အထီးကျန် မှုဆိုတာ တနည်းအားဖြင့် ဝမ်းနည်းခြင်း သို့မဟုတ် ငြင်းပယ်ခံရခြင်းလို့ သတ်မှတ်နိုင်ပါတယ်။ ကိုယ့်ရဲ့ခံစားချက်တွေကို ရင်ဖွင့်ပြောပြဖို့ တစ်စုံတစ်ယောက်မှမရှိတဲ့အခါ အထီးကျန်ခြင်းဆိုတာ ဖြစ်လာတက်ပါတယ်။ တစ်ခါတစ်လေမှာ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကြောင့်လည်း အထီးကျန်မှုဝေဒနာကို ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အထီးကျန်မှုဝေဒနာကို ကျော်လွှားနိုင်ဖို့ သင်ဘာတွေလုပ်ဆောင်သင့်လဲဆိုတာ ပြောပြပေးသွားမှာပါ။
(၁) ပုံမှန်လူတစ်ယောက်လို ရှင်သန်ပါ
Photo : Medium
တစ်ယောက်တည်း အခန်းအောင်းပြီး ဘားမှမလုပ်ပဲထိုင်နေတာမျိုးက သင့်ကိုပိုပြီးအထီးကျန်တဲ့ ခံစားချက်တွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်လူတွေလိုပဲ နေထိုင်ဖို့အကြံပြုချင်ပါတယ်။ ဥပမာ သူငယ်ချင်းတွေနဲ့ ရုပ်ရှင်ကြည့်တာ ၊ စိတ်ဝင်စားစရာ အသစ်အစမ်းတစ်ခုကိုစမ်းလုပ်ကြည့်တာမျိုးတွေလုပ်ပါ။ သင်က ဂီတကိုစိတ်ဝင်စားတယ်ဆိုရင် ဂီတသင်တန်းတက်တာ ၊ ဘာသာစကားအသစ်သင်ယူတာ စတဲ့အရာတွေလုပ်ဆောင်မယ်ဆိုရင် မိတ်ဆွေအသစ်တွေလည်း ရလာနိုင်ပြီး အထီးကျန်မှုကို ဖယ်ရှားပေးပါလိမ့်မယ်။
(၂) ကိုယ့်ကိုယ်ကိုယ် ကြင်နာပါ
Photo : CiC Wellbeing
သင်အနေနဲ့ ဒေါသထွက်လို့ရတယ် ၊ ပေါက်ကွဲလို့ရတယ် ၊ ငိုကြွေးပစ်လို့ရတယ်။ သို့သော် သင့်ကိုအနှုတ်လက္ခဏာဆောင်တဲ့ အတွေးတွေ ကြီးစိုးခွင့်မပြုလိုက်ပါနဲ့။ ဒါဟာ အထီးကျန်ခြင်းကိုဖြစ်စေဖို့ ဦးတည်နေတယ်ဆိုတာ သတိပြုပါ။ ဘယ်လို အခြေအနေမှာဖြစ်ဖြစ် အရေးကြီးဆုံးက ကိုယ့်ကိုယ်ကိုယ် ကြင်နာဖို့ ကိုယ့်ကိုယ်ကိုယ် ချစ်တက်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် နာကျင်စေမယ့် အရာတွေကို ရှောင်ကျဉ်ပြီး ကိုယ့်ကိုယ်ကိုယ် အရင်ကထက်ပိုပြီး ဂရုစိုက်ပေးပါ။
(၃) သီးခြားကမ္ဘာထဲက ထွက်လိုက်ပါ
Photo : Blys
အထီးကျန်မှုကို ခံစားရသူအများစုဟာ သူတို့ရဲ့ ကိုယ်ပိုင်သီးခြားကမ္ဘာထဲမှာပဲ နေထိုင်ဖို့ ကြိုးစားတက်ကြပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့ရဲ့ခံစားချက်တွေက တခြားသူတွေက နားမထောင်ပေးမှာ ၊ ပြက်ရယ်ပြုမှာ စိုးရိမ်တာကြောင့်ပါ။ သို့သော်အရာအားလုံးကို တစ်ယောက်တည်းမြိုသိပ်ထားတာများလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုလျော့ကျလာပြီး အထီးကျန်ခြင်းတွေ ပိုဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သီးခြားကမ္ဘာထဲကထွက်ပြီး လူတွေနဲ့ ပြောဆိုဆက်ဆံပါ။ တစိမ်းတွေနဲ့စကားပြောပါ။ တစ်ယောက်တည်းနေထိုင်တဲ့ အကျင့်ကို စွန့်လွှတ်လိုက်ပါ။
(၄) သင်တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ သတိရပါ
Photo : Online Masters in Social Work – Virginia Co
သင်တကယ် နားလည်ထားရမှာတစ်ခုက လူတိုင်းလူတိုင်းက အထီးကျန်ခြင်းတွေကို တိုက်ထုတ်ဖို့ ကြိုးစားနေကြရတယ်ဆိုတာပါပဲ။ ဘဝကအမြဲပျော်စရာတွေပဲပေးတယ်လို့ ပြောတဲ့သူမျိုး သင်မြင်ဖူးပါသလား။ လူတိုင်းလူတိုင်းမှာ ခက်ခဲတဲ့အချိန်တွေ အဆင်မပြေမှုတွေဆိုတာ ရှိကြစမြဲပါပဲ။ ဒါကြောင့် အထီးကျန် ဆန်နေတာ ခံစားချက်တွေ ရှုပ်ထွေးနေတာက ငါတစ်ယောက်တည်း ဖြစ်နေတာ မဟုတ်ဘူးဆိုတာ လက်ခံထားပါ။ သင့်ရဲ့အတွေးတွေ ခံယူထားတဲ့ စိတ်အခြေအနေတွေကို ပြောင်းလဲလိုက်တာနဲ့ အထီးကျန်မှုကို လျော့ကျသက်သာစေမှာပါ။
Source : British Heart Foundation
Featured Photo : Meridian Grooming