ခါးနာတဲ့ ပြဿနာက ဘာရယ်မဟုတ်ဘူးလို့ ထင်ရပေမယ့် နေ့တဒူဝ တော်တော်လေး ဒုက္ခများရတဲ့ ကိစ္စတစ်ခုပါပဲ။ ခါးနာနေတယ်ဆိုရင် သွားရလာရ ၊ အထိုင်အထတွေမှာ အခက်အခဲ များစွာကြုံရနိုင်ပြီး စိတ်ကသိကအောက်လည်း အင်မတန် ဖြစ်ရပါမယ်။ ဒီတစ်ခေါက်မှာတော့ ကွီးတို့ ဘာကြောင့် ခါးနာရတာလဲ ? ခါးနာတဲ့ ပြဿနာ က ဘယ်ကနေ ဘယ်လို ဖြစ်လာရတာလဲ ဆိုတဲ့ အကြောင်းအရင်းတွေကို ပြောပြပေးပါမယ်။

(၁) ကြွက်သား သို့မဟုတ် အရွတ်တွေ တင်းကြပ်လို့

 back pain

Photo : Health

နောက်ကျော ကြွက်သားတွေ ဒါမှမဟုတ် အရွတ်တွေအပေါ် ပြင်းထန်တဲ့ ဖိအား သက်ရောက်တယ်ဆိုရင် ကြွက်သားနဲ့ အရွတ်တွေ တင်းကြပ်လာပြီး ခါးနာတဲ့ ဝေဒနာ ခံစားရတတ်ပါတယ်။ ဥပမာအားဖြင့် ရုတ်တရက် လှုပ်ရှားလိုက်တာ ၊ လေးလံတဲ့ အရာတွေကို မ,တာ ၊ ထပ်ခါထပ်ခါ လှုပ်ရှားတာ စတဲ့ အခြေအနေတွေကြောင့် ကြွက်သား သို့မဟုတ် အရွတ်တွေ တင်းကြပ်ပြီး ခါးနာခြင်းကို ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။

(၂) အသက်ကြီးလာလို့

 back pain

Photo : London Health and Wellbeing

အသက်ရလာတဲ့ သူတွေမှာ ခါးနာတဲ့ ဝေဒနာ အဖြစ်များတာကို တွေ့ရပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ကျောရိုးကြားရှိ တွယ်ဆက် အဆစ်တွေ အားလျော့လာတာကြောင့် အရိုးတစ်ခုနဲ့တစ်ခု ပွတ်တိုက်မှု ဖြစ်ပေါ်ပြီး ခါးနာတဲ့ ပြဿနာ ဖြစ်ပွားလာရခြင်း ဖြစ်ပါတယ်။

(၃) ကိုယ်နေဟန်ထား မမှန်လို့

 back pain

Photo : Reid Health

ကိုယ်နေဟန်ထား မမှန်တဲ့ ပုံစံနဲ့ အချိန်အကြာကြီး ထိုင်တာ ၊ မတ်တပ်ရပ်တာ သို့မဟုတ် အိပ်စက်တာတွေဟာ ခါးနာခြင်းကို ဖြစ်ပေါ်စေတတ်တဲ့ အဓိက အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။

(၄) ဆေးလိပ်အလွန်အကျွံ သောက်လို့

 back pain

Photo : IMPACT Physical Therapy & Sports Recovery

ဆေးလိပ် အလွန်အကျွံသောက်သုံးခြင်းဟာ ရေရှည်မှာ ခါးနာဝေဒနာကို ဦးတည်နေတဲ့ အကြောင်းအရင်း တစ်ခုဆိုတာ ကွီးတို့ သိပါသလား။ ဟုတ်ပါတယ် ဆေးလိပ်အလွန်အကျွံသောက်သုံးတဲ့အခါ အချိန်ကြာလာတာနဲ့အမျှ ကျောရိုးဆီသို့ သွေးစီးဆင်းမှုကို လျော့ကျစေပြီး ခါးနာဝေဒနာ အပါအဝင် အရိုးပွရောဂါ ဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။

Source : Mensxp

Featured Photo : Pain and Spine Specialists