ကျွန်တော်တို့ ခန္ဓာကိုယ်မှာ နှလုံးက အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ များသောအားဖြင့် ကျွန်တော်တို့က နှလုံးနဲ့ ပတ်သတ်တာဆိုရင် ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူမဝခြင်း၊ လက်မောင်းအောက်မှ ဖြာထွက်လာသော နာကျင်မှုစတဲ့ သိသာတဲ့ ခံစားမှုတွေကိုသာ သတိပြုမိတတ်ပါတယ်။ တစ်ခါတစ်လေမှာ ကျွန်တော်တို့ သတိမထားမိတဲ့ အချို့သော လက္ခဏာတွေက နှလုံးကျန်းမာရေး ပြဿနာတွေ ဖြစ်နေနိုင်ပါတယ်။ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း စတဲ့ နှလုံးကျန်းမာရေးနဲ့ ပတ်သတ်ပြီး အချို့‌သော လက္ခဏာတွေကို ခန္ဓာကိုယ်က ပြသတတ်ပါတယ်။ ဒီလိုမျိုး လက္ခဏာတွေကို အရေးမကြီးဘူးထင်ပြီး လျစ်လျူရှုမိရင် နောက်ပိုင်းမှာ ပိုမိုဆိုးဝါးတဲ့ အကျိုးဆက်တွေ သက်ရောက်နိုင်ပါတယ်။ ဒီဆောင်းပါးလေးကနေ ကွီးတို့ နှလုံးမှာ ပြဿနာရှိနေနိုင်တဲ့ နှလုံးကျန်းမာရေးနဲ့ ပတ်သတ်တဲ့ လက္ခဏာအချို့ကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

အိပ်စက်နေချိန်မှာ အသက်ရှုကျပ်ခြင်း

ကွီးတို့ နှလုံးမှာ

Photo : Forbes

ကွီးတို့ ညဘက်အိပ်ပျော်နေစဉ် အသက်ရှုကျပ်သလို ခံစားရပြီး နိုးလာတာမျိုး ရှိပါသလား။ အိပ်မပျော်ရင် အသက်ရှူကျပ်ခြင်းက ညဘက်မှာ သွေးထဲမှာ အောက်ဆီဂျင်ကို အကြိမ်ပေါင်းများစွာ ကျဆင်းစေတဲ့အတွက် ခန္ဓာကိုယ်ကို ဖိစီးမှုဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် သာမာန်အနေအထားပင် ဖြစ်စေ၊ ပြင်းထန်သည်ဖြစ်စေ အသက်ရှုရန် အိပ်ပျော်နေစဉ် အသက်ရှူရန် ရုန်းကန်ရခြင်းကြောင့် နှလုံးကို ပျက်စီးစေပါတယ်။ ဒီလို အခြေအနေမျိုး ကွီးတို့ ခံစားဖူးပါသလား။ ဒါဆိုရင်တော့ နှလုံးမှာ ပြဿနာတစ်ခုခုရှိတာ ဖြစ်နိုင်ပါတယ်။ မကုသဘဲ ထားလိုက်ပါက နှလုံးခုန်နှုန်းမမှန်ခြင်း (ပုံမှန်မဟုတ်သော နှလုံးခုန်နှုန်း)၊ သွေးတိုးခြင်း၊ နှလုံးဖောက်ခြင်းနှင့် နှလုံးခုန်ရပ်ခြင်းကဲ့သို့သော နှလုံးသွေးကြောဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်လာနိုင်ပါတယ်။

ခေါင်းမူးခြင်း

ကွီးတို့ နှလုံးမှာ

Photo : Dr. Weil

မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း စတာတွေအပြင် အထူးသဖြင့် နှလုံးပြဿနာများနဲ့ ခံစားရပါက ဦးနှောက်က သွေးလုံလောက်စွာ မရရှိကြောင်း ညွှန်ပြတာမျိုး ဖြစ်နိုင်ပါတယ်။ မူးဝေခြင်းက မူမမှန်ခြင်း၊ နှလုံးထိခိုက်ခြင်း သို့မဟုတ် aortic stenosis ကဲ့သို့ နှလုံးအဆို့ရှင်ပြဿနာ ဖြစ်နိုင်ခြေကို ပြသနေတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် မပေါ့ဆသင့်ပါဘူး။ အခြားနှလုံးရောဂါ လက္ခဏာများနှင့်အတူ မူးဝေခြင်းကို ခံစားရပါက အမြန်ဆုံး အရေးပေါ်ပြသရန် လိုအပ်ပါတယ်။

ချွေးထွက်ခြင်း

ကွီးတို့ နှလုံးမှာ

Photo : University of Mamai News

ကွီးတို့အနေနဲ့ လေ့ကျင့်ခန်းလုပ်ခြင်း၊ လှုပ်ရှားမှုများများ ပြုလုပ်ခြင်းနဲ့ ရာသီဥတု စတာတွေကြောင့် မဟုတ်ဘဲ ပုံမှန်ထက်ပိုပြီး ချွေးထွက်ပါက ခန္ဓာကိုယ်အတွက် ဖိစီးမှု လက္ခဏာတစ်ရပ် ဖြစ်နိုင်ပါတယ်။ အကယ်၍ ကွီးတို့က ရုတ်တရက် ချွေးထွက်ခြင်း သို့မဟုတ် ချွေးအေးထွက်ခြင်းတို့ကို ခံစားရပါက နှလုံးဖောက်ခြင်းရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက် အနေနဲ့ကတော့ လက်၊ လည်ပင်း၊ မေးရိုး သို့မဟုတ် ရင်ဘတ်တွင် မသက်မသာဖြစ်စေသော ချွေးများထွက်ခြင်း သို့မဟုတ် အသက်ရှုကြပ်ခြင်းတို့ ဖြစ်ပေါ်ပါက နှလုံးသွေးကြောကျဉ်းရောဂါရဲ့ လက္ခဏာတစ်ရပ် ဖြစ်နိုင်တာကြောင့် အလေးအနက်ထားသင့်ပါတယ်။ ဒီလို အခြေအနေမျိုးတွေ ခံစားရပါကလည်း အမြန်ဆုံးနီးစပ်ရာ ဆေးရုံဆေးခန်းကို သွားရောက် ကုသမှုခံယူပါ။

မောပန်းခြင်း သို့မဟုတ် ပင်ပန်းနွမ်းနယ်မှု

Photo : Triumph

ကွန်တော်တို့ နေ့စဉ်လှုပ်ရှားရသော အခြေအနေများပေါ်မူတည်ပြီး ပင်ပန်းနွမ်းနယ်မှုကို ခံစားရနိုင်ပါတယ်။ သို့သော်လည်း ပုံမှန်မဟုတ်သော အလွန်အမင်း ပင်ပန်းနွမ်းနယ်မှုများ ခံစားရခြင်း၊ ဥပမာအားဖြင့် လှေကား အနည်းငယ်တတ်တာနဲ့ ပင်ပန်းခြင်း၊ ပစ္စည်းအနည်းငယ် သယ်ရုံနဲ့ ပင်ပန်းခြင်း စတာတွေ ခံစားရပြီဆိုရင် ကွီးတို့ နှလုံးမှာ ပြဿနာရှိနေပါပြီ။ အခြားအဖြစ်များတဲ့ လက္ခဏာတွေကတော့ အသက်ရှူမဝခြင်းနဲ့ အိပ်ရေးပျက်ခြင်းတို့ ပါဝင်ပါတယ်။ ဒီလို ခံစားနေရတယ်ဆိုရင် အလေးအနက်ထားပြီး အမြန်ဆုံး ဆရာဝန်နဲ့ ပြသပါ။

သွားများဆုံးရှုံးခြင်း

Photo : Yonge Eglinton Dental

သွားကျိုးခြင်းက ခံတွင်းသန့်ရှင်းမှုရဲ့ လက္ခဏာတစ်ရပ် ဖြစ်နိုင်သော်လည်း ၎င်းသည် နှလုံးကျန်းမာရေး ပြဿနာ ဖြစ်နိုင်ခြေလည်း ရှိနေပါတယ်။ American Heart Association (AHA) မှ သုတေသနပြုချက်များအရ သွားများဆုံးရှုံးသည့် သက်လတ်ပိုင်းအရွယ် (အသက် ၄၅ မှ ၆၉ နှစ်အထိ) သည် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေ ပိုများကြောင့် တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ရှစ်နှစ်တာကာလအတွင်း သွားနှစ်ချောင်း သို့မဟုတ် ထို့ထက်ပို၍ ဆုံးရှုံးသွားသူများသည် သွားဆုံးရှုံးမှုမရှိသူများထက် နှလုံးရောဂါဖြစ်နိုင်ခြေ ၁၆ ရာခိုင်နှုန်း ပိုများတယ်လို့ ဆိုပါတယ်။ သွားများဆုံးရှုံးခြင်းက  ချက်ချင်းစိုးရိမ်စရာ မရှိသော်လည်း နှလုံးရောဂါဖြစ်နိုင်ခြေများကို လျှော့ချရန်အတွက် နှလုံး အထူးကုဆရာဝန်နဲ့ သေချာဆွေးနွေးသင့်ပါတယ်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တဲ့ အချက်တွေထဲက တစ်ခု ဒါမဟုတ် တစ်ခုထက်ပိုပြီး ခံစားနေရရင် မပေါ့ဆပါနဲ့။ ဒါက ကွီးတို့ရဲ့ နှလုံးမှာ ပြဿနာရှိနေတာ ဖြစ်နိုင်ပါတယ်။ ကျန်းမာ အသက်ရှည်စွာနေထိုင်ဖို့အတွက် မိမိကျန်းမာရေးကို အထူးအလေးပေးသင့်ပါတယ်။ ကျန်းမာမှ ကွီးတို့ စိတ်သွားတိုင်း ကိုယ်ပါပြီး ကိုယ်လုပ်ချင်တာတွေကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Source : HCA Florida Healthcare

Featured Photo : The Sun