ခရီး လမ်းတွေ ဘယ်လောက်ကြမ်းပါစေ ကိုယ့်ရဲ့ ကား သည် အကြမ်းပတမ်းခံတယ်ဆိုရင်တော့ ဘာကိုမှ စိတ်ပူစရာမလိုတော့ပါဘူး။ ကိုယ် သွားချင်တဲ့ ခရီး ကို သက်သောင့်သက်သာနဲ့ ဇိမ်ကျကျ စီးနင်းနိုင်ပြီး ကိုယ့်ရဲ့ ကား က ထိခိုက်ပွန်းပဲ့သွားမှာကို ထည့်စဉ်းစားစရာမလိုတော့ပါဘူး။

ထိုကဲ့သို့ ကားမျိုးကို ရွေးချယ်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ကားဒီဇိုင်းလေးတွေကို ရွေးချယ်ဖို့တော့ လိုပါလိမ့်မယ်။

2022 Ford Bronco Sport

best cars for road trip

ကားဒီဇိုင်းကို ကြည့်လိုက်တာနဲ့ ဘယ်လောက်ထိတောင် အကြမ်းခံလိုက်မလဲဆိုတာ သိနိုင်ပါတယ်။ ခရီးသည် ၅ ဦး ထိုင်နိုင်တဲ့ ထိုင်ခုံများ ပါဝင်ပြီး အခြားသော အထုပ်အပိုးများကိုလည်း စိတ်ရှိသလောက် တင်နိုင်ပါတယ်။ Base Model ကတော့ ဒေါ်လာ ၂၈၂၆၅ ဒေါ်လာကနေ အစပြုပါတယ်။

2022 BMW M440i Convertible

best cars for road trip

ရိုမန့်တစ်ဆန်တဲ့ ခရီးတစ်ခုကို ထွက်ချင်တယ်ဆိုရင်တော့ ၂၀၂၂ ခုနှစ်ထုတ် BMW မော်ဒယ်လေးကို ရွေးချယ်နိုင်ပါတယ်။ အမိုးပွင့်ဒီဇိုင်းလေးဆိုတော့ ခရီး ထွက်ရင်း လေပြေလေညှင်းခံလိုက်ရတဲ့ ကား ဒီဇိုင်းတစ်ခုပဲဖြစ်ပါတယ်။

2022 Land Rover Discovery

best cars for road trip

ထိုင်ခုံး ခုနှစ်ခုပါတဲ့ကားလေးဖြစ်တာကြောင့် မိသားစုလိုက် ခရီး ထွက်တဲ့အခါ သက်သောင့်သက်သာနဲ့ စီးနင်းနိုင်တဲ့ ကား တစ်စီးပဲဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၇၀၀၀၀ ကျော်ရှိပါတယ်။

2021 Volkswagen ID.4

ခရီး ကား

ဒီကားဒီဇိုင်းကတော့ ၂၀၂၁ တုန်းက ရောင်းအားသွက်တဲ့ ကားမော်ဒယ်တစ်ခုပဲဖြစ်ပါတယ်။ ဂျာမနီနိုင်ငံထုတ် လျှပ်စစ်ကားဖြစ်ပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၂ သိန်း ၁ သောင်း ကုန်ကျမှာဖြစ်ပါတယ်။

2022 Toyota Highlander Hybrid Bronze Edition

ခရီး ကား

ကားကိုယ်ထည်နဲ့ ကားဘီးကို အရောင် စပ်ဟပ်နေအောင် ထုတ်လုပ်ထားတဲ့ ကားဒီဇိုင်းတစ်မျိုးဖြစ်ပြီး ကားဘော်ဒီကလည်း အကြမ်းခံပါတယ်။ ခရီးကြမ်းတွေ သွားရမယ်ဆိုရင်တော့ တကယ့်ကို သက်သောင့်သက်သာသွားနိုင်မှာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၄ သောင်းကျော်ဖြင့် ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

2022 Kia Seltos LX

ခရီး ကား

အခြားသောကားများနှင့်မတူ တစ်မူထူးခြားတဲ့ ကားမော်ဒယ်အရောင်လေးကို လိုချင်တယ်ဆိုရင်တော့ ဒီကားလေးကို ရွေးချယ်နိုင်ပါတယ်။ သူ့ရဲ့ဈေးနှုန်းကတော့ ဒေါ်လာ ၂ သောင်းကျော်ပါတယ်။

2022 Toyota Sequoia TRD Pro

ခရီး ကား

ဒီကားရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၆ သောင်းနှင့် ၇ သောင်းကျော်ကြားထဲမှာရှိပါတယ်။ လူအများနဲ့ ခရီးသွားမယ်ဆိုရင်တော့ ဒီကားမျိုးနဲ့ သွားတဲ့အခါ သက်သောင့်သက်သာနဲ့ စိတ်အေးချမ်းသာစွာ သွားလာနိုင်မှာပဲဖြစ်ပါတယ်။

2021 Mazda CX-9 Signature

ခရီး ကား

ခမ်းနားထည်ဝါပြီး အကြမ်းခံတဲ့ ကားဒီဇိုင်းကို နှစ်သက်တယ်ဆိုရင်တော့ ၂၀၂၁ ခုနှစ်ထုတ် Mazda CX-9 Signature လေးကို ရွေးချယ်နိုင်ပါတယ်။ သူ့ရဲ့ဈေးနှုန်းကတော့ ဒေါ်လာ ၆ သောင်းကျော် ပေးဝယ်ရမှာပဲဖြစ်ပါတယ်။

ဘယ်လိုလဲ… အခုဖော်ပြသွားတဲ့ ကားမော်ဒယ်တွေကို သဘောတွေ့နေကြပြီမဟုတ်လား။ ခရီး သွားတဲ့အခါ ခရီးလမ်းကြမ်းတဲ့ ဒဏ်ကို ခံနိုင်ပြီး သက်သောင့်သက်သာ စီးနင်းနိုင်ဖို့ အလန်းစား ကား တွေပဲဖြစ်ပါတယ်။

Source: Rd

Featured Image:  CarBuzz