ကိုယ် စားသုံးလိုက်တဲ့ အစားအစာများသည် ကိုယ့်ကျန်းမာရေးအပေါ် များစွာထင်ဟပ်အကျိုးသက်ရောက်နေတယ်ဆိုတာကို ကွီးတို့အားလုံး သိပြီးသားဖြစ်ပါလိမ့်မယ်။ ကိုယ့်ရဲ့ ခန္ဓာကိုယ်အနံ့အသက် ပြင်းခြင်း မပြင်းခြင်းသည်လည်း ကိုယ် စားသုံးလိုက်တဲ့ အစားအစာအပေါ် များစွာမူတည်ပါတယ်။ ကွီးတို့လည်း ကိုယ့်ရဲ့ ခန္ဓာကိုယ် ကို ကျန်းမာရေးနဲ့အညီ ရနံ့ဆိုး ထွက်ခြင်းမှ ကာကွယ်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် သဘာဝ အစားအစာ များကို စားသုံးပေးဖို့လိုအပ်ပါလိမ့်မယ်။

ကျန်းမာရေးနှင့် ညီညွှတ်တဲ့ အစားအစာများသည် အသားအရေအတွက် များစွာအကျိုးဖြစ်စေရုံသာမကဘဲ ခန္ဓာကိုယ် ရနံ့ဆိုးထွက်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

ကွီးတို့သည် ကိုယ့်ရဲ့ ခန္ဓာကိုယ် ရနံ့အတွက် စိတ်ပူနေတယ်ဆိုရင်တော့ ဒီ သဘာဝ အစားအစာ များကို များများစားသုံးပေးလိုက်ပါ။

အချဉ်ဓာတ် ကြွယ်ဝသော အစားအစာများ

ခန္ဓာကိုယ် သဘာဝ အစားအစာ

အချဉ်ဓာတ် ကြွယ်ဝသော အစားအစာများသည် ခန္ဓာကိုယ်ရဲ့ အနံ့အသက်အပေါ် များစွာ အကျိုးသက်ရောက်မှုရှိပါတယ်။ ခန္ဓာကိုယ်ရှိ ရနံ့ဆိုးများကို ဖယ်ရှားပေးပြီး သင်းပျံ့တဲ့ရနံ့များဖြင့် အစားထိုးပေးပါတယ်။ ဘယ်လိုအစားအစာများလည်းဆိုတော့ လိမ္မော်သီး၊ ရှောက်ချိုသီး၊ စတော်ဘယ်ရီသီး၊ နာနတ်သီးနှင့် ပန်းသီးကဲ့သို့ အစားအစာများပဲဖြစ်ပါတယ်။ ကွီးတို့ရဲ့ ခန္ဓာကိုယ် ရနံ့ကို သင်းပျံ့လာစေမယ့် သဘာဝ အစားအစာ များပဲဖြစ်ပါတယ်။

စံပယ်ရနံ့ ရေနွေးကြမ်း

ခန္ဓာကိုယ် သဘာဝ အစားအစာ

ဆေးဖက်ဝင် လက်ဖက်ရည်များသည် ခန္ဓာကိုယ်ထဲရှိ အညစ်အကြေးနှင့် အဆိပ်အတောက်များကို ဖယ်ရှားပေးပါတယ်။ စံပယ်ရနံ့ ရေနွေး ကြမ်းများကတော့ အစာအိမ်နှင့် အူလမ်းကြောင်းကို ကျန်းမာစေပြီး ခန္ဓာကိုယ်ကို အနံ့အသက် ကောင်းမွန်စေပါတယ်။

သံပုယိုသီးနှင့် ရေ

ခန္ဓာကိုယ် သဘာဝ အစားအစာ

ရေချည်းပဲ သီးသန့်သောက်သုံးရင်တောင် ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ တော်တော်ဖြစ်ထွန်းစေပါတယ်။ တကယ်လို့ သံပုယိုသီးနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင်တော့ ခန္ဓာကိုယ်ရနံ့အတွက် အကျိုးကျေးဇူးတွေ အများအပြားရရှိစေမှာပဲဖြစ်ပါတယ်။

ဒိန်ချဉ်

ခန္ဓာကိုယ် သဘာဝ အစားအစာ

ဒိန်ချဉ်ထဲတွင် ပါဝင်တဲ့ Probiotics များသည် အစာချေစနစ်ကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်ရဲ့ ရနံ့များကိုလည်း သဘာဝအတိုင်း ကောင်းမွန်စေလာပါတယ်။

သစ်ကြမ်းပိုးခေါက်

ခန္ဓာကိုယ် သဘာဝ အစားအစာ

သစ်ကြမ်းပိုးခေါက်သည် ခံတွင်းရနံ့ဆိုးများကို ဖယ်ရှားပေးရုံသာမကဘဲ သွားနှင့် ခံတွင်းထဲရှိ ဘက်တီးရီးယားများကိုလည်း သေစေနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ အစာချေစနစ်ကိုလည်း ကူညီပေးပါသေးတယ်။

ပင်စိမ်းရွက်

tips for best body odour for kwee

ဟင်းလျာများ ချက်ပြုတ်စားသုံးတဲ့အခါ ပင်စိမ်းရွက်လေးကို များများအသုံးပြုပေးလိုက်ပါ။ ဒီလိုပြုလုပ်ခြင်းအားဖြင့် အစာချေစနစ်ကို ကောင်းမွန်စေတဲ့အပြင် ခန္ဓာကိုယ် ရဲ့ အနံ့အသက်ဆိုးများကိုလည်း သဘာဝအတိုင်း ဖယ်ရှားပေးနိုင်ပါတယ်။

ခန္ဓာကိုယ် ရနံ့ဆိုးထွက်ခြင်းမှ ကာကွယ်ဖို့ရန်အတွက် စားသုံးရမယ့် သဘာဝ အစားအစာ များအကြောင်း သိသွားပြီဆိုတော့ သဘာဝနည်းလမ်းတွေအကြောင်းကို ဆက်လက်ဖော်ပြပေးချင်ပါတယ်။

Rosemary အသုံးပြုပါ

tips for best body odour for kwee

Photo: Bathtubber

ဒီနည်းလမ်းကတော့ စားရမယ့်နည်းလမ်းမဟုတ်တော့ပါဘူး။ Rosemary အရွက်များကို အခြောက်ခံထားလိုက်ပါ။ ပန်းကန်လုံး တစ်ဝက်စာခန့်ရအောင် အခြောက်ခံပါ။ ထို့နောက် ရေနွေးပူထဲထည့်ကာ ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။ ထို့နောက် အနည်းငယ်ခန့် အအေးခံထားပြီးလိုက်တဲ့အခါမှာ ရေချိုးကန်ထဲတွင် အခြားသောရေများဖြင့် ပေါင်းစပ်လိုက်ပါ။ ထို့နောက် ရေချိုးကန်ထဲတွင် ၁၅ မိနစ်မှ မိနစ် ၂၀ ခန့်အထိ ရေစိမ်ပေးလိုက်ပါ။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ ရေခြောက်အောင် သုတ်ပေးလိုက်လို့ရပါပြီ။

ဒီနည်းလမ်းကို တစ်ပတ်လျှင် ၁ ကြိမ်ခန့် အသုံးပြုပေးနိုင်ပါတယ်။ Rosemary သည် ခန္ဓာကိုယ်ရနံ့ကို မွေးပျံ့လာစေတဲ့ သဘာဝ အမွှေးခဲတစ်ခုလိုပါပဲ။ သူ့ထဲမှာပါဝင်တဲ့ Menthol နှင့် Chlorophyll သည် ဘက်တီးရီးယားများကို ဖယ်ရှားပေးပြီး ခန္ဓာကိုယ် ရနံ့ကို မွှေးပျံ့လာအောင် ကူညီပေးတာဖြစ်ပါတယ်။

ခန္ဓာကိုယ်တွင် အနံ့ဆိုးအထွက်အများဆုံး နေရာကတော့ ချိုင်းကြားနေရာပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးရှိ အနံ့အသက်များကို ကောင်းမွန်လာအောင် ပြုလုပ်ပြီးတာတောင်မှပဲ ချိုင်းကြားရနံ့က သိသိသာသာမပျောက်ကင်းသွားဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းများကို အသုံးပြုနိုင်ပါတယ်။

ချိုင်းကြားရနံ့ကို ဖယ်ရှားပေးဖို့ရန်အတွက် အယ်လ်ကိုဟောနှင့် ရှာလကာရည် အသုံးပြုပါ

tips for best body odour for kwee

အယ်လ်ကိုဟောနှင့် ရှာလကာရည်တို့ကို ရေအနည်းငယ်ဖြင့် ရောစပ်ပေးလိုက်ပါ။ ရေချိုးနေစဉ်မှာ ထိုအရည်အရောအနှောကို ချိုင်းကြားအသားအရေပေါ်မှာ ပွတ်တိုက်ပေးလိုက်ပါ။ ဒီလို ပြုလုပ်ပေးခြင်းအားဖြင့် အသားအရေရဲ့ pH ပမာဏကို ထိန်းညှိပေးပြီး ချိုင်းနံ့ ပြင်းထန်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။

ချိုင်းကြားရနံ့ဆိုးကြောင့် လူကြားထဲမှာ သွားလာရတာ မဝံ့မရဲဖြစ်နေသူများအတွက် အထိရောက်ဆုံး နည်းလမ်းလေးတစ်ခုပဲဖြစ်ပါတယ်။ တစ်ပတ်လျှင် တစ်ကြိမ်မှ နှစ်ကြိမ်ခန့်အထိ ပြုလုပ်ပေးနိုင်ပါတယ်။ တဖြည်းဖြည်းကြာလာတဲ့အခါမှာတော့ ရနံ့ဆိုးများ ကွယ်ပျောက်သွားမှာပဲဖြစ်ပါတယ်။

မုန့်ဖုတ်ဆိုဒါနှင့် သံပုယိုရည် အသုံးပြုပါ

tips for best body odour for kwee

Photo: Drsircus

လတ်လတ်ဆတ်ဆတ် ညှစ်ထားတဲ့ သံပုယိုရည်နှင့် မုန့်ဖုတ်ဆိုဒါတို့ကို သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် ချိုင်းကြားအသားအရေပေါ်မှာ သုတ်လိမ်းပေးလိုက်ပါ။ မိနစ်အနည်းငယ်ခန့်ကြာအောင် စောင့်ပြီးတဲ့နောက်မှာတော့ ရေဖြင့် ဆေးချလိုက်လို့ရပါပြီ။ မုန့်ဖုတ်ဆိုဒါနှင့် သံပိုယိုရည်အရောအနှောသည် ချိုင်းကြား အသားအရေကို ချောမွတ်လာစေပြီး ရနံ့ဆိုးထွက်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

ဒီနည်းလမ်းကိုလည်း တစ်ပတ်လျှင် တစ်ကြိမ်မှ နှစ်ကြိမ်ခန့်အထိ ပြုလုပ်ပေးနိုင်ပါတယ်။

ဒီလိုနည်းလမ်းများကို သိထားရမယ့်အပြင် မိမိရဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် မိမိဝတ်ဆင်တဲ့ အဝတ်အစားများကိုလည်း သေချာဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ ဝတ်ပြီးသား အဝတ်အစားများကို ထပ်တလဲလဲ ဝတ်ဆင်ခြင်းမှ ရှောင်ကြဉ်ခြင်းသည်လည်း အဓိကကျတဲ့ အချက်တစ်ခုပဲဖြစ်ပါတယ်။

Source: Makeupandbeauty

Featured Image: Askmen