ခေတ် နောက်ကျ နေတဲ့ ဘဲတစ်ဗွေ မဖြစ်ဖို့အတွက် နောက်ဆုံးပေါ် အသုံးအဆောင်ပစ္စည်းများကို ဝယ်ယူသုံးစွဲသင့်ပါတယ်။ ကိုယ်နေနေတာက ၂၁ ရာစုထဲမှာ၊ ဒါပေမဲ့ ကိုယ့်ရဲ့ အသုံးအဆောင်ပစ္စည်းတွေက ခေတ်နောက်ပြန်ဆွဲနေတဲ့ ပစ္စည်းတွေဆိုရင်တော့ ဒိတ်အောက်နေတဲ့ ဘိုးတော်ကြီးလို့ နာမည်ပြောင်ပေးခံရပါလိမ့်မယ်။​

တကယ်လို့ ကွီးတို့ရဲ့ အိမ်မှာ အခုဖော်ပြပေးမယ့် ပစ္စည်းများ ပိုင်ဆိုင်ထားမယ်ဆိုရင်တော့ ကွီးတို့က ခေတ် နောက်ကျ တော့မှာ မဟုတ်ပါဘူး။

Sonos Era 300

ခေတ် နောက်ကျ

ကြိုးမဲ့ Bluetooth Speaker တွေကို ကွီးတို့ ကြားဖူးခဲ့တာ ကြာပြီလို့ ထင်ပါတယ်။ ဒီ Sonos Era 300 ကတော့ အခြားသော ဘယ်ပစ္စည်းနဲ့မှ မတူဘဲ တမူထူးခြားကာ ဒီဇိုင်းဆန်းပြီး လှပပါတယ်။ သီချင်းနားထောင်ရတာ ကြိုက်နှစ်သက်တဲ့ ဘီးကျဲတို့အတွက် အမိုက်စား Bluetooth စပီကာတစ်လုံးပဲဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၅၀၀ ဝန်းကျင် ကုန်ကျမှာ ဖြစ်ပါတယ်။​

Ooni Volt 12

ခေတ် နောက်ကျ

ပီဇာဖုတ်စားရတာ ကြိုက်နှစ်သက်တဲ့ ကွီးတို့ရဲ့ မီးဖိုးချောင်မှာ Ooni Volt 12 လေးကို ထည့်ထားသင့်ပါတယ်။ ဒီပစ္စည်းလေးက ပေါ့ပေါ့ပါးပါးလည်းရှိတဲ့အတွက်ကြောင့် Indoor တင်မကဘဲ Outdoor လည်း အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် မီးဖိုရဲ့အပြင်ဘက်မှာ ရေစိုခံအောင် ထုတ်လုပ်ထားတာပဲ ဖြစ်ပါတယ်။ ပီဇာဖုတ်မယ်ဆိုရင် စက္ကန့် ၉၀ လောက် အချိန်ပေးရုံပါပဲ။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၀၀၀ ဝန်းကျင် ပေးဝယ်ရမှာပဲဖြစ်ပါတယ်။​

Amazon Kindle Scribe

ခေတ် နောက်ကျ

စာအုပ်ဖတ်ရတာ ကြိုက်နှစ်သက်သူတွေအနေနဲ့ စာအုပ်တွေ အများကြီးကို အလေးခံပြီး သယ်နေစရာ မလိုတော့ပါဘူး။ သယ်ယူရတာလည်း လွယ်ကူပြီး စာအုပ် အထူကြီးတွေလို လေးပင်နေမှာမဟုတ်ပါဘူး။ ကွီးတို့အနေနဲ့ ကိုယ့်လက်ရေးနဲ့ Notes များ ရေးမှတ်နိုင်မှာဖြစ်သလို ညဘက် အိပ်ခါနီးအချိန်မှာ စာဖတ်မယ်ဆိုရင်လည်း မျက်စိမစူးအောင်၊ မျက်စိကို မထိခိုက်စေအောင် စခရင်မ်ရဲ့ အရောင်ကို Warm Light အဖြစ် ပြောင်းလဲကာ ချိန်ညှိ အသုံးပြုနိုင်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၅၀၀ ဝန်းကျင် ကုန်ကျမှာဖြစ်ပါတယ်။

ညောင်းညာကိုက်ခဲနေတာတွေကို ပြေလျော့သွားစေမယ့် Therabody Wave Roller

ခေတ် နောက်ကျ

ဈေးနှုန်းကတော့ ဒေါ်လာ ၁၀၀ ပတ်ချာလည်လောက်ပဲ ရှိပါတယ်။ ခန္ဓာကိုယ်တစ်ကိုယ်လုံးက ညောင်းညာကိုက်ခဲနေတယ်ဆိုရင် ဒီပစ္စည်းလေးကို အသုံးပြုလိုက်ရုံပါပဲ။ ဒီပစ္စည်းလေးက ဖုန်းထဲ ထည့်လို့ရတဲ့ App လေးပါ ပါဝင်တာကြောင့် ဘယ်လိုအသုံးပြုရမလဲဆိုတာကို ထို App ထဲမှာ ညွှန်ပြပေးထားတာမို့လို့ မသုံးတတ်မှာ ပူစရာမလိုပါဘူး။

Ember Mug2 and Travel Mug2

Mug2

ဒီပစ္စည်းတစ်စုံကို ဝယ်ယူမယ်ဆိုရင်တော့ ဒေါ်လာ ၁၅၀ ဝန်းကျင် ပေးချေရမှာပဲ ဖြစ်ပါတယ်။ Ember Mug လေးကို ကွီးတို့ရဲ့ စမတ်ဖုန်းနဲ့ ချိတ်ဆက်ထားမယ်ဆိုရင် မတ်ခွက်ထဲရှိ ရေအပူချိန်က သတ်မှတ်ထားတဲ့အပူချိန်ကို ရောက်နေပြီဆိုရင် ဖုန်းထဲမှာ နိုတီပေါ်လာမှာပဲ ဖြစ်ပါတယ်။ ဘယ်လောက်ပဲ အချိန်ကြာသွားနေပါစေ မတ်ခွက်ထဲရှိနောက်ဆုံး ရေတစ်စက်ကျန်သည်အထိ အေးမသွားဘဲ ပူပူနွေးနွေးလေး သောက်သုံးနိုင်အောင် ကူညီပေးမှာပဲ ဖြစ်ပါတယ်။

Source: Sciencefocus

Featured Image: Thespruceeats