လူတွေဟာ ဘဝအတွေ့အကြုံတွေကို ဖြတ်သန်းရင်း ခံစားချက် ကို ထိန်းကျောင်းရင်းနဲ့ အရွယ်ရောက် ရင့်ကျက် သွားတဲ့ Maturity အဆင့်ကို ရောက်လာတတ်ပါတယ်။ Emotional Maturity ဖြစ်တဲ့အဆင့်ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် မတူပေမယ့် စိတ် ခံစားချက် တွေ ရင့်ကျက် သွားတဲ့ ကွီး တိုင်းမှာ အခုပြောတဲ့ လက္ခဏာတွေ တွေ့ရတတ်ပါတယ်။
(၁) တာဝန်ယူတတ်လာတယ်

Photo: Pexels
ရင့်ကျက် လာတဲ့ ကွီး တို့ဟာ ကိုယ့်အမှားတွေ ၊ စိတ် ခံစားချက် တွေ ၊ လိုချင်ဆန္ဒတွေနဲ့ တုန့်ပြန်မှုတွေကို တာဝန်ယူတတ်တဲ့ စိတ်မွေးလာပါတယ်။ တစ်ခြားသူပေါ် အပြစ်ဖို့တာထက် ဒါကို ဘယ်လို ပြင်လို့ ရမလဲ ဆိုတဲ့ဘက်က စဉ်းစားလာပါတယ်။
(၂) အသိအမှတ်ပြု ဝန်ခံတတ်လာတယ်

Photo: shutterstock
ကွီး တို့မှားတဲ့ အခါမှာ မှားကြောင်း ဝန်ခံခြင်းဟာ ရင့်ကျက် ခြင်းရဲ့ လက္ခဏာ ဖြစ်သလို တစ်ခြားသူတွေရဲ့ အခွင့်အရေးနဲ့ ရပ်တည်မှုပေါ် အသိအမှတ်ပြုခြင်းဟာလည်း ရင့်ကျက်လာတဲ့ စိတ် ခံစားချက် အခြေအနေကို ပြနေတာပါ။
(၃) ခံစားချက် နဲ့ တုန့်ပြန်မှုအကြား ထိန်းချုပ်ထားနိုင်တယ်

Photo: SaleFroce
ကွီး တို့ အရင်ကလို စိတ် ခံစားချက် ကို ရှေ့တန်းတင်ပြီး အလျင်စလို စိတ်လိုက်မာန်ပါ မဆုံးဖြတ်တော့ဘူး။ အကြောင်းရင်းကို ခေါင်းအေးအေးနဲ့ ရှာပြီး ပိုပြီး အဓိပ္ပါယ်ရှိရှိနဲ့ ဂရုတစိုက် တုန့်ပြန်လာတတ်ပါတယ်။
(၄) အချစ်ပေါ် နားလည်မှု ပိုနက်ရှိုင်းလာတယ်

Photo: Pexels
ရင့်ကျက် လာချိန်မှာ ကွီး တို့အတွက် အချစ်ဆိုတာ ဂရုဏာပါပဲ။ အရင်လို သွေးဆူပေါက်ကွဲပြီး လက်ထဲ ကိုင်ဆုပ်ထားချင်တဲ့ တပ်မက်မှုမျိုး မဟုတ်တော့ပါဘူး။ ကိုယ်ချစ်ရတဲ့သူကို ပိုအဆင်ပြေ ပျော်စေဖို့ မေတ္တာထားတဲ့ ပုံစံနဲ့ ဆက်ဆံမှုကလည်း ပိုပြီး လေးနက်လာပါတယ်။
(၅) ဒုက္ခသုက္ခတွေမှာ သိပ်မငြီးတွားတော့ဘူး

Photo: blog.empleate
အောင်မြင်ရှုံးနိမ့်ခြင်း ပျော်ရွှင်ဝမ်းနည်းခြင်း စတဲ့စတဲ့ ဘဝအနိမ့်အမြင့် ပြဿနာတွေနဲ့ ကွီး တို့ ကြုံချိန်မှာ အရင်တုန်းကလို ကလေးဆန်ဆန် ငိုညည်းတာမျိုး မလုပ်တော့ပါဘူး။ ဒေါင်ကျပြားကျ ရင်ဆိုင်မယ်ဆိုတဲ့ တင်းထားတဲ့ စိတ်မာန်မျိုးနဲ့ အပြောင်းအလဲကို လက်ခံလာပါတယ်။
အကောင်းမြင်တဲ့ စိတ်ဟာ မျှော်လင့်ချက်ရှိတဲ့ အနာဂါတ်ဘက်ကို ဦးလှည့်နေတဲ့ အပြုသဘောစိတ် ဖြစ်တယ်ဆိုတာ လက်ခံလာတာဟာ ရင့်ကျက် တဲ့ စိတ်အခြေအနေ ဖြစ်ပါတယ်။ ကွီး တို့ ကိုယ့်ခံစားချက် ကိုပိုပြီး ထိန်းချုပ်တတ်လာပြီး ကျေးဇူးတရားကို ပိုနားလည်တတ်လာပါတယ်။
