ချစ်တင်းနှောတဲ့အခါ အမျိုးသားတွေရဲ့ စွမ်းဆောင်ချိန်ဟာ ၅ မိနစ်ကနေ မိနစ် ၃၀ ခန့်ရှိတယ်လို့ ယေဘုယျအားဖြင့် သတ်မှတ်လို့ ရပါတယ်။ ၅ မိနစ်ထက်လျော့ပြီး သုတ်လွှတ်ရင်တော့ ကွီးတို့ အင်ဂျင်မှာ ချို့ယွင်းချက် ရှိနေလို့ပါ။ ဒီလို သုတ်လွှတ်မြန်တဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် Lifestyle ပြောင်းလဲတာ ၊ ဆေးဘက်ဆိုင်ရာ ကုထုံးခံယူတာ စတဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ဒီဆောင်းပါးမှာတော့ အင်ဂျင် ကြာကြာ မောင်းနိုင်ဖို့ ကွီးတို့ အထိရောက်ဆုံး နည်းလမ်းအချို့ကို ပြောပြပေးချင်ပါတယ်။
(၁) Squeeze To Squeeze နည်းလမ်း သုံးပါ
Photo : Men’s Health
မြန်မြန်ဆန်ဆန် သုတ်လွှတ်ပြီး အင်ဂျင် ရပ်မသွားစေဖို့ ခပ်ထူထူ ကွန်ဒုံးဝတ်တာက အကောင်းဆုံး နည်းလမ်းလို့ ပြောရပါမယ်။ ဒါ့အပြင် Squeeze To Squeeze နည်းလမ်းကိုသုံးပြီး ကွီးတို့ရဲ့ သုတ်လွှတ်ချိန်ကို ကြန့်ကြာအောင် ဆွဲဆန့်လို့ ရနိုင်ပါတယ်။ Squeeze To Squeeze နည်းလမ်းဆိုတာကတော့ ဆက်ဆံနေစဉ်အတွင်းမှာ သုတ်လွှတ်ချင်စိတ် ဖြစ်ပေါ်လာတဲ့အခါ လိင်တံကို လက်ညိုး ၊ လက်မနဲ့ ဆုပ်ကိုင်ပြီး စက္ကန့်ပိုင်းလောက် တင်းတင်းကျပ်ကျပ် ညှစ်ထားတာကို ဆိုလိုပါတယ်။ ဒီနည်းလမ်းကို ဆက်ဆံမှုတစ်ကြိမ်အတွင်း သုတ်လွှတ်ချင်လာတဲ့အခါ ၂ ကြိမ် ကနေ ၃ ကြိမ်ခန့်လောက် ပြုလုပ်နိုင်ပါတယ်။
(၂) ပါတနာအတွက် သာယာမှုကို ပိုအလေးထား လုပ်ဆောင်ပေးပါ
Photo : Men’s Health
ကွီးတို့ အင်ဂျင် ကြီး ခဏလေးအတွင်းမှာ စက်သေမသွားဖို့အတွက် နှစ်ဦးနှစ်ဖက် အဆင်ပြေမယ့် Win Win နည်းလမ်းကို အသုံးပြုနိုင်ပါတယ်။ ဒါကတော့ ကွီးတို့ ပါတနာရဲ့ သာယာမှုကို ဦးစားပေး လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ ကွီးတို့ရဲ့ ပါးစပ် ၊ လက်ချောင်းတွေ ဒါမှမဟုတ် လူကြီးကစားစရာ အရုပ်တွေကို အသုံးပြုပြီး ပါတနာကို အထွတ်အထိပ် ခံစားမှု ရရှိစေဖို့ နှိုးဆွလှုံ့ဆော် ပေးရမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းက သုတ်လွှတ်မှုကို ကြန့်ကြာစေနိုင်သလို ကွီးတို့ရော ကွီးတို့ ပါတနာပါ သာယာပျော်ရွှင်ဖွယ် ခံစားမှုကို ရရှိနိုင်ပါလိမ့်မယ်။
(၃) အသက်ရှုသွင်းရှုထုတ် လုပ်ပါ
Photo : Men’s Health
ချစ်တင်းနှော နေစဉ်အတွင်းမှာ သုတ်လွှတ်ချင်စိတ် ဖြစ်ပေါ်လာတဲ့အခါ ဆက်ဆံမှုကို ချက်ချင်းရပ်တန့်ပြီး ၁၅ စက္ကန့်ကနေ စက္ကန့် ၃၀ လောက် အသက်ကို ဖြည်းဖြည်းချင်း ရှုသွင်းရှုထုတ် ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ သုတ်လွှတ်မှုကို အာရုံလွှဲတဲ့ နည်းလမ်းဖြစ်ပြီး စိတ်ကိုလျှော့ချကာ အသက်ရှုသွင်းရှုထုတ် ပြုလုပ်ရတာ ဖြစ်တာကြောင့် သုတ်လွှတ်ချင်စိတ်ကို လျော့ကျစေမှာ ဖြစ်ပါတယ်။
Source : Men’s Health
Featured Photo : Men’s Health