အိပ်ရာထဲမှာပဲ ချစ်တင်းနှောရတာ ငြီးငွေ့လာပြီဆိုရင် ကွီးတို့ ထိုင်ခုံပေါ်မှာ ပြောင်းပြီး သိုင်းကစား ကြည့်ဖို့ အကြံပေးချင်ပါတယ်။ ခုံပေါ်မှာ ချစ်တင်းနှောတာက အိပ်ရာထဲမှာလောက် သက်တောင့်သက်သာ မရှိပေမယ့် သင်နဲ့သင့်ပါတနာရဲ့ ခန္ဓာကိုယ်ချင်းဟာ အနီးကပ်ဆုံး အနေအထားမှာ ရှိစေတာကြောင့် ရင်းနှီးတဲ့ ခံစားမှုကို ပိုရစေပြီး ရင်ခုန်ကြည်နူးဖွယ် ခံစားချက်ကို ဖြစ်ပေါ်စေပါတယ်။ ဒီဆောင်းပါးမှာတော့ ခုံပေါ်မှာ ချစ်တင်းနှောဖို့အတွက် အကောင်းဆုံး သိုင်းကွက် ၃ ခုကို ပြောပြပေးပါမယ်။
(၁) Cowgirl On the Chair
Photo : EVOKE
ခုံတစ်လုံးပေါ်မှာ အချစ် သိုင်းကစား ဖို့ အကောင်းဆုံး သိုင်းကွက်ကတော့ Cowgirl On the Chair လို့ခေါ်တဲ့ မြင်းစီး Position ပါပဲ။ ကွီးတို့က ထိုင်ခုံပေါ်မှာ ကျောမှီ ထိုင်လျက် အနေအထား ပုံစံယူထားပြီး ပါတနာကို ကွီးတို့ရဲ့ ပေါင်အပေါ်ကနေ ခွထိုင်ခိုင်းကာ မြင်းမောင်းခိုင်းရမှာ ဖြစ်ပါတယ်။ ဒီသိုင်းကွက် ကွီးတို့ နှစ်ဦးသား မျက်နှာချင်းဆိုင် အနီးကပ်ဆုံး အနေအထားမှာ ရှိစေပြီး ပါတနာကို အပေါ်ကနေ ဦးဆောင် ကစားခိုင်းရမှာ ဖြစ်တာကြောင့် ခံစားမှုတွေက ရှယ်ကောင်းစေမှာ ဖြစ်သလို ကွီးတို့ နှစ်ဦးလုံး အတွဲညီညီ ကစားလေ အတူတူ အထွတ်အထိပ်ကို ရောက်နိုင်လေပါပဲ။
(၂) Bowstring
Photo : City Magazine
Bowstring သိုင်းကွက်ကတော့ လက်တန်းပါတဲ့ ထိုင်ခုံနဲ့မှ အဆင်ပြေပါမယ်။ ကွီးတို့ ပါတနာကို ခုံပေါ်မှာ ထိုင်ခိုင်းစေပြီး သူမရဲ့ ခြေထောက်တွေကို ခုံလက်တန်းပေါ်မှာ တင်ထားစေပါ။ ကွီးတို့ကတော့ ကြမ်းပြင်မှာ ဒူးထောက်လျက် အနေအထားနဲ့ ပါတနာရဲ့ မျက်နှာချင်းဆိုင် ခုံရှေ့မှာ နေရာယူပြီး သိုင်းကစား ရမှာ ဖြစ်ပါတယ်။ ဒီသိုင်းကွက်ဟာ ပါတနာရဲ့ မိန်းမကိုယ် အတွင်းပိုင်းအထိကို ထိုးဖောက်ဝင်ရောက်မှု ကောင်းကောင်း ပေးနိုင်တဲ့အတွက် ခံစားမှု အထွတ်အထိပ်ကို နှစ်ဦးလုံး အတွဲညီညီ ရောက်ရှိခံစားရစေမှာ ဖြစ်ပါတယ်။
(၃) Seated Wheelbarrow
Photo : Times of India
ဒီသိုင်းကွက်ကတော့ လေ့ကျင့်ခန်း ကစားနည်းပုံစံနဲ့ ဆင်တူပါတယ်။ ဆိုဖာလို ကျယ်ဝန်းပြီး သက်တောင့်သက်သာ ရှိတဲ့ ထိုင်ခုံပေါ်မှာဆိုရင် ပိုပြီးကောင်းပါတယ်။ ကွီးတို့က ပုံမှန်အတိုင်း ခုံပေါ်မှာ ထိုင်လျက်အနေအထား ပုံစံယူရမှာ ဖြစ်ပြီး ပါတနာကိုတော့ ကွီးတို့ကို နောက်ကျောပေးထားတဲ့ အနေအထားနဲ့ ပေါင်ပေါ်မှာ ထိုင်ခိုင်းကာ သိုင်းကစား ရမှာ ဖြစ်ပါတယ်။ ပါတနာရဲ့ ခြေထောက်တွေက မြေပြင်ပေါ် ချမထားပဲ ကွီးတို့ရဲ့ ပေါင်ဘေးဘက် ဆိုဖားကြားမှာ ရှိနေစေရပါမယ်။ ကွီးတို့ ပါတနာက အပေါ်ကနေ ဖိအားကို လိုသလို ထိန်းညှိပြီး လှုပ်ရှား ကစားရမှာ ဖြစ်တာကြောင့် နက်နဲတဲ့ ထိုးဖောက်ဝင်ရောက်မှု ရှိစေမှာ ဖြစ်ပါတယ်။
Source : Sheknows
Featured Photo : City Magazine