ကော့တေးချစ်သူကွီးတို့အတွက် ဒီတစ်ခါမှာတော့ ခရမ်းရောင် Aviation ကော့တေးတစ်ခွက် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။ ရနံ့လေး သင်းပျံ့နေပြီး အရောင်လေးက မှော်ဆန်တဲ့ ခရမ်းရောင်လေးပဲ ဖြစ်ပါတယ်။ ပါဝင်ပစ္စည်းများကလည်း အနည်းငယ်လောက်သာ လိုအပ်တာဖြစ်ပြီး ပြုလုပ်နည်းကလည်း လွယ်ကူရိုးရှင်းပါတယ်။

ဒီ ခရမ်းရောင် Aviation ကော့တေးကို ဘယ်သူက စတင်တီထွင်ခဲ့သလဲဆိုတာကိုတော့ ဘယ်သူမှ အတိအကျ မသိကြပါဘူး။ ဒါပေမယ့် ၁၉၆၁ ခုနှစ်က ထုတ်လုပ်ဖြန့်ချီခဲ့တဲ့ Recipes For Mixed Drinks ဆိုတဲ့ Hugo Ensslin ရေးသားတဲ့ စာအုပ်ထဲမှာတော့ ပထမဦးဆုံးအကြိမ်အဖြင့် ပုံနှိပ်ထုတ်ဝေထားတာကို တွေ့မြင်ရပါလိမ့်မယ်။

အခုဖော်ပြပေးမယ့် ပါဝင်ပစ္စည်းများနှင့် ပြုလုပ်နည်းများကတော့ ထိုစာအုပ်ထဲက Recipe အတိုင်း ဝေမျှပေးသွားမှာပဲ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ရယ်ဒီဖြစ်ပြီဆိုရင်တော့ အတူတူ ဆက်လေ့လာကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

cocktail

  • ဂျင် စားပွဲတင်ဇွန်း ၄ ဇွန်း
  • Maraschino Liqueur စားပွဲတင်ဇွန်း တစ်ဝက်
  • Crème De Violette Liqueur စားပွဲတင်ဇွန်း တစ်ဝက်
  • လတ်လတ်ဆတ်ဆတ် ညစ်ထားသော သံပုယိုရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • အလှဆင်ဖို့ရန်အတွက် သံပုယိုခွံ အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပါဝင်ပစ္စည်းများအားလုံးကို အဆင်သင့်ပြင်ထားလိုက်ပါ။

cocktail

၂။ Cocktail Shaker ထဲသို့ ဂျင်၊ Liqueur များနှင့် သံပုယိုရည်တို့ ထည့်ပါ။ ရေခဲတုံး ထည့်ပြီးနောက် Cocktail Shaker ပုလင်းကို အဖုံးပိတ်ပြီးနောက် ခပ်ပြင်းပြင်းလေး လှုပ်ခါပေးလိုက်ပါ။

ခရမ်းရောင် Aviation

၃။ ထို့နောက် ကော့တေးဖန်ခွက်ထဲသို့ ရေခဲတုံးများ မပါစေဘဲ လောင်းထည့်လိုက်ပါ။

ခရမ်းရောင် Aviation

၄။ နောက်ဆုံးအဆင့်အနေနဲ့ကတော့ သံပုယိုခွံလေးကို ကော့တေးဖန်ခွက်ရဲ့ နှုတ်ခမ်းဝပေါ်မှာ တင်ထားလိုက်ပါ။

ခရမ်းရောင် Aviation

ဒါဆိုရင်တော့ ကွီးတို့အားလုံး အကြိုက်တွေ့သွားစေမယ့် ခရမ်းရောင် Aviation ကော့တေးတစ်ခွက် ရရှိသွားပြီပဲ ဖြစ်ပါတယ်။

Source: Thespruceeats

Featured Image: Freepik