စိတ်လှုပ်ရှားဖို့ကောင်းတဲ့ မိုဘိုင်းလ်ဂိမ်းတွေကို ကစားရတာ ကြိုက်တဲ့ ကွီးတို့ရှိပါသလား။ စိတ်လှုပ်ရှားတတ်ကြွဖို့ဆိုရင် အက်ရှင်ဂိမ်းတွေက ကစားကြည့်ဖို့ အကောင်းဆုံးပါပဲ။ ဒီနေ့မှာတော့ ခပ်ကြမ်းကြမ်းလေးမှ ကြိုက်တာဆိုတဲ့ ကွီးတို့အတွက် လုံးဝ အမိုက်စားအက်ရှင် မိုဘိုင်းလ်ဂိမ်း တွေကို ဖော်ပြပေးချင်ပါတယ်။
Ailment and Endurance
Source : Creauctopus
ကွီးတို့အတွက် ပထမဆုံးဖော်ပြပေးချင်တဲ့ အက်ရှင်မိုဘိုင်းလ်ဂိမ်းလေးကတော့ Ailment and Endurance ပဲ ဖြစ်ပါတယ်။ ဒီဂိမ်းကို ရိုးရှင်းတဲ့ ထိန်းချုပ်မှုများဖြင့် ကစားနိုင်ပြီး ၎င်းရဲ့ Storyline ကလည်း တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒီဂိမ်းထဲမှာ အဓိက ဇာတ်ကောင်ဖြစ်တဲ့ Ailment and Endurance တို့က သေနတ်ပစ်သမား နှစ်ဦးဖြစ်ပြီး ကွီးတို့ စိတ်လှုပ်ရှားစေလောက်အောင် ဆော့လို့ကောင်းမလားဆိုတာ သိရအောင် အခုပဲ စမ်းကြည့်လိုက်ပါ။
Bullet Hell Monday Series
Source : Masayuki to
ခပ်ကြမ်းကြမ်းလေးမှ ကြိုက်တာဆိုတဲ့ ကွီးတို့အတွက် အထက်အောက် ကျဉ်ဆန်တွေနဲ့ ပြည့်သွားစေမယ့် စိတ်လှုပ်ရှားဖွယ် သေနတ်ပစ်ဂိမ်း Bullet Hell Monday Series ရှိပါတယ်။ ဒီဂိမ်းမှာ ရန်သူများက ပစ်ခတ်သော ကျဉ်ဆန်များကို ရှောင်တိမ်းပြီး ကိုယ့်ဘက်ကနေ ပြန်လည် ပစ်ခတ်တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။ ဂိမ်းတစ်ခုစီတွင် ကစားသမားတို့ ပြီးမြောက်အောင် ကစားရမယ့် အဆင့်များရှိပါတယ်။ ကွီးတို့အနေနဲ့ အဆင့်အားလုံးကို အောင်မြင်စွာ ကျော်လွှားနိုင်မှာလားဆိုတာ ဂိမ်းကို အနိုင်မယူနိုင်ခင်မှာပဲ စိတ်ပျက်ပြီး အရှုံးပေးမှာလားဆိုတာတော့ ကွီးတို့ရဲ့ စွမ်းရည်ပေါ် မူတည်ပါတယ်နော်။
Call of Duty : Mobile
Source : Call of Duty Mobile
ဒီ Call of Duty : Mobile ဂိမ်းကိုတော့ အက်ရှင်မိုဘိုင်းလ်ဂိမ်းတွေ ကြိုက်တဲ့ ကွီးတို့အတွက် စိမ်းမယ်မထင်ပါဘူး။ ကွီးတို့ အကြိုက်တွေ့တဲ့ အက်ရှင်ဂိမ်းထဲမှာ ပါပါသလား။ ကွီးတို့ တော်တော်များများ သိပြီးသားဖြစ်လောက်တဲ့ ဒီဂိမ်းဟာ အရမ်းကောင်းတဲ့ Graphics တွေနဲ့ စိတ်လှုပ်ရှားဖွယ်ကောင်းသော အွန်လိုင်း တိုက်ပွဲများကို ဆင်နွှဲနိုင်ပါတယ်။
Dragon Quest: The Adventure of Dai
Source : GamersPrey
Dragon Quest: The Adventure of Dai ဆိုတာကတော့ ဂျပန် Manga စီးရီးကို အခြေခံပြီး ဖန်တီးထားတဲ့ အမိုက်စား မိုဘိုင်းလ်ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ဒီဂိမ်းမှာ ကောင်းမွန်ပြီး ကြည်လင်ပြတ်သားတဲ့ Graphic တွေနဲ့အတူ အင်္ဂလိပ်၊ ဂျပန်၊ တရုတ်နဲ့ ပြင်သစ်ဘာသာ စကားတို့ပါ ထည့်သွင်းပေးထားပါတယ်။
Pascal’s Wager
Source : Pascal’s Wager
ဒီဂိမ်းထဲမှာ ကစားသူများအနေနဲ့ ဂိမ်းဇာတ်ကောင်များစွာထဲမှ ကြိုက်နှစ်သက်ရာ ဇာတ်ကောင်ကို ရွေးချယ်နိုင်ပါတယ်။ ဇာတ်ကောင်တစ်ခု ချင်းစီက ထူးခြားပြီး ၎င်းတို့အတွက် ကိုယ်ပိုင်အခွင့်အရေးများ၊ စူးစမ်းလေ့လာရန် ကမ္ဘများများပါရှိပါတယ်။ ကစားသူများ ရွေးချယ်ထားတဲ့ ဇာတ်ကောင်အလိုက် ကမ္ဘာများမှာ ကိုယ်ပိုင်ဂေဟစနစ်ပါရှိပြီး ရန်သူများကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီဂိမ်းက ယနေ့ခေတ် Android အတွက် ဂန္တဝင် RPG ဂိမ်းများထဲမှ တစ်ခု ဆိုလည်း မမှားပါဘူး။
ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ iOS ရော Android မှာပါ ကစားလို့ရတဲ့ အက်ရှင် မိုဘိုင်းလ်ဂိမ်းတွေပဲ ဖြစ်ပါတယ်။ ကွီးတို့စိတ်ကျေနပ်လောက်အောင် ကြမ်းမကြမ်းဆိုတာတော့ ဆော့ကြည့်လိုက်ရအောင်ဗျာ။
Source : Android Authority
Featured Photo : MMO Culture