ဒီဘက်ခေတ်မှာ ရည်းစားရဖို့ အရမ်းကို လွယ်ကူနေပြီလို့ ပြောရင် ကွီးတို့ ငြင်းမယ်မထင်ပါဘူး။ အရင်ခေတ်ကလို ချစ်တယ် အဖြေရဖို့ ၊ လက်ကလေးကိုင်ရဖို့ အချိန်ကြာကြီး စောင့်ဆိုင်းစရာမလိုတော့ပဲ အခုတွေ့ ၊ အခုချစ် ၊ အခုတွဲ ၊ သိပ်မကြာခင်မှာပဲ ပြတ်စဲကြတဲ့ ချစ်ကြိုက်ကွဲ ဇာတ်လမ်းတွေ အရမ်းကို များလာပါတယ်။ ရေရှည်လက်တွဲနိုင်တဲ့ စုံတွဲတွေ လုံးဝမရှိတော့တာ မဟုတ်ပေမယ့် ရှားရှားပါးပါး ရယ်ပါ။ ဒီဘက်ခေတ်စုံတွဲတွေမှာ ဘာကြောင့် ဒီလို လွယ်လွယ်ချစ် လွယ်လွယ်ကွဲ ကြတယ်လို့ ထင်ပါသလဲ ??? ဒီဆောင်းပါးမှာ အဖြေရှာ ကြည့်လိုက်ရအောင်ပါ။

(၁) ဖောက်ပြန်ဖို့ အရမ်းလွယ်နေလို့

Breakup Couple

Photo : SciTechDaily

ဒီဘက်ခေတ်ကြီးမှာက ဖောက်ပြန်ဖို့ အရမ်းကို လွယ်ကူနေပါပြီ။ သစ္စာရှိရှိ ချစ်တယ်ဆိုတဲ့ သူတွေလည်း အင်မတန်မှ ရှားသွားပါတယ်။ ဆိုရှယ်မီဒီယာ ၊ Dating App တွေအပြင် အခြား ဖောက်ပြန်ဖို့ သိပ်ပြီး အပင်ပန်းမခံရတော့တဲ့ အခြေအနေတွေလည်း ရှိပိုများလာသလို ဖောက်ပြန်လို့ အလားအလားရှိတဲ့ အခြေအနေတွေနဲ့ ကြုံလာတဲ့အခါမှာလည်း သစ္စာစောင့်သိမှုမရှိပဲ စိတ်အလို လိုက်ကြလို့ပါပဲ။

(၂) တစ်ယောက်အကြောင်းတစ်ယောက်မသိပဲ တွဲကြလို့

Breakup Couple

Photo : Marriage.com

လူတစ်ယောက်အကြောင်းကို သေချာမသိပဲ လက်တွဲဖော် ချစ်သူရည်းစားအဖြစ် ရွေးချယ်ဖို့ လုံးဝမသင့်တော်ပါဘူး။ ဒီဘက်ခေတ်မှာ ဒါဟာသိပ်ပြီး အရေးပါတဲ့ အရာတစ်ခုလို့တောင် မထင်ကြတော့တာပါ။ တစ်ယောက်အကြောင်း တစ်ယောက်မသိလည်း လွယ်လွယ်ချစ်လိုက်ကြတာပါပဲ။ အဲ့ဒီရဲ့ အကျိုးဆက်ကတော့ အချိန်ကြာလာနဲ့အမျှ တစ်ယောက်နဲ့တစ်ယောက် လက်မခံနိုင်တဲ့ အကြောင်းတွေပေါ်လာပြီး နောက်ဆုံးမှာ လမ်းခွဲပြတ်စဲလိုက်ကြတာ ဖြစ်ပါတယ်။

(၃) ပေါ်ပင်လိုက်နေလို့

Breakup Couple

Photo : Eddins Counseling Group

အချစ်ဟာ အသစ်သစ်လိုက်လို့ရတဲ့ ပေါ်ပင်ပစ္စည်းတစ်ခု မဟုတ်ပါဘူး။ ကိုယ့်လက်ရှိ ပိုင်ဆိုင်ထားတဲ့ ချစ်သူကို အမှန်တကယ် တန်ဖိုးထားမယ် ၊ အမြတ်တနိုး ချစ်မယ်ဆိုရင် အသစ်သစ်တွေ ထပ်ပြီး လိုချင်မှာ မဟုတ်သလို ရှာဖွေနေမှာလည်း မဟုတ်ပါဘူး။ အချိန်လေးနည်းနည်းကြာလာနဲ့ လက်ရှိချစ်သူအပေါ် ချစ်တဲ့စိတ်တွေ လျော့လာပြီး အသစ်သစ်တွေ ၊ ပေါ်ပင်နောက်တွေကိုပဲ လိုက်နေမယ်ဆိုရင် ကိုယ့်အပေါ် တကယ်ချစ်တဲ့သူကို ကွီးတို့ပဲ ဆုံးရှုံးရပါလိမ့်မယ်။

(၄) တစ်ကိုယ်ကောင်း ဆန်လာကြလို့

Breakup Couple
Photo : Scott Kampschaefer, lcsw

လူတွေ တော်တော်များများ အတ္တစိတ်တွေ ၊ တစ်ကိုယ်ကောင်းဆန်စိတ်တွေ များလာကြတာကို သတိထားမိကြမယ် ထင်ပါတယ်။ တစ်ကိုယ်ကောင်း ဆန်တဲ့စိတ်ဟာ Relationship တစ်ခုမှာ အကြီးမာဆုံး ပြဿနာပါပဲ။ တစ်ယောက်အပေါ်တစ်ယောက်သည်းခံနိုင်ခြင်းမရှိပဲ ၊ သူမှန်တယ် ငါမှန်တယ်ဆိုတဲ့ အတ္တစိတ်တွေနဲ့ အနိုင်ယူလိုစိတ်တွေများနေရင် အဲ့ဒီဆက်ဆံရေးဟာ အနှေးနဲ့အမြန်ပဲ ဇာတ်သိမ်းသွားမှာပါ။

ကွီးတို့ရော ဒီဘက်ခေတ် ချစ်သူစုံတွဲတွေ ဘာကြောင့် လွယ်လွယ်ချစ် လွယ်လွယ်ကွဲ ကြတယ်လို့ ထင်ပါသလဲ ???

Source : Identity Magazine

Featured Photo : Vegamour