စမတ်ဖုန်းတွေရဲ့ အခန်းကဏ္ဍသည် ကျနော်တို့လူသားတွေရဲ့ နေ့စဥ်ဘဝမှာ အများကြီး အရေးပါနေပါတယ်။ စမတ်ဖုန်း မရှိဘဲ အပြင်မထွက်နိုင်တော့တာမျိုးတောင် ရှိနေလာပါပြီ။ စမတ်ဖုန်းကနေတဆင့် နောက်ထပ်တဆင့် မြင့်လာတာကတော့ ခေါက်ဖုန်းတွေပဲဖြစ်ပါတယ်။ ခေါက်ဖုန်းတွေသည် တဖြည်းဖြည်း ခေတ်စားလာသည်နှင့်တပြိုင်နက် အနာဂတ်မှာ ခေါက်ဖုန်း တွေချည်းပဲ ကြီးစိုး တော့မှာလားဆိုတဲ့ မေးခွန်းကလည်း စဥ်းစားစရာပါပဲ။

စမတ်ဖုန်း စျေးကွက်ထဲမှာလည်း ခေါက်ဖုန်း တွေ တဖြည်းဖြည်း နေရာယူ ကြီးစိုး လာနေတာ ဖုန်းချစ်သူတို့ မျက်မြင်ပဲမဟုတ်လား။

ဒီလိုမျိုး ခေါက်လို့ရတဲ့ စမတ်ဖုန်း အိုင်ဒီယာကို စတင်မိတ်ဆက်ပေးတာကတော့ Samsung ကုမ္ပဏီကြီးပဲဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၁၉ လောက်ကျမှ ထိုအိုင်ဒီယာကို အကောင်အထည်ဖော်နိုင်လာတာဖြစ်ပါတယ်။ Samsung ရဲ့ နောက်ကို အမှီလိုက်လာတဲ့ ခေါက်ဖုန်းတွေလည်း မနည်းမနောပါပဲ။ ဒါပေမဲ့ Samsung စမတ်ခေါက်ဖုန်းတွေကတော့ နံပါတ် (၁) လူကြိုက်များနေဆဲပါပဲ။

(၁) Samsung Galaxy Z Fold 5

(၁) Samsung Galaxy Z Fold 5

Samsung Galaxy Z Fold 5 ရဲ့ အားသာချက်ကတော့ ပြားပြားချပ်ချပ်လေးနဲ့ ပေါ့ပါးတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်ခြင်းပဲဖြစ်ပါတယ်။ သူ့ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၁၀၉၉ ကနေ စတင်ကာ အစားစား ရှိပါလိမ့်မယ်။ စခရင်မ်အကြီးကြီးကို ကြည့်ချင်ရင် ဖုန်းကို ဖြန့်လိုက်ပြီး ပုံမှန်အနေအထားအတိုင်းပဲ ကြည့်ချင်ရင်တော့ ဖုန်းကို ခေါက်လိုက်ရုံပါပဲ။ ပြီးတော့ သူ့ကို ပါးလျတဲ့ S Pen နဲ့လည်း အသုံးပြုနိုင်ပါသေးတယ်။

(၂) Motorola Razr Plus 2023

ခေါက်ဖုန်း ကြီးစိုး

Motorola Razr Plus 2023 ကတော့ Galaxy Z Flip ထက် ပိုပြီး စတိုင်လ်ကျပြီး သူ့ရဲ့ ဈေးနှုန်းကလည်း ဒေါ်လာ ၈၉၉ သာ ကုန်ကျမှာဖြစ်ပါတယ်။ သူ့ရဲ့ ဒီဇိုင်းနဲ့ အရောင်လေးကလည်း စွဲမက်ချင်စရာကောင်းပါတယ်။ အရောင်ကတော့ အနက်ရောင်၊ အပြာနုရောင်နဲ့ ပန်းဆီရောင်ဆိုပြီး သုံးမျိုး ထွက်ရှိထားတာကြောင့် ကွီးတို့ ကြိုက်နှစ်သက်ရာကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

(၃) Samsung Galaxy Z Flip 5

ခေါက်ဖုန်း ကြီးစိုး

လက်ရှိ ဈေးကွက်ထဲမှာ ပေါ်ပြူလာဖြစ်နေတာကတော့ Samsung Galaxy Z Flip 5 ပဲဖြစ်ပါတယ်။ သူ့ရဲ့ အရှေ့က မော်ဒယ်အမျိုးအစားထက် ပိုမိုပါးလျလာပြီး ပိုမိုပေါ့ပါးလာပါတယ်။ Storage အနေနဲ့ 256GB လည်း ဝယ်လို့ရသလို 512GB လည်း ရပါတယ်။ ဖုန်းကို ခေါက်ထားမယ်ဆိုရင် လက်တစ်ဆုပ်စာပဲဆိုတော့ ခေါက်ဖုန်းချစ်သူတွေ အကြိုက်တွေ့နေကြပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၉၉၉ ကနေ အစပြုကာ အစားစားရှိပါတယ်။

(၄) Google Pixel Fold

ခေါက်ဖုန်း ကြီးစိုး

နောက်ထပ် ဘောင်ဝင်တန်းဝင်တဲ့ စမတ်ခေါက်ဖုန်းကတော့ Google Pixel Fold ပဲဖြစ်ပါတယ်။ သူကလည်း ထွက်လာ လပိုင်းပဲ ကြာပါသေးတယ်။ ထုထည်ပိုင်းကလည်း အကြမ်းခံတဲ့ ဘော်ဒီအမျိုးအစားထဲမှာပါပြီး ကင်မရာပိုင်းနဲ့ ပတ်သက်လာရင်လည်း ရှယ်ပါပဲ။ ဈေးနှုန်းကလည်း ရှယ်ပါပဲ။ ဒေါ်လာ ၁၇၉၉ ဝန်းကျင် ပေးဝယ်ရမှာမို့လို့ပါ။

(၅) Oppo Find N2 Flip

ခေါက်ဖုန်း ကြီးစိုး

ဒီဇိုင်းမိမိုက်နေတဲ့ နောက်ထပ်အမျိုးအစားတစ်ခုကတော့ Oppo Find N2 Flip ပဲဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလကမှ ထွက်ရှိထားတာပဲဖြစ်ပါတယ်။ Android 13 ကို အသုံးပြုထားတာဖြစ်ပြီး ဘက္ထရီကတော့ 4300mAh တောင် ရှိလို့ အဝသုံးပါပဲ။

ကွီးတို့ရော ခေါက်ဖုန်းထဲမှာ ဘယ်ခေါက်ဖုန်းကို ဘဝင်တွေ့နေပါသလဲ။

Source: Techradar

Featured Image: Techradar