ဒီနေ့ခေတ် စမတ်နာရီတွေမှာ နည်းပညာ အဆင့်မြှင့်တင် တိုးတက်လာတာနဲ့အမျှ ကျန်းမာရေးဆိုင်ရာ ခြေရာခံမှုတွေ ၊ Notifications ဖော်ပြချက်တွေအပြင် ဖုန်းပြောလို့ပါရနိုင်တဲ့ eSIM Support ပေးတဲ့ Features အသစ်တွေ ပါဝင်လာတာ တွေ့ရပါတယ်။ ကွီးတို့ အရင်လို စမတ်ဖုန်းတွေပေါ်ကနေပဲ ဖုန်းဆက်သွယ်ပြောဆိုနိုင်တာ မဟုတ်တော့ပဲ အရွယ်အစားသေးငယ်တဲ့ စမတ်နာရီတွေ ပေါ်ကနေ တိုက်ရိုက် ဖုန်းခေါ်တာ ၊ စာပို့တာတွေ လုပ်ဆောင်လို့ ရနေပါပြီ။ ဒီဆောင်းပါးမှာတော့ ၂၀၂၅ ခုနှစ်ထဲက eSIM Support ရတဲ့ အမိုက်စား Smartwatches တွေအကြောင်း ပြောပြပေးပါမယ်။
(၁) Apple Watch Series 10
Photo : 9to5Toys
Apple ရဲ့ Watch Series 10 ကတော့ လက်ရှိ Smartwatches တွေထဲမှာ နံပါတ် ၁ ပြေးနေတဲ့ အမိုက်စား စမတ်နာရီတစ်လုံး ဖြစ်ပါတယ်။ ကွီးတို့ရဲ့ iPhone ကိုအိမ်မှာထားခဲ့ရင်တောင် eSIM Support ပေးထားတဲ့အတွက် နာရီပေါ်ကနေပဲ အလွယ်တကူ ဖုန်းခေါ်ဆိုတာ ၊ စာတိုပေးပို့တာတွေကို လုပ်ဆောင်နိုင်မှာပါ။ Apple Watch Series 10 ဟာ ရှေ့မှာထွက်ခဲ့တဲ့ မော်ဒယ်တွေထက် Battery Life ကို ပိုကောင်းအောင် မြှင့်တင်ပေးထားပြီး ကျန်းမာရေးဆိုင်ရာ အမိုက်စား Features တွေ ပါဝင်ပါတယ်။
(၂) Samsung Galaxy Watch 7 LTE
Photo : Lifehacker
Samsung Galaxy Watch 7 LTE ကတော့ အကြမ်းပတမ်းခံ ဘက်ထရီခံတဲ့ စမတ်နာရီလို့ နာမည်ကြီးပါတယ်။ eSIM Support ပေးထားလို့ ဖုန်းခေါ်ဆိုတာ ၊ စာပို့တာနဲ့ Stream Music နားထောင်တာတွေ နာရီပေါ်ကနေပဲ ကွီးတို့ တိုက်ရိုက်လုပ်ဆောင် နိုင်မှာပါ။ အမိုက်စား Fitness Tracking ၊ Sleep Tracking တွေအပြင် ပိုကောင်းတဲ့ Heart Rate Readings ၊ Body Analysis Features တွေ ပါဝင်ပါတယ်။
(၃) Google Pixel Watch 2 LTE
Photo : PC Guide
Google Pixel Watch 2 LTE ကတော့ Android Smartwatches တွေထဲက နောက်ထပ် ဆရာတစ်ဆူလို့ ပြောရမယ့်ကောင်ပါ။ ကွီးတို့ နှစ်သက်ရာ ဘယ် စမတ်ဖုန်း အမျိုးအစားနဲ့မဆို ချိတ်ဆက်အသုံးပြုနိုင်မှာ ဖြစ်ပြီး eSIM Support လည်း ပေးထားပါတယ်။ Google Pixel Watch 2 LTE မှာ Fitbit ရဲ့ ကျန်းမာရေးဆိုင်ရာ ခြေရာခံမှုတွေ ၊ လှပသေသပ်တဲ့ နာရီဒီဇိုင်းပုံစံနဲ့ AI စနစ်တွေလည်း ပါဝင်ပါတယ်။ Simple ဖြစ်ပြီး Classy ဖြစ်တဲ့ ဒီဇိုင်းနဲ့ ထုတ်ထားတာဖြစ်လို့ ယောကျာ်းလေးတွေရော မိန်းကလေးတွေအတွက်ပါ သင့်လျော်ပါတယ်။
(၄) Huawei Watch 4 Pro LTE
Photo : HUAWEI Global
eSIM Support ပေးထားတဲ့ Smartwatches တွေအကြောင်း ပြောတဲ့အခါ မပါမဖြစ် ထည့်ပြောရမှာ ကတော့ အထာကျတဲ့ ဒီဇိုင်းနဲ့ Battery Life ကြာကြာခံတဲ့ Huawei Watch 4 Pro LTE ပါပဲ။ ကွီးတို့ အကြိုက် မာကျောပြီး အကြမ်းခံတဲ့ ကိုယ်ထည် ၊ ကြီးမားကျယ်ပြန့်တဲ့ နာရီဒိုင်ခွက် ၊ လှပသေသပ်တဲ့ ဒီဇိုင်းတွေအပြင် ခန္ဓာကိုယ်ရဲ့ အသက်ရှုသွင်း ရှုထုတ်စနစ် ၊ SpO₂ ၊ ECG စတဲ့ ကျန်းမာရေးဆိုင်ရာ ခြေရာခံစနစ်တွေလည်း ပါဝင်ပါတယ်။
Source : Analytics Insight
Featured Photo : ESIM-Man