ကျွန်တော်တို့ရဲ့ လူ့ခန္ဓာကိုယ်က အံ့သြစရာကောင်းလောက်အောင် အပြန်အလှန်ဆက်နွယ်နေပြီး ချို့ယွင်းချက် တစ်ခုခုရှိလာလျှင် တစ်နည်းနည်းနဲ့ လက္ခဏာပြလေ့ရှိပါတယ်။ ဒါကို ကျွန်တော်တို့ အများစုက သဘောမပေါက်ကြဘဲ ပေါ့ပေါ့ဆဆ နေလေ့ရှိကြပါတယ်။ ဒီလို ခန္ဓာကိုယ်က စကားပြောလာတဲ့အခါ ကျွန်တော်တို့ သတိမမူမိဘဲ အချိန်နှောင်းမှ နောင်တရတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကျန်းမာရေး နဲ့ ပတ်သတ်ပြီး ကျွန်တော်တို့ ခန္ဓာကိုယ်က ပေးနေတဲ့ သဲလွန်စတွေကို အချိန်မလွန်ခင် သတိပြုမိနိုင်အောင် ဝေမျှပေးချင်ပါတယ်။

လျှာက အနီရောင်ပြောင်းနေလျှင် မပေါ့ဆပါနဲ့

ခန္ဓာကိုယ်က စကားပြောလာတဲ့အခါ

Photo : CNA Lifestyle

ကွီးတို့ရေ ကျွန်တော်တို့ရဲ့ လျှာကလည်း ကျန်းမာရေး အခြေအနေတွေကို ပြသပေးနိုင်ပါတယ်။ ကွီးတို့ရဲ့လျှာက ပုံမှန်ထက် အနည်းငယ် ထူးဆန်းတာမျိုး၊ မူမမှန်တာ ခံစားရတာမျိုး ကြုံတွေ့ရလျှင် မပေါ့ဆပါနဲ့။ အထူးသဖြင့် အမဲသားအရောင်ကဲ့သို့ အနီရောင်ပြောင်းနေပါက ကွီးတို့အနေနဲ့ သံဓာတ် သို့မဟုတ် ဗီတာမင် B12 ချို့တဲ့နေတယ်လို့ ယူဆနိုင်ပါတယ်။

ချွေးနံ့

ခန္ဓာကိုယ်က စကားပြောလာတဲ့အခါ

Photo : Newsweek

ချွေးနံ့က တစ်ဆင့်လည်း ကျွန်တော်တို့ရဲ့ ကျန်းမာရေး အခြေအနေကို ပြောပြနေပါတယ်။ ကျွန်တော်တို့ရဲ့ ချွေးက အမိုးနီးယားလို အနံ့နည်းနည်းရရင် အသည်း ဒါမှမဟုတ် ကျောက်ကပ်ပြဿနာတွေရဲ့ အစောပိုင်းလက္ခဏာတွေ ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။ ချွေးနံ့ပြောင်းလဲသွားခြင်းကို လျစ်လျူမရှုလိုက်ပါနဲ့။

နားနဲ့ ကျောက်ကပ် ကျန်းမာရေး

ခန္ဓာကိုယ်က စကားပြောလာတဲ့အခါ

Photo : Harley Street ENT Clinic

နားက ကျွန်တော်တို့ရဲ့ ကျောက်ကပ်ကျန်းမာရေးကို ညွှန်ပြနိုင်တယ်ဆိုတာ သိပါသလား။ လေ့လာမှုတစ်ခုအရ ပြားချပ်နေသော သို့မဟုတ် ရှုံ့တွနေသော နားရွက်များသည် ကလေးများတွင် ကျောက်ကပ်မဖွံ့ဖြိုးခြင်းနှင့် ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ နားပြင်ပပုံသဏ္ဍာန် မမှန်ခြင်းက အခြားသော ကျောက်ကပ်ဆိုင်ရာ ပြဿနာများကို ညွှန်ပြနိုင်တယ်လို့ ဆိုပါတယ်။

ဆံပင်ကျွတ်ခြင်း

Photo : Healthgains

ပုံမှန်ထက် ဆံပင်ကျွတ်တာက ကွီးတို့ရဲ့ ကျန်းမာရေး တစ်စုံတစ်ရာ ချို့ယွင်းတာကို ပြသနေတာလည်း ဖြစ်နိုင်ပါတယ်။ စောစောစီစီး ထိပ်ပြောင်တဲ့ အမျိုးသားများ‌က နှလုံးရောဂါ ဖြစ်နိုင်ခြေနဲ့ ကိုလက်စထရော ပမာဏမြင့်မားခြင်းကို ညွှန်ပြနေတာ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ပုံမှန်ထက် ဆံပင်ကျွတ်တယ်လို့ ခံစားရရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

ခြေဖဝါးနဲ့ ခြေထောက်များ ရောင်ရမ်းခြင်း

Photo : The Good Feet Store

ပြင်ပ ထိခိုက်မှုကြောင့် မဟုတ်ဘဲ ခြေဖဝါးနဲ့ ခြေထောက်များ ရောင်ရမ်းနေရင် သတိထားသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် နှလုံးသွေးကြောပိတ်တာ ဖြစ်နိုင်လို့ပါပဲ။ နှလုံးရောဂါက သွေးစီးဆင်းမှုကို အဟန့်အတားဖြစ်စေတာကြောင့် ခြေထောက်များ ယောင်နေတာ ဖြစ်နိုင်ပါတယ်။ ဒီလို အခြေအနေကို ဒီအတိုင်း လျစ်လျူရှုထားလို့ မရပါဘူး။ အသည်းနဲ့ အစာခြေစနစ်ကို ထိခိုက်စေတာကြောင့် ဆရာဝန်နဲ့ အမြန်ဆုံး ပြသပြီး ကုသမှုခံယူပါ။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တဲ့ လက္ခဏာတွေကတော့ ကျွန်တော်တို့ ကျန်းမာရေး အခြေအနေအတွက် သိသာထင်ရှားတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ဒီလို လက္ခဏာတွေနဲ့ ကျွန်‌တော်တို့ ခန္ဓာကိုယ်က စကားပြောလာတဲ့အခါ မှာ လုံးဝကို လျစ်လျူမရှုလိုက်ပါနဲ့။ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး ပြသပါ။

Source : SBLY Relieved

Featured Photo : Men’s Health