ကိုယ် သွားမယ့် ခရီးက ခရီးစဥ် ပျက် မသွားဖို့အတွက် သိထားသင့်တဲ့အချက်များ ရှိပါတယ်။ ဒီအချက်များကို ခရီးမသွားခင်ကတည်းက ကြိုတင် ပြင်ဆင်ထားမှသာလျှင် ကွီးတို့ရဲ့ ခရီးစဥ် ပျက် မသွားဘဲ ခရီးသွားနေစဥ် တောက်လျှောက်မှာလည်း အဆင်ပြေ ချောမွေ့မှာ ဖြစ်ပါတယ်။
(၁) တည်းခိုမယ့် နေရာကို ကြိုတင် ဘိုကင်ချိတ်ထားပါ
ကွီးတို့က ပြည်တွင်းမှာပဲ ခရီးသွားသွား၊ ပြည်ပဆီပဲ ခရီးထွက်ထွက် အကောင်းဆုံးကတော့ ကိုယ် တည်းခိုမယ့် နေရာကို ကြိုတင် ဘိုကင် ချိတ်ထားတာပဲဖြစ်ပါတယ်။ ကွီးတို့အက မအားဘူးဆိုရင်တောင်မှ တစ်ညလောက် စောပြီး ဘိုကင်တင် ထားသင့်ပါတယ်။ ခရီးသွား ရာသီမှာဆိုရင် ပိုလို့တောင် စောစီးစွာ ဘိုကင် တင်ထားဖို့ လိုအပ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ခရီးသွားရာသီမှာ လူအများက ရုံးပိတ်၊ ကျောင်းပိတ်ကြတဲ့အတွက်ကြောင့် ခရီးထွက်ကြပါတယ်။ ဒီလိုအချိန်မျိုးမှာ ဟိုရောက်မှ ဘိုကင် တင်လိုက်မယ်ဆိုရင်တော့ ကွီးတို့က ခရီးဆောင်အိတ် တကားကားနဲ့ ဘယ်ဆီသွားလို့ ဘယ်ဆီနေရမှန်းမသိ ဘုံပျောက်သွားပါလိမ့်မယ်။
(၂) ဘိုကင်စာရွက်များ အားလုံးကို ပရင့် ထုတ်သွားပါ
ပြည်တွင်းမှာပဲ ခရီးသွားကြမယ့် ကွီးတို့ကတော့ ဘိုကင်စာရွက်လောက်ထိ မလိုအပ်ပါဘူး။ ဒါပေမဲ့ ပြည်ပ နိုင်ငံများဆီသို့ ခရီးထွက်မယ်ဆိုရင်တော့ ရှိသမျှ စာရွက်စာတမ်းတွေ အားလုံးကို ကော်ပီကူးသင့်တာကူး၊ ပရင့် ထုတ်သင့်တာ ထုတ်သွားလိုက်ပါ။ ဒါမှသာလျှင် ကွီးတို့ တည်းခိုမယ့် နေရာရောက်တဲ့အခါ ကိုယ့်ဘက်က လက်ဆုပ် လက်ကိုင် ပြစရာ ရှိမှာပါ။ သူတို့ဘက်ကလည်း သက်သေ အထောက်အထားနဲ့ တကွ ဖော်ပြလိုက်ရင် ငြင်းစရာ မရှိတော့ပါဘူး။
(၃) ကွီးတို့ရဲ့ ပတ်စ်ပို့ကိုလည်း ကော်ပီကူးထားပါ
ကွီးတို့ရဲ့ ပိတ်စ်ပို့ကိုလည်း လိုရမယ်ရ ကော်ပီ ကူးထားလိုက်ပါ။ ပြီးရင် ကားလက်မှတ်၊ ရထားလက်မှတ် အစရှိတဲ့ လက်မှတ်အားလုံးကိုလည်း ကော်ပီ ကူးထားရပါမယ်။ ဒါမှသာလျှင် လက်မှတ် ပျောက်သွားတဲ့အခါမှာ အသစ် တစ်ခု ထပ် ဝယ်စရာမလိုတော့မှာပါ။ လက်မှတ်တွေက ယခုအချိန်မှာ အင်မတန်မှ ဈေးကြီးပါတယ်။ ဒါ့ကြောင့်မို့လို့ ဘာမှ မပျောက် မရှအောင် ဂရုစိုက်သင့်ပါတယ်။
(၄) အရေးပေါ် ဆေးဝါးများ ယူဆောင်သွားပါ
ကိုယ် လိမ်းနေကျ ဆေးဝါးများ၊ သောက်သုံးနေကျ ဆေးဝါးများကိုလည်း သတိတရနဲ့ ထည့်သွားဖို့ လိုအပ်ပါလိမ့်မယ်။ ဒါပေမဲ့ လေယာဥ်ပေါ်မှာ ယူဆောင်လို့ မရတဲ့ ဆေးဝါးများကိုတော့ ခရီးဆောင် အိတ်ထဲက တစ်ခါတည်း ထုတ်ထားလိုက်ပါ။ ဟိုရောက်မှ ဆေးဆိုင်မှာ ပြန်ဝယ်လို့ရပြီး ဈေးသက်သာမယ့် ဆေးဝါးများကို ပြန်ဝယ်လိုက်ပါ။
(၅) ငွေသား အနည်းငယ် ကိုင်ဆောင်ထားဖို့ မမေ့ပါနဲ့
ကိုယ့်နိုင်ငံက ကတ်တွေက တခြားနိုင်ငံရဲ့ အေတီအမ်စက်ထဲမှာ ထုတ်လို့ရလား မရဘူးလားဆိုတာ တပ်အပ် မပြောနိုင်ပါဘူး။ ဒါ့ကြောင့် ကိုယ် သွားမယ့် နိုင်ငံက ဘယ်လို ငွေသား အသုံးပြုသလဲ။ ဒီနိုင်ငံက မထွက်ခင်ကတည်းက တစ်ခါတည်း ငွေသား လဲသွားဖို့ လိုပါလိမ့်မယ်။ ကိုယ့်လက်ထဲမှာ ငွေသား အနည်းငယ်လောက် ကိုင်ဆောက်ထားမှသာလျှင် ခရီးထွက်နေစဥ်မှာ ဒုက္ခ မရောက်ရမှာပါ။
ကွီးတို့ရော ခရီး မထွက်ခင်မှာ ဘယ်အချက်များကို ကြိုတင် ပြင်ဆင်ထားလေ့ရှိပါသလဲ။
Source: Extrapackofpeanuts
Featured Image: Passporthealthusa