ကွီးတို့ရေ သဘာဝတရားကြီးက လှပဆန်းကျယ်ပြီး အံ့သြမှင်သက်စရာနေရာတွေနဲ့ ပြည့်နှက်နေတာပါ။ သဘာဝတရားကြီးရဲ့ အလှကို အပြာရောင်တောက်နေတဲ့ ကောင်းကင်အောက်က အဖြူရောင်တိမ်များကလည်း အလှဆင်ပေးနေပါတယ်။ တိမ်တွေကို ငေးကြည့်ဖူးရင် ဘယ်လောက်ဆောင် မှော်ဆန်ပြီး လှပနေလဲဆိုတာ သိမှာပါ။ ဒီဆောင်းပါးလေးကနေ ခရီးဆန့်ရင်း တိမ်လွှာများ ကိုပါ ခံစားကြည့်ရှုနိုင်တဲ့ လှပတဲ့နေရာတွေဆီ အလည်တစ်ခေါက်လောက် ခေါ်သွားပါရစေ။

Fansipan Mountain

ခရီးဆန့်ရင်း တိမ်လွှာများ

Photo : VietnamOnline.com

ဗီယက်နမ်နိုင်ငံရဲ့ အမြင့်ဆုံးတောင်ထွတ်က Fansipan တောင်တွင် တည်ရှိပါတယ်။ Muong Hoa တောင်ကြားကိုဖြတ်ပြီး ထိုတောင်ထိပ်ကို ရောက်ဖို့ ကေဘယ်ကား ခရီးစဉ်တစ်လျှောက် စီးမယ်ဆိုရင် တိမ်တွေကြားထဲမှာ စီးမြောနိုင်ပါတယ်။ ထိုနေရာမှာရှိတဲ့ တိမ်တွေက တော်တော်ကိုလှပြီး ဓာတ်ပုံရိုက်မှတ်တမ်းတင်ဖို့ အကောင်းဆုံးနေရာ ဖြစ်ပါတယ်။ ဒါ့အပြင် ပတ်ဝန်းကျင်ရှိ ဘုရားများနဲ့ ရင်သပ်ရှုမောဖွယ်မြင်ကွင်းကို ရှုမြင်ခံစားရသူအဖို့ မျက်စိမလွဲချင်လောက်အောင် ဆွဲဆောင်နေပါလိမ့်မယ်။ ကွီးတို့ ဗီယက်နမ်နိုင်ငံကို ရောက်ခဲ့ရင် ဒီနေရာကို သွားရောက်လည်ပတ်ဖို့ မမေ့ပါနဲ့။

Ban Ja Bo Village

ခရီးဆန့်ရင်း တိမ်လွှာများ

Photo : WOWWEEKEND

ကွီးတို့အတွက် ပထမဆုံးဖော်ပြပေးချင်တဲ့ တိမ်တွေကို ကြည့်ရှုခံစားနိုင်တဲ့ နေရာတစ်ခုကတော့ ထိုင်းနိုင်ငံရဲ့ တောင်တန်းတစ်ခုရဲ့ တစ်ဖက်မှာရှိတဲ့ Ban Ja Bo ဆိုတဲ့ ကျေးရွာလေးပဲ ဖြစ်ပါတယ်။ သာယာလှပသော ရှုခင်းများ၊ တိတ်ဆိတ်ငြိမ်သက်သော ပတ်ဝန်းကျင်နဲ့အတူ လှပတဲ့တိမ်များကို ခံစားဖို့ နေရာကောင်းလေး တစ်ခုပါပဲ။ ထိုနေရာလေးမှာ နေဝင်ချိန်၊ နေထွက်ချိန်ကို ရှုစားကြည့်ပါ။ တိမ်တွေပေါ်မှာ ဖျာကျနေတဲ့ နေရောင်က ရင်သပ်ရှုမောဖွယ်မြင်ကွင်းကို ပေးစွမ်းနိုင်မှာ အသေအချာပါပဲ။ ဒါ့အပြင် အရသာရှိတဲ့ ထိုင်းအစားအစာတွေကိုလည်း မြည်းစမ်းကြည့်နိုင်ပါသေးတယ်။

Mount Batur

Photo : Klook

ဘာလီက ရင်သပ်ရှုမောဖွယ်အလှအပတွေနဲ့ အကောင်းဆုံးသော အပန်းဖြေနေရာတစ်ခု အဖြစ် နာမည်ကြီးပါတယ်။ ဘာလီမှာ တိမ်တွေကို ခံစားကြည့်ရှုနိုင်တယ်ဆိုတာကိုရော သိပါသလား။ ဘာလီမှာရှိတဲ့ တတ်လို့ရတဲ့ Batur မီးတောင်ပေါ်မှာ နေထွက်ချိန်ကို စောင့်စားကြည့်ရှုကာ နေထွက်ပြီးသည်နှင့် နံနက်ခင်းနေရောင်အောက်မှာ ပေါ်လာတတ်တဲ့ တိမ်လွှာများကို ဆက်လက်ရှုစားနိုင်ပါတယ်။ ထိုနေရာကို သွားရောက်လည်ပတ်ဖို့ အကောင်းဆုံးအချိန်ကတော့ ဧပြီလမှ စက်တင်ဘာလအတွင်းဖြစ်ပြီး ထိုအချိန်မှာ အကောင်းဆုံးသော တိမ်လွှာများကို ခံစားရနိုင်ပါတယ်။

Unkai Terrace

Photo : Tripzilla

ကွီးတို့ရေ တိမ်တွေကို တစ်ခါမှ မမြင်ဖူးတဲ့ ပုံစံနဲ့ ရှုစားချင်တယ်ဆိုရင်တော့ ဂျပန်နိုင်ငံ၊ ဟိုကိုင်းဒိုးရှိ Unkai Terrace ကို သွားရောက်လည်ပတ်ဖို့ အကြံပေးပါရစေ။ ဒီတိမ်တွေက ကောင်းကင်ပေါ်မှာ တောက်ပနေပြီး တိမ်ပင်လယ်ကို အပေါ်မှ ရှုစားရသလို ခံစားမှုမျိုးကု ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒီနေရာရဲ့ ရှုမျှော်ခင်းများနဲ့ အံ့သြဖွယ်မြင်ကွင်းများကြောင့် မယုံနိုင်လောက်အောင် ခရီးသွားများအား ဆွဲဆောင်နေပါတယ်။ ဖြူဖြူဖွေးဖွေး တိမ်တွေပေါ်ကနေ လမ်းလျှောက်ရတဲ့ ခံစားချက်ကို သိချင်ရင်တော့ ဒီနေရာလေးကို ကွီးတို့ ခရီးသွားစာရင်းထဲ ထည့်ထားလိုက်ပါ။

ကွီးတို့ရေ ခရီးဆန့်ရင်း တိမ်လွှာများ ကိုပါ ရှုစားနိုင်တဲ့ နေရာများကို ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။ တိမ်တွေကို ရှုစားရင်း ကမ္ဘာရဲ့တစ်နေရာကို ခရီးထွက်ချင်တယ်ဆိုရင်တော့ လှပတဲ့နေရာတွေ အများကြီးရှိသေးတာကြောင့် ဆက်လက်ဖော်ပြပေးပါဦးမယ်။

Source : Accu Weather

Featured Photo : Ours