ကွီးတို့က နိုင်ငံရပ်ခြားသို့ အလုပ်ကိစ္စနဲ့ပဲဖြစ်ဖြစ် ၊ အပျော် ခရီး သပ်သပ်ပဲဖြစ်ဖြစ် ခရီးထွက်ဖို့ ကြံ နေပါသလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းကောင်းများကို သိထားပြီး ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါလိမ့်မယ်။ ဒါမှသာလျှင် ကွီးတို့ရဲ့ ပြည်ပခရီးက ချောချောချူချူနဲ့ အဆင်ပြေနေမှာပဲ ဖြစ်ပါတယ်။
(၁) လိုအပ်တဲ့ စာရွက်စာတမ်းများကို ရယ်ဒီ ပြင်ထားပါ
Photo : Cross Bord Erxpress
ပထမ အရေးကြီးဆုံး လိုအပ်တာကတော့ ပတ်စ်ပို့ပါပဲ။ ကွီးတို့ ပတ်စ်ပို့က သက်တမ်းကုန်ခါနီး နေရင်ပဲဖြစ်ဖြစ် ၊ တစ်ခါမှ ပတ်စ်ပို့ မလုပ်ရသေးဘူး ဆိုရင်ပဲဖြစ်ဖြစ် အမြန်ဆုံး ပတ်စ်ပို့ လုပ်ဖို့ စီစဥ်ထား သင့်ပါတယ်။ သွားခါနီးမှ ထလုပ်မယ့်အစား သွားဖို့ အစီအစဥ် မရှိခင်ကတည်းက စောစီးစွာ ပြုလုပ်ထား သင့်ပါတယ်။ နိုင်ငံတော်တော်များများက ကွီးတို့ ပတ်စ်ပို့ သက်တမ်း ၆ လ အောက် ရောက်နေရင် သူတို့ နိုင်ငံထဲသို့ ဝင်ခွင့် မပေးပါဘူး။ ပြီးတော့ ကွီးတို့ ပတ်စ်ပို့ စာအုပ်ထဲမှာလည်း တံဆိပ်တုံး ထုဖို့ စာရွက်အလွတ်တွေ အများကြီး ကျန်မနေတော့ရင်လည်း ကွိုင်တတ်နိုင်ပါသေးတယ်။
နောက်ထပ် အရေးကြီးတဲ့ စာရွက်စာတမ်းကတော့ ဗီဇာပဲ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသားနှင့် ဗြိတိသျှနိုင်ငံသားတွေကတော့ နိုင်ငံတော်တော်များများသို့ ဗီဇာ မပါဘဲ သွားလာလို့ရပေမယ့် ကွီးတို့သာ ဗီဇာ မပြင်ထားဘူးဆိုရင်တော့ ခရီး ထွက်ဖို့ ကြံ မနေပါနဲ့တော့။
(၂) ကိုယ် သွားရမယ့် နေရာအကြောင်းနဲ့ ပတ်သက်ပြီး သေချာ လေ့လာထားပါ
Photo : Kangela
ကိုယ် သွားမယ့် နေရာနဲ့ ပတ်သက်ပြီး သေသချာချာ လေ့လာ ထားဖို့လည်း အရေးကြီးပါတယ်။ ဘာသာစကား တစ်ခုတည်းကို ဆိုလိုတာမဟုတ်ပါဘူး။ ထိုနိုင်ငံရဲ့ ယဥ်ကျေးမှု ၊ ဓလေ့ထုံးတမ်းများ ၊ ဘယ်အရာက တရားမဝင်ဘူးလဲ ဆိုတာကို သိထားသင့်ပါတယ်။ ဥပမာ စင်ကာပူမှာ ပီကေ ဝါးခြင်းက တရားဝင် ဖြစ်ပါသလား။ ဗင်းနစ်မြို့မှာ ခိုငှက်တွေကို အစား ကျွေးလို့ရော ရရဲ့လား။ စကော့တလန်နိုင်ငံမှာ နွားတွေကို စီးလို့ရရဲ့လား အစရှိတဲ့ ကိုယ်သွားမယ့် နေရာနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်ကအစ လေ့လာထားမှသာ တော်ရာကျမှာပဲ ဖြစ်ပါတယ်။
(၃) ငွေသားနဲ့ ပတ်သက်လာရင်လည်း လိုအပ်သမျှ ပြင်ထားပါ
Photo : Magellanlv
ကွီးတို့က ဝေးလံတဲ့ နိုင်ငံရပ်ခြားသို့ ခရီး သွားဖို့ ကြံ နေတယ်ဆိုရင်တော့ ကိုယ့်ရဲ့ ငွေသားတွေကိုလည်း သေချာစီစစ်ဖို့ လိုအပ်ပါတယ်။ လိုအပ်ပါက ဘဏ်ကို အကြောင်းကြား ထားပါ။ ဒါမှသာလျှင် ကွီးတို့ ဘဏ်ကတ်က ထိုင်းနိုင်ငံရဲ့ ရှော့ပင်းစင်တာ တစ်နေရာရာမှာ အသုံးပြုနေတဲ့အချိန်မှာ ကတ်အခိုးခံ ရတာလား ၊ ကွီးတို့ မဟုတ်တဲ့ အခြားတစ်ယောက်က အသုံးပြုနေတာလား ဆိုတဲ့ သံသယတွေ ပျောက်ကွယ်သွားမှာပါ။ ဒါ့အပြင် အချို့နိုင်ငံရဲ့ နေရာ တော်တော်များများမှာ ATM စက်တွေ မရှိတာမျိုး ၊ ကွီးတို့ရဲ့ ကတ်နဲ့ သုံးလို့ မရတာမျိုးတွေ ဖြစ်နိုင်တဲ့အတွက်ကြောင့် ကိုယ် သုံးရမယ့် ငွေသားကို ကြိုလဲသင့်ရင် လဲသွားရပါမယ်။
(၄) တည်းခိုမယ့် နေရာနှင့် သွားလာမယ့် နေရာများကိုလည်း ပြင်ဆင်ထားပါ
Photo : Hotel Link Solutions
ဟိုတယ်မှာ တည်းမယ်ဆိုလည်း ဟိုတယ်နဲ့ ကြိုတင် ဘိုကင် ချိတ်ထားပါ။ ဆွေမျိုး မိတ်သင်္ဂဟတွေဆီမှာ တည်းခိုမယ်ဆိုလည်း အရှုပ်အရှင်းကင်းအောင် ပြုလုပ်ထားပါ။ တစ်နေရာကနေ တစ်နေရာကို သွားရောက်လည်ပတ် မယ်ဆိုလည်း ဘယ်လိုမျိုး သွားနိုင်မလဲ။ ဘတ်စ်ကားနဲ့ သွားမလား ၊ Grab တက္ကစီတွေ ရှိမလား စတာတွေကိုလည်း ကြိုတင်ပြင်ဆင် ထားရပါမယ်။
(၅) ပင်ပန်းမှာတွေကိုလည်း ကြိုတင်တွေးထားပါ
Photo : Thepointsguy
တစ်နေရာကနေ အခြားတစ် နေရာသို့ ခရီး သွားရတာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ပင်ပန်းပါတယ်။ အထူးသဖြင့် နိုင်ငံ တစ်နိုင်ငံကနေ အခြားတစ်နိုင်ငံသို့ ကူးတဲ့အခါ အချိန် မတူတဲ့အတွက်ကြောင့် ပိုပြီး ပင်ပန်းပါတယ်။ ဒါ့ကြောင့် ပင်ပန်းတာတွေကို ပြောပျောက် သွားဖို့အတွက် ကိုယ့် ခန္ဓာကိုယ်ကို အနားပေးဖို့ လိုပါမယ်။ ခုပဲ ရောက်တယ် ၊ ခုပဲ လည်ပတ်တယ် ဆိုတာမျိုးတွေကို မလုပ်ပါနဲ့။
ဒီအချက်တွေကတော့ ကွီးတို့ရဲ့ ပြည်ပခရီးကို အဆင်ပြေပြေနဲ့ အောင်မြင်စွာ သွားရောက်လည်ပတ် နိုင်ဖို့အတွက် ကူညီပေးမှာပဲ ဖြစ်ပါတယ်။
ကွီးတို့ရော နိုင်ငံရပ်ခြားသို့ ခရီးသွားဖို့ ဘာတွေ ပြင်ဆင်နေပါသလဲ။
Source : Gooverseas
Featured Photo : Kayak