အရာရာ တိုးတက်ပြောင်းလဲနေတဲ့ ခေတ်ကြီးထဲမှာ လျှပ်စစ်ပစ္စည်းများသည်လည်း တစ်မျိုးပြီးတစ်မျိုး အသစ် အသစ် ထွက်ပေါ်လာနေတာဖြစ်ပါတယ်။ ခေတ်မီ တဲ့ ဘီးကျဲတို့ လက်ထဲမှာလည်း နောက်ဆုံးပေါ် အလန်းစား ပစ္စည်းများကို တွေ့မြင်နိုင်မှာပဲ ဖြစ်ပါတယ်။ ကွီးတို့လည်း အခုဖော်ပြမယ့် ပစ္စည်းတွေကို လက်ဝယ်ပိုင်ဆိုင်ထားရင်တော့ ကွီးတို့လည်း ခေတ်မီတဲ့ ဘီးကျဲတစ်ဗွေလို့ မှတ်ယူနိုင်ပါတယ်။
ပါဝါဘန့်ခ်
ပါဝါဘန့်ခ် ကောင်းကောင်းတစ်လုံးကတော့ ဒီအချိန်မှာ မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ အရည်အသွေးကောင်းတဲ့ ပါဝါဘန့်ခ်တစ်လုံးဆိုရင် ၃ နှစ်လောက်ကတော့ အေးဆေးသုံးလို့ ရပါတယ်။ ရိုရိုသေသေ ကိုင်တွယ်အသုံးပြုတဲ့အပေါ်မှာလည်း မူတည်သေးတာကိုတော့ မေ့မထားသင့်ပါဘူး။
လျှပ်စစ်ပစ္စည်းများကို စုထည့်ထားနိုင်တဲ့ အိတ်ငယ်
ခရီးသွားတဲ့အခါ လျှပ်စစ်ပစ္စည်းများကို ဘယ်လိုမျိုး သယ်ဆောင်သွားလေ့ရှိပါသလဲ။ ကျောပိုးအိတ်ထဲမှာ အခြားပစ္စည်းတွေနဲ့ ရောထည့်မယ်ဆိုရင်တော့ သေချာပါတယ်၊ တချို့တဝက်လောက်ကတော့ ပျက်စီးကုန်မှာပါပဲ။ အကုန်လုံးကို ရောသမမွှေနေမယ့်အစား အခုလိုမျိုး အိတ်တစ်ခုထဲမှာ သီးသန့် ထည့်ထားမယ်ဆိုရင်တော့ အဆင်ပြေသွားမှာပဲဖြစ်ပါတယ်။ ပုံမှာပြထားတဲ့ အိတ်ရဲ့ တန်ဖိုးကတော့ ဒေါ်လာ ၆၀ ပေးချေရမှာပဲဖြစ်ပါတယ်။
နောက်ဆုံးပေါ် ဓာတ်မီး
ဒီဓာတ်မီးကတော့ ၆၀ ဒေါ်လာ ပေးဝယ်ရမယ့် ဓာတ်မီးတစ်လက်ပဲ ဖြစ်ပါတယ်။
ဓာတ်မီးတစ်လက်ကို ဒေါ်လာ ၆၀ တောင် ကုန်ရသလားလို့ မေးစရာရှိပါတယ်။ ဘာ့ကြောင့် ဒီလောက် ဈေးကြီးရတယ်လို့ ထင်ပါသလဲ။
အရင်ဦးဆုံး သူ့ရဲ့ ဒီဇိုင်းလေးကို လေ့လာကြည့်မယ်ဆိုရင် အလူမီနီယံကိုယ်ထည်နဲ့ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဘက္ထရီသက်တမ်းကလည်း အကောင်းတကာ့ အကောင်းဆုံးလို့ ဆိုနိုင်ပါတယ်။ ပြီးရင် USB-C အပေါက်လည်း ပါဝင်ပါတယ်။ ထိုအပေါက်တော့ အားသွင်းဖို့အတွက်ပဲဖြစ်ပါတယ်။ သေးသေးလေးပေမယ့် သူ့အလင်းအားက အနှစ်ကြီးပါ။ ဒါတင်မကသေးပါဘူး။ အရေးပေါ်အခြေအနေမျိုး ကြုံလာခဲ့သည်ရှိသော် အကူအညီတောင်းလို့ရတဲ့ SOS ခလုတ်လေး ပါဝင်ပါတယ်။ ဒါဆိုရင်တော့ ဒီတံဆိပ်က ဘာ့ကြောင့် ဈေးကြီးရသလဲဆိုတာ သိသွားလောက်ပြီလို့ ထင်ပါတယ်။
ဒီဇိုင်းအလန်းစား သော့ခလောက်
ဒီသော့ခလောက်ကတော့ ဒေါ်လာ ၃၀ ပေးဝယ်ရမှာပဲဖြစ်ပါတယ်။ ခေတ်မှီသော့ခလောက်တစ်ခုဖြစ်ပြီး ပင်နံပါတ် ၃ မျိုးနဲ့ သော့ခတ်ထားနိုင်ပါတယ်။ ခေတ်မီ နောက်ဆုံးပေါ် အလန်းစား သော့ခလောက်ကိုမှ လိုချင်တဲ့ ကွီးတို့အတွက်တော့ ဒီ ဒီဇိုင်းက အမိုက်စားပဲဖြစ်ပါတယ်။
JBL Endurance Peak 3 Wireless Earbuds
ယနေ့ခေတ်မှာတော့ ကြိုးနားကြပ်တွေရဲ့ နေရာမှာ ကြိုးမဲ့နားကြပ်တွေက အစားထိုး နေရာယူလာခဲ့ပါပြီ။ ကြိုးမဲ့နားကြပ် ကောင်းကောင်းတစ်ခု လိုချင်တယ်ဆိုရင်တော့ JBL Endurance Peak 3 Wireless Earbuds ကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၉၀ နှင့် ၁၀၀ ကြားမှာ တည်ရှိပါတယ်။ ဒီနားကြပ်လေးရဲ့ အားသာချက်ကတော့ ရေစိုခံပြီး ဘက္ထရီကလည်း တစ်ခါ အားသွင်းထားရင် ၁၀ နာရီကြာ အသုံးခံပါတယ်။
ကွီးတို့ရော နောက်ဆုံးပေါ် ဘယ်လိုပစ္စည်း အလန်းစားတွေကို ပိုင်ဆိုင်ထားပါသလဲ။
Source: Bestproducts
Featured Image: Thegadgetflow