အိပ်ရာထဲမှာ ကွီးတို့ အစွမ်းပြသလောက် ကွီးတို့ရဲ့ ပါတနာ မယ်မဒီလေး အမှန်တကယ် ကောင်းရဲ့လား ၊ ကျေနပ်မှု ရရဲ့လားဆိုတာ သိချင်ပါသလား ? Fake Orgasm တွေလုပ်ပြနေတာမဟုတ်ပဲ တကယ်ကောင်းတဲ့ ခံစားမှုကို ရနေလားဆိုတာ သိချင်ရင်တော့ ကွီးတို့ အခုပြောပြမယ့် အချက်လေးတွေနဲ့ စစ်ကြည့်လို့ ရပါတယ်။
(၁) ရင်ခုန်သံတွေ တဒိန်းဒိန်းမြည် နေတယ်ဆိုရင်
Photo : Mensxp
စိတ်ခံစားမှုရဲ့နောက်မှာ ရင်ခုန်သံတွေ လိုက်လာတက်ပါတယ်။ ကွီးတို့ မယ်မဒီလေး တကယ်ပဲ လိင်စိတ်ခံစားမှု အထွတ်အထိပ်ကို ရောက်နေတယ်ဆိုရင် သူမရဲ့ နှလုံးခုန်နှုန်းတွေ မြန်ဆန်လာတာကို ခံစားရနိုင်ပြီး ရင်ခုန်သံတွေ တဒိန်းဒိန်းမြည် နေတာကို ခပ်သဲ့သဲ့ကြားရပါလိမ့်မယ်။
(၂) မိန်းမကိုယ် အတွင်းပိုင်း တုန့်ပြန်မှုတွေကို မြင်တွေ့ရတယ်ဆိုရင်
Photo : Mensxp
အမျိုးသမီးတွေဟာ လိင်စိတ်ခံစားမှု ကောင်းတယ်ဆိုရင် သူမတို့ရဲ့ ညီမလေးအတွင်းပိုင်းကနေ အချက်ပြမှုတွေကို ပေးပါတယ်။ လိင်စိတ်တွေ အရမ်းကို နှိုးကြားတက်ကြွပြီး ကာမရမက်တွေ ပြင်းပြလာတဲ့အခါ မိန်းမကိုယ်ရဲ့ အတွင်းပိုင်း ကြွက်သားတွေဟာ ကျုံ့လိုက်ဆန့်လိုက် ပိုဖြစ်လာပြီး အလွန်အမင်း စိုစွတ်လာတက်ပါတယ်။ ဒီလို Sign တွေပြနေတယ်ဆိုရင် ကွီးတို့ မယ်မဒီလေး တကယ်ကောင်းနေတာပါ။
(၃) ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုတွေ ပြောင်းလာတယ်ဆိုရင်
Photo : Mensxp
လိင်စိတ်ခံစားမှု အရမ်းကောင်းနေတဲ့အခါ သိသိသာသာ မြင်နိုင်တာကတော့ သူမရဲ့ လက်တွေ ၊ ခြေထောက်တွေ ကုပ်ထားတာ သို့မဟုတ် ဆန့်ထုတ်တာ ၊ အိပ်ရာခင်း ဒါမှမဟုတ် ကွီးတို့ရဲ့ ခန္ဓာကိုယ်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားတာ စတဲ့ လှုပ်ရှားမှုတွေကို မြင်ရနိုင်ပါတယ်။ လိင်စိတ်ခံစားမှုအရှိန်ဟာ အရမ်းကောင်းနေပြီဆိုတာနဲ့ ကွီးတို့ပါတနာရဲ့ ခန္ဓာကိုယ် ကြွက်သားတွေဟာ တောင့်တောင့်တင်းတင်းနဲ့ တင်းကြပ်လာမှာဖြစ်ပြီး သူမရဲ့ ခန္ဓာကိုယ်တစ်ခုလုံးဆီကို ပျံ့နှံ့ကာ ကြည်နူးမှုကို ခံစားရစေမှာ ဖြစ်ပါတယ်။
(၄) မျက်လုံးတွေမှာ အချစ်မီးလျှံတွေ တောက်လောင်နေတယ်ဆိုရင်
Photo : Mensxp
မျက်လုံးတွေဟာ စိတ်ရဲ့အလင်းတံခါး တစ်ချပ်ပါ။ တကယ် ခံစားမှုကောင်း/ မကောင်းဆိုတာကို မျက်လုံးတွေ ကြည့်တာနဲ့ သိနိုင်ပါလိမ့်မယ်။ သေချာတာ တစ်ခုကတော့ လိင်စိတ်ခံစားမှုတွေ အရမ်းကိုကောင်းနေပြီဆိုရင် ကွီးတို့ ပါတနာ မျက်ဝန်းတွေထဲက မျက်စိသူငယ်အိမ်ဟာကျယ်ကားနေမှာ ဖြစ်ပြီး အာရုံစူးစိုက်မှုအပြည့်နဲ့ အချစ်မီးလျှံတွေ တဟုန်းဟုန်း တောက်လောင်နေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Missionary Position လို မျက်နှာချင်းဆိုင် မျက်လုံးချင်းဆုံပြီး အချစ်တွေ ဖန်တီးမယ်ဆိုရင်တော့ ရင်ခုန်စိတ်လှုပ်ရှားစရာ ပိုကောင်းပြီး ကျေနပ်စရာ အခိုက်အတန့်ကို ရစေမှာပါ။
Source : Mensxp
Featured Photo : A healthy Living and Lifestyle Website