လူသားတွေ တစ်ဦးနဲ့ တစ်ဦး ချစ်ကြ ကြိုက်ကြတဲ့နောက်မှာ သဘာဝ အလျောက် လွန်ဆန်လို့မရတဲ့ အရာတစ်ခုလည်း အနောက်ကနေ ကပ်လိုက်လာတတ်ပါတယ်။ သဘာဝ လိုအင်ဆန္ဒအရ ဖြစ်တည်လာတဲ့ ခံစားချက်ကို ကွီးတို့ရဲ့ ဦးနှောက်နဲ့ ထိန်းချုပ်နိုင်မှသာလျှင် မလိုလားအပ်တဲ့ ဘေးအန္တရာယ်များမှ ကာကွယ်နိုင်မှာပဲ ဖြစ်ပါတယ်။ ကွီးတို့ နှစ်ဦးသား တူနှစ်ကိုယ် အချစ်နယ်ကျွံကြတဲ့အခါ ဘေးကင်းကင်းနဲ့ အ ချစ် နယ်ကျွံနိုင်ဖို့အတွက် ဒီအချက်များကို ဆောင် ထားသင့်ပါတယ်။
(၁) အကာအကွယ် အသုံးပြုပါ
ချစ်တင်းနှောချိန်မှာ အကာအကွယ် အသုံးပြုခြင်းသည် နှစ်ဦးနှစ်ဖက်စလုံးအတွက် မလိုလားအပ်တဲ့ ကျန်းမာရေး ပြဿနာများမှ ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကွီးတို့ ရှော်တီလေးနဲ့ အချိန် ကြာ ကြာ နှစ်ပါးသွား ကနိုင်အောင် ကူညီပေးမယ့် ပစ္စည်းတစ်ခုဆိုလည်း မမှားပါဘူး။ အာရုံ ခံစားမှုကို အနည်းငယ် နှေးကွေးသွားစေနိုင်ပေမယ့် အချိန်ကြာကြာ စွမ်းဆောင်နိုင်ခြင်းနှင့် ကျန်းမာရေး ပြဿနာများမှ ကာကွယ်ပေးခြင်းတို့နဲ့ ယှဥ်လိုက်တဲ့အခါ ဦးထုပ်ရဲ့ ကောင်းကျိုးက အံ့မခန်းပါပဲ။
(၂) တစ်ဦးနဲ့ တစ်ဦး ပွင့်လင်းမှု ရှိပါစေ
အိပ်ရာပေါ်က ချစ်ရေးချစ်ရာ ကိစ္စတွေနဲ့ ပတ်သတ်ပြီး တပ်မက်မှုလိုအပ်ဆန္ဒတွေကို တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်း ပြောဆိုတိုင်ပင်ဖြစ်ကြတဲ့ စုံတွဲတွေဟာ ပိုမိုကောင်းမွန်တဲ့ လိင်မှုဘဝ နဲ့ ကျန်းမာတဲ့ ဆက်ဆံရေးတစ်ခုကို ပိုင်ဆိုင်ထားနိုင်ကြတယ်လို့ သုတေသနပြုချက်တွေမှာ တွေ့ရှိရပါတယ်။ လိင်မှုကိစ္စဟာ ပွင့်လင်းမှုနဲ့ အပေးအယူမျှခြင်းအပေါ် အခြေခံပါတယ်။ ဒါကြောင့် ကိုယ့်ပါတနာနဲ့ တစ်ယောက်နဲ့ တစ်ယောက် ကြိုက်တဲ့မကြိုက်တဲ့ အချက်တွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်ပါ။ ရှက်ရွံ့စိတ်တွေ ခဏဖယ်ထားပြီး အိပ်ရာပေါ်မှာ ကွီးတို့ ဖြစ်ချင်တဲ့ စိတ်ကူးနဲ့ ဆန္ဒတွေကို အပြန်အလှန် မျှဝေပါ။ ကိုယ့်ပါတနာရဲ့ လိုအင်တွေကိုလည်း မေးမြန်းကြည့်သင့်ပါတယ်။
(၃) ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာများ စားသုံးပါ
ကွီးတို့ ညီလေးက ကျန်းမာသန်စွမ်းပြီး လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်မှု တိုးစေချင်တယ်ဆိုရင်တော့ ကွီးတို့ရဲ့ ညီလေးအတွက် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာများကို စားသုံးပေးဖို့ လိုအပ်ပါတယ်။ ထောပတ်သီး၊ သလဲသီး၊ ဆော်လမွန်ငါးများသည် ကွီးတို့ ညီလေးကို ကျန်းမာသန်စွမ်းလာအောင် ကူညီပေးနိုင်တာကြောင့် များများစားသုံးပေးသင့်ပါတယ်။
ပိုမို ကောင်းမွန်တဲ့ လိင်မှုဘဝ ကို ပိုင်ဆိုင်နိုင်ဖို့ အထောက်အပံ့ပေးနိုင်တဲ့ အစားအစာများ ထဲမှာ ကမာများလည်း ပါဝင်ပါတယ်။ ဇင့်ဓာတ် အလွန်အမင်း ကြွယ်ဝသော ကမာများက ကျန်းမာသော သုက်ပိုးနှင့် Testosterone ဟော်မုန်းကို ထိန်းသိမ်းရန်အတွက် အထောက်အကူပြုပါတယ်။ ၎င်းတို့က ခန္ဓာကိုယ်အတွင်း Dopamine ထုတ်လုပ်မှုကိုလည်း ပံ့ပိုးပေးတာကြောင့် ကွီးတို့ရဲ့ လိင်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုနှင့် ဆန္ဒကို မြှင့်တင်ပေးနိုင်ပါတယ်။
(၄) လေ့ကျင့်ခန်း ပုံမှန် ပြုလုပ်ပါ
ကွီးတို့အတွက် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်တဲ့ လေ့ကျင့်ခန်းများမှာ Plank ထောက်ခြင်း၊ ရေကူးခြင်း၊ ယောဂ Pose အချို့နဲ့ ထိုက်ချိ စသည်တို့ပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်က တိုက်ရိုက်ဆက်နွယ်နေပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်ခြင်းက ခန္ဓာကိုယ်ကျန်းမာရေးအတွက်လည်း အထောက်အကူ ပြုတာကြောင့် အချိန်ပေးပြီး လုပ်ဆောင်သင့်ပါတယ်။
နောက်ဆုံး အရေးအကြီးဆုံး အချက်တစ်ခုရှိပါသေးတယ်။ ထိုအချက်ကတော့ ကိစ္စ ဝိစ္စများ အားလုံး ပြီးတဲ့အခါ သန့်ရှင်းရေး ပြုလုပ်ဖို့ပါပဲ။ အပေါ့အပါး ထသွားပြီး ကိုယ့်ရဲ့ ညီလေးကို ဆေးကြော သန့်စင်ပေးနိုင်ပါတယ်။ ဒါမှမဟုတ် ရေချိုးလိုက်တာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။ ဒီလိုနည်းနဲ့ ကွီးတို့ရဲ့ ညီလေးထဲကို ပြင်ပမှ ဘက်တီးရီးယားများ မဝင်ရောက်လာနိုင်အောင် ကာကွယ်ပေးနိုင်ပါတယ်။
Source: Menshealth
Featured Image: Freepik