အလွန်အကျွံ သုံးပြီး ယက်မယ်/နမ်းမယ်ဆိုရင် တစ်ဖက်က ပါတနာအတွက် မသက်မသာ ခံစားရစေနိုင်ပါတယ်။ အမြဲတမ်း မှတ်ထားရမှာတစ်ခုက စစနမ်းတဲ့ စက္ကန့် ၃၀ အတွင်းမှာ လျှာကို ဘယ်တော့မှ မသုံးသင့်ပါဘူး။ အကယ်၍ လျှာသုံးမယ်ဆိုရင်လည်း ညင်ညင်သာသာနဲ့ ဖြည်းဖြည်းချင်း သွားသင့်ပါတယ်။
(၂) နှုတ်ခမ်းတွေကို မဝါးပါနဲ့
Photo : City Magazine
ချစ်သူကောင်မလေးရဲ့ နှုတ်ခမ်းတွေကို ပီကေလို သဘောထားလို့ မရပါဘူးနော်။ ကွီးတို့ အနမ်းပေးတဲ့အခါ နှုတ်ခမ်းတွေကို ဝါးမိတာ ၊ ကိုက်မိတာတွေ မဖြစ်စေဖို့ အထူးရှောင်ကြဉ်သင့်ပါတယ်။ ရင်သား ၊ လည်တိုင်တို့လို ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ခပ်ဖွဖွ ကိုက်ပြီး အနမ်းပေးတာက စိတ်ပိုကြွစေပေမယ့် နှုတ်ခမ်းကို ကိုက်မိရင်တော့ နာကျင်စေတက်တာကြောင့် သူမရဲ့ နှိုးကြားနေတဲ့ စိတ်ကလေးပါ ပျောက်ရှသွားနိုင်ပါတယ်။
(၃) အကြမ်းပတမ်း မလုပ်ပါနဲ့
Photo : Pexels
အနမ်းပေးတဲ့အခါ ရုပ်ရှင်တွေထဲကလို အကြမ်းပတမ်း လူကြမ်းကြီး လုပ်ဖို့က အမြဲတမ်းအဆင်မပြေနိုင်ပါဘူး။ စိတ်ခံစားချက်တွေ အဆင့်သင့်မဖြစ်သေးပဲ ၊ ကြမ်းကြမ်းတမ်းတမ်းစတင်လိုက်ရင် စိတ်ပါဖို့ ခက်သွားနိုင်ပါတယ်။ နမ်းတယ်ဆိုတာ Technique နဲ့ Timing ကို ဟန်ချက်ညီညီ အသုံးပြုတက်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ကွီးတို့ လူကြမ်းကြီးအထာ ဖမ်းချင်တယ်ဆိုရင် အရင်ဆုံး အခြေအနေနဲ့ အချိန်အခါကို ကြည့်ပြီး လှုပ်ရှားပါလို့ အကြံပေးချင်ပါတယ်။
Source : MensXP
Featured Photo : City Magazine