ခေါင်း ပေါ်မှာ ဗောက်ထခြင်းသည် လူ ၁၀၀ မှာ အယောက် ၈၀ လောက် ကြုံတွေ့နေရတဲ့ အရေပြား ပြဿနာတစ်ခုဖြစ်ပြီး ကွီးတို့ရဲ့ ခေါင်းပေါ် မှာ ဗောက် တွေ အများကြီး နေရာယူထားမယ်ဆိုရင်တော့ ကွီးတို့ ခရက်ရှ်လေးက ဝေးဝေး ပြေး သွားမှာပဲဖြစ်ပါတယ်။

ဗောက်ပြဿနာသည် ကြီးကြီးမားမား ကျန်းမာရေး ပြဿနာတစ်ခု မဟုတ်ပေမယ့် ကွီးတို့ရဲ့ အလှအပကို ထိခိုက်နေတာတော့ အမှန်ပါပဲ။​ ကွီးတို့ကို မိမိကိုယ်ကိုယ် မိမိ ယုံကြည်မှု ကျဆင်းစေပြီး အနက်ရောင် အင်္ကျီများ၊ အရောင်မှိုင်းမှိုင်း အဝတ်အစားများ ဝတ်ဆင်တဲ့အခါ ဗောက်တွေသည် အင်္ကျီပေါ်မှာ ကျနေတာကို အတိုင်းသား မြင်နေရမှာပဲဖြစ်ပါတယ်။

ဘာ့ကြောင့် ကွီးတို့ ခေါင်းပေါ်မှာ ဗောက်ထရတာလဲ

ခေါင်း ဗောက် ပြေး

ဗောက်သည် Malassezia လို့ အမည်ရတဲ့ မှိုတစ်မျိုးကြောင့် ဖြစ်ပေါ်ရခြင်း ဖြစ်ပါတယ်။ ထိုမှိုသည် ကျွန်တော်တို့ရဲ့ ဦးရေပြားပေါ်မှာ နေထိုင်ပြီး ဦးရေပြားပေါ်ရှိ အဆီတွေကို စုပ်ယူ စားသုံးတာဖြစ်ပါတယ်။ ထိုမှိုသည် ပြဿနာကြီး တစ်ရပ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အောက်ဖော်ပြပါ အခြေအနေများက ဗောက်ပိုထလာအောင် တွန်းအားပေးနေတာပဲ ဖြစ်ပါတယ်။

ဆံပင်ကို ပုံမှန် မလျှော်လို့

ခေါင်း ဗောက် ပြေး

ကွီးတို့ရဲ့ ဆံကေသာကို အကြာကြီးနေမှ တစ်ခါလောက် လျှော်တဲ့အခါ ဦးရေပြားပေါ်မှာ အဆီတွေသည် စုပုံလာပါတယ်။ ဒီလိုနဲ့ပဲ Malassezia တွေအတွက် အစာ အာဟာရများ များများစားစား ထောက်ပံ့နေစေပြီး သူတို့ကို ပိုမို အင်အားကောင်းလာအောင် ထောက်ပံ့ပေးနေတာပဲ ဖြစ်ပါတယ်။ ဗောက်တွေသည် ကွီးတို့ရဲ့ ဆံပင်ပေါ်မှာပဲ ရှိနေတာမဟုတ်ပါဘူး။ မုတ်ဆိတ်မွှေးတွေပေါ်မှာလည်း ရှိနေနိုင်ပါတယ်။

ရာသီဥတု အေးလို့

ခေါင်း ဗောက် ပြေး

Photo: Freepik

အေးစက်တဲ့ ဆောင်းရာသီလို အချိန်မှာ ကျွန်တော်တို့ရဲ့ အသားအရေသည် ခြောက်သွေ့သွားတတ်ပြီး ဗောက်ထခြင်းကိုလည်း ပိုမိုခံစားရတတ်ပါတယ်။ ဒါ့ကြောင့် ဆောင်းရာသီမှာ ဗောက်မထဖို့ရန်အတွက် ဦးရေပြားကို အစိုဓာတ် ထိန်းပေးဖို့ လိုအပ်ပါတယ်။

ရာသီဥတု စိုစွတ်လို့

man walking in the rain

မိုးရာသီသည်လည်း Malassezia များကို ပိုမို အားကောင်းလာအောင် တွန်းပို့နေတတ်ပါတယ်။ ဒါ့ကြောင့် မိုးရွာတဲ့အခါမှာ ထီး သေသေချာချာ ဆောင်းသွားပြီး ခေါင်းကို မိုးမစိုအောင် သေသေသချာချာ ဂရုစိုက်သင့်ပါတယ်။

မိမိအသုံးပြုတဲ့ Hair Products များနှင့် မတည့်လို့

ခေါင်း ဗောက် ပြေး

ကွီးတို့ရဲ့ ခန္ဓာကိုယ်သည် ဆံပင် ထုတ်ကုန်ပစ္စည်းအမျိုးမျိုးကို ပုံစံအမျိုးမျိုးဖြင့် ပြန်လည်တုန့်ပြန် တတ်ပါတယ်။ တကယ်လို့ ကိုယ်က ထုတ်ကုန်အသစ် ပြောင်းသုံးမိလိုက်လို့ မတူညီတဲ့ ခံစားချက်မျိုး ခံစားရခြင်း၊ ဥပမာ အလွန်အမင်း ခေါင်းယားခြင်း၊ အနာပေါက်ချင်သလိုဖြစ်ခြင်း၊ ဗောက်ထစပြုလာခြင်း အစရှိသည်တို့ကို ကြုံတွေ့ရပါက ထိုထုတ်ကုန်ပစ္စည်း အသုံးပြုခြင်းကို ချက်ချင်း ရပ်တန့်လိုက်ရပါမယ်။ အခြေအနေက အလွန်အမင်း ဆိုးရွားလာတယ်ဆိုရင်တော့ အရေပြား ဆရာဝန်ထံ ကုသမှု ခံယူရမှာပဲ ဖြစ်ပါတယ်။

ကွီးတို့ ခေါင်း ပေါ်မှာ ဗောက် တွေ ဝေးဝေး ပြေး သွားအောင် ပြုလုပ်နိုင်မယ့် နည်းလမ်းကောင်းများလည်း ရှိပါတယ်။ ထိုနည်းလမ်းများကတော့ …

ဗောက်ပျောက် ခေါင်းလျှော်ရည် အသုံးပြုပါ

ခေါင်း ဗောက် ပြေး

ဈေးကွက်ထဲမှာ ဗောက်ပျောက်စေတဲ့ ခေါင်းလျှော်ရည်တွေ အများကြီးရှိပါတယ်။ ထိုခေါင်းလျှော်ရည်များသည် Malassezia များ မှီဝဲစားသုံးနေတဲ့ ခေါင်းပေါ်ရှိ အဆီများကို လျော့နည်းလာအောင် ပြုလုပ်ပေးပြီး ဦးရေပြားကို သန့်ရှင်းတောက်ပြောင်လာအောင် ကူညီပေးပါတယ်။

ဆံပင်ကို အနည်းဆုံး တစ်ပတ် တစ်ခါခန့် ခေါင်းလျှော်ရပါမယ်

ခေါင်းလျှော်

ကွီးတို့ရဲ့ ဆံပင်ကို နေ့စဥ်ရက်ဆက် လျော့နေစရာမလိုပါဘူး။ ထိုကဲ့သို့ နေ့တိုင်း ခေါင်းလျှော်မယ်ဆိုရင် ဦးရေပြားအတွက် ပိုလို့တောင် အန္တရာယ်ရှိပါတယ်။ ဒါ့ကြောင့် တစ်ပတ်လျှင် တစ်ကြိမ်မှ နှစ်ကြိမ်အထိသာ လျှော်သင့်ပါတယ်။ ဒါဆိုရင်တော့ ဦးရေပြားပေါ်မှာ အဆီတွေ စုပုံမလာအောင် ကူညီပေးမှာပဲဖြစ်ပါတယ်။ နှစ်ကြိမ်အထိ ခေါင်းလျှော်လို့မှ မသက်သာသေးဘူးဆိုရင်တော့ တစ်ပတ်ကို သုံးကြိမ်အထိ တိုးလျှော်နိုင်ပါတယ်။

ရှားစောင်းလက်ပတ် အသုံးပြုပါ

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်သည် ဦးရေပြားအတွက် အကောင်းဆုံး ပစ္စည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ခေါင်းလျှော်ပြီးတဲ့နောက်မှာ ဦးရေပြားပေါ်သို့ ရှားစောင်းလက်ပတ်ဂျယ်လေး အနည်းငယ်ခန့် လိမ်းကျံပေးမယ်ဆိုရင်တော့ ဦးရေပြားအတွက် အစိုဓာတ် ထိန်းပေးရာ ရောက်ပါတယ်။

အထက်ဖော်ပြပါ အချက်များအပြင် သကြားဓာတ် လွန်ကဲသော အစားအစာများ၊ ဆီကြော်မုန့်များ၊ ကြာရှည်ခံ အစားအစာများ စားသုံးခြင်းမှလည်း ရှောင်ကြဥ်သင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ထိုအစားအစာများသည် ဗောက်ထစေလို့ပဲ ဖြစ်ပါတယ်။ ထိုအစားအစာများ စားသုံးမယ့်အစား အိုမီဂါသရီး ဖက်တီအက်ဆစ်ဓာတ်များ ကြွယ်ဝတဲ့ အစားအစာတွေကို များများ စားသုံးပေးလိုက်ပါ။ ဒါ့အပြင် ဗောက်ထနေစဥ်အတောအတွင်း ခေါင်းလိမ်းဂျယ်လ်များ အသုံးပြုခြင်းကို ရှောင်ကြဥ်သင့်ပါတယ်။

ဒီအချက်များနှင့် ခေါင်း ပေါ်က ဗောက် တွေကို ဝေးဝေး ပြေး သွားအောင် နှင်ထုတ်နိုင်ပြီပဲ ဖြစ်ပါတယ်။

Source: Stryx

Featured Image: Peteandpedro