ခရီးသွား ခြင်းက ရည်းစားထား ခြင်းက ပိုစိတ်ချမ်းသာရတယ်ဆိုတာ ကွီးတို့ ယုံပါသလား။

ကွီးတို့ရဲ့ ချစ်သူ ကောင်မလေးက ကွီးတို့ကို မရိုးနိုင်သော ရစ်နည်းပေါင်းစုံနဲ့ ရစ်နေပြီး စိတ်ညစ်လာအောင် ဖန်တီးနေမှာဖြစ်ပြီး ခရီးသွားခြင်းကတော့ ကွီးတို့ရဲ့ စိတ်ညစ်စရာများအားလုံးကို ဖယ်ရှားပေးနိုင်တာပဲ ဖြစ်ပါတယ်။ ကွီးတို့ မယုံဘူးဆိုရင် ရည်းစားပူမိနေတဲ့ ကွီးတို့ရဲ့ ဘော်ဒါတွေကို မေးကြည့်လိုက်ပါ။ ခရီးသွား ခြင်းနှင့် ရည်းစားထား ခြင်းမှာ ဘယ်အရာက ပိုပြီး စိတ်ချမ်းသာစေသလဲဆိုတာ။

ခရီးသွားခြင်းက စိတ်ပျော်ရွှင်စေတယ်

man travelling

ကွီးတို့ဘဝမှာ တစ်နှစ်လျှင် ဘယ်နှကြိမ်လောက် ခရီးထွက်ဖြစ်ပါသလဲ။ တကယ်တော့ တစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ်ခန့်တော့ မဖြစ်မနေ ခရီးထွက်သင့်ပါတယ်။ မိသားစု အပျော်ခရီးပဲဖြစ်ဖြစ်၊ သူငယ်ချင်း ဘော်ဒါတွေနဲ့စုပြီးပဲဖြစ်ဖြစ် ခရီးသွားသင့်ပါတယ်။ ခရီးသွားခြင်းက စိတ်ကို ပျော်ရွှင်စေပြီး ကောင်းတဲ့ မှတ်ဉာဏ်များကို ဖန်တီးပေးနိုင်ပါတယ်။

ဒါ့အပြင် လေ့လာချက်တစ်ခုမှာ ပြုလုပ်ထားတဲ့ တွေ့ရှိချက်အရ ခရီးသွားခြင်းအပေါ်မှာ ပိုက်ဆံ အသုံးပြုလိုက်ခြင်းသည် ပစ္စည်းတစ်စုံတစ်ရာ ဝယ်လိုက်ခြင်းကြောင့် ပိုက်ဆံ ကုန်သွားခြင်းထက် ပိုမိုအကျိုးရှိပြီး ပျော်ရွှင်မှုကို ပိုမိုကြာရှည်ခံစေနိုင်တယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် အတွေ့အကြုံအသစ်များအပေါ် စောင့်ဆိုင်းနေရခြင်းသည် ပစ္စည်းဥစ္စာများအပေါ် စောင့်ဆိုင်းနေရခြင်းထက် စိတ်ခံစားချက်များကို ပိုမိုကောင်းမွန်လာအောင် မြှင့်တင်ပေးပါတယ်။

မွန်းကြပ်စရာ ပတ်ဝန်းကျင်ကနေ ခဏတာ ရုန်းထွက်နိုင်ပြီး စွမ်းအင်အသစ် ဖြည့်တင်းနိုင်အောင် ကူညီပေးတယ်

man travelling

ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကို ဂရုစိုက်တဲ့အနေနဲ့ ထပ်ခါတလဲလဲ ပြုလုပ်သင့်တဲ့အရာကတော့ မွန်းကြပ်စရာကောင်းတဲ့ ပတ်ဝန်းကျင်ကနေ ခဏတာလောက်ဖြစ်ဖြစ် ရုန်းထွက်ပြီး စွမ်းအင်အသစ် ဖြည့်တင်းခြင်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့ လူသားတွေသည် မနက်မိုးလင်းလာတာနဲ့ ရုံးတက်၊ အလုပ်လုပ်၊ ညနေ ရုံးဆင်း၊ အိပ်ရာဝင်၊ ဒီလိုနဲ့ပဲ တစ်ရက် တစ်ရက်က ကုန်ဆုံးသွားတာဖြစ်ပါတယ်။ ဒီလို နေ့တဓူဝ ပုံသေကားချပ်ထဲက ရုန်းမထွက်နိုင်တော့တဲ့အခါ စိတ်ပင်ပန်းလာပြီး စိတ်ကျရောဂါနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ဒါ့ကြောင့်မလို့ ကိုယ့်ကို မွန်းကြပ်လာအောင် တစ်စုံတစ်ရာက တွန်းပို့နေတယ်ဆိုရင် ခရီးသွား ပစ်လိုက်ပါ။ ရည်းစားထား ခြင်းထက် ပိုစိတ်ချမ်းသာရတာကတော့ ပြောမနေပါနဲ့တော့။

စိတ်ဖိစီးမှုများ၊ စိတ်ပူပန်စရာများကို ဖယ်ရှားပေးတယ်

ခရီးသွား ရည်းစားထား

သြစတြေးလျ သုတေသနပညာရှင်များရဲ့ လေ့လာချက်နှင့် ပတ်ဝန်းကျင်သုတေသနှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ နိုင်ငံတကာ ဂျာနယ်ထဲတွင် ဖော်ပြချက်အရ ခရီးသွားခြင်းရဲ့ အကောင်းဆုံး အကျိုးကျေးဇူးတစ်ခုကတော့ စိတ်ဖိစီးမှုများနှင့် စိတ်ပူပန်စရာများကို ဖြေလျာ့ပေးခြင်းပဲဖြစ်ပါတယ်။

ရက်တို ခရီးသွားခြင်းကတောင် စိတ်ခံစားချက်များ အားလုံးကို ပြောင်းလဲသွားစေပြီး စိတ်ဖိစီးစရာများကို တွန်းလှန်ပစ်နိုင်တယ်လို့ သုတေသီများက လေ့လာတွေ့ရှိထားပါတယ်။ ၃ ရက်လောက် ခရီးတိုတစ်ခုသွားပြီး ပြန်လာတဲ့အခါမှာ ရက် ၃၀ကနေ ၄၅ ရက်ခန့်အထိ စိတ်လက်ကြည်လင်နေမှာ ဖြစ်ပါတယ်။

တစ်ခု သတိထားရမှာက ကိုယ်က စိတ်ဖိစီးလို့ ခရီးသွားတာပါ။ ခရီးသွားခြင်းကြောင့် စိတ်ဖိစီးမှု ရလာတာမျိုး အဖြစ်မခံပါနဲ့။ ဥပမာ – ကိုယ်က မိသားစုပြဿနာများကြောင့် စိတ်ဖိစီးနေရတယ်ဆိုရင် မိသားစုနှင့် ခရီးမသွားပါနဲ့။ နို့မဟုတ်ရင် ပိုပြီး စိတ်ဖိစီးမှုများလာမှာဖြစ်ပြီး ခေါင်းဆေးဖို့အတွက် ဘယ်လိုမှ ဖြစ်နိုင်မှာမဟုတ်ပါဘူး။ ခရီးသွားနေစဥ်အတွင်းမှာ စိတ်ပူပန်စရာများကို မေ့ထားနိုင်မှသာလျှင် စစ်မှန်တဲ့ ပျော်ရွှင်ခြင်းကို ရရှိနိုင်မှာဖြစ်ပါတယ်။

အသစ်သော ဗဟုသုတများ၊ အတွေ့အကြုံသစ်များ ရရှိစေပြီး ပတ်ဝန်းကျင်အသစ်နှင့် ထိတွေ့စေတယ်

ခရီးသွား ရည်းစားထား

ကွီးတို့ ခရီးသွားနေချိန်မှာ ကွီးတို့သည် ကိုယ့်ရဲ့ Comfort Zone ထဲကနေ အပြင်သို့ ထွက်လာတာဖြစ်ပါတယ်။ ကွီးတို့ သွားတဲ့ ခရီးက ကိုယ် နေထိုင်တဲ့ ကိုယ့်မြို့အနီးတစ်ဝိုက်က နေရာလေးပဲ ဖြစ်နေပါစေ၊ အသစ် အသစ်သော အတွေ့အကြုံများ၊ ဗဟုသုတများကို ပေးစွမ်းနိုင်ပါတယ်။ ကိုယ့်ရဲ့ အိမ်ထဲမှာပဲ ပေကပ်နေမယ်ဆိုရင်တော့ ဒေသန္တရ ဗဟုသုတများလည်း ရရှိနိုင်မှာ မဟုတ်ဘဲ၊ အတွေ့အကြုံသစ်များလည်း ပိုင်ဆိုင်နိုင်မှာမဟုတ်ပါဘူး။

ပတ်ဝန်းကျင်အသစ်၊ ယဥ်ကျေးမှုအသစ်များနှင့် ထိတွေ့ရတဲ့အတွက်ကြောင့် ထိုခံစားချက်အသစ်ဆီမှာ စီးမျောလိုက်ပါသွားမှာဖြစ်ပြီး တစ်ခါမှ မခံစားဖူးတဲ့ ခံစားချက်အသစ်ကိုလည်း ခံစားရမှာဖြစ်ပါတယ်။ ဒါ့အပြင် ထိုဒေသက ဒေသထွက် အစားအစာများ၊ ရိုးရာအစားအစာများကိုလည်း မြည်းစမ်းခံစားနိုင်တဲ့ အခွင့်အရေးကိုလည်း ရရှိမှာဖြစ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာအရသာမက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်လည်း အထောက်အပံ့ဖြစ်စေတယ်

ခရီးသွား ရည်းစားထား

ခရီးသွားတာက စိတ်ကျန်းမာရေးကို ကောင်းမွန်စေတာတော့ ဟုတ်ပါပြီ၊ ဘာ့ကြောင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ကောင်းမွန်စေသလဲ။

ကွီးတို့က ကိုယ့် ခရီးဆောင်အိတ်ဆွဲပြီး ကားဂိတ်၊ ရထားဂိတ်၊ လေဆိပ်ကို သွားတယ်ဆိုရင်ပဲ ခန္ဓာကိုယ်က လှုပ်ရှားမှု တော်တော်လေး ရသွားပြီပဲဖြစ်ပါတယ်။ ဒါ့အပြင် ကမ်းခြေတွေ ဘာတွေ သွားတဲ့အခါမှာလည်း သဲသောင်ပြင်ပေါ်မှာ လမ်းလျှောက်တဲ့အတွက်ကြောင့် လေ့ကျင့်ခန်းတစ်ခုလည်း ရပြီး လေကောင်းလေသန့်ကိုလည်း တဝကြီး ရှုရှိုက်နိုင်ပါတယ်။ လေ့လာချက်များအရ ခရီးသွားခြင်းသည် နှလုံးရောဂါ ဖြစ်ပွားခြင်းမှ လျော့ချပေးပြီး ဦးနှောက်ကျန်းမာရေးကိုလည်း ကောင်းမွန်စေတယ်လို့ သိရှိရပါတယ်။

ဒါတင်မကသေးပါဘူး၊ ခရီးသွားခြင်းသည် စိတ်ကူးစိတ်သန်းများ၊ တီထွင်ဖန်တီးနိုင်စွမ်းများ ပိုမို ကွန့်မြူးနိုင်အောင် ကူညီပေးပါသေးတယ်။

ဒီလို အကျိုးကျေးဇူးအများအပြားကို ပေးစွမ်းနိုင်တဲ့ ခရီးသွား ခြင်းကို ရည်းစားထား ခြင်းထက် ပိုမိုနှစ်သက်တဲ့ ဘီးကျဲတွေရှိရင် ကွန်းမန့်မှာ မန့်သွားခဲ့ပါဦး။

Source: Goodwall

Featured Image: Freepik