ကွီးတို့က ကိုယ့်ရှော်တီလေးနဲ့ ချစ်တင်းနှော တာတော့ ဟုတ်ပါပြီ၊ လိုအပ်တဲ့ ကုန်ကြမ်း တွေရော အကုန် စုဆောင်းထားရဲ့လား။ ကုန်ကြမ်းတွေ မစုံသေးဘဲနဲ့ ချစ်တင်းနှောမယ်ဆိုရင်တော့ ပြီးပြည့်စုံတဲ့ ပျော်ရွှင် ကြည်နူးမှုကို ခံစားရနိုင်မှာမဟုတ်ပါဘူး။
ချစ်တင်းနှော တဲ့အခါ ပြီးပြည့်စုံတဲ့ ပျော်ရွှင် ကြည်နူးမှုကိုလည်း ခံစားရရှိချင်တယ်၊ ဘေးအန္တရာယ်ကင်းကင်းနဲ့လည်း ချစ်တင်းနှော ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ကုန်ကြမ်း များကို စုဆောင်းထားဖို့ လိုအပ်ပါလိမ့်မယ်။
(၁) ကွန်ဒုံး
လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများ မခံစားရဖို့ဘဲ၊ ကြိုတင် မစီစဥ်ထားဘဲ မလိုချင်တဲ့ ကိုယ်ဝန် ရသွားတာမျိုး မဖြစ်ဖို့အတွက် ကွန်ဒုံးကတော့ မဖြစ်မနေ အသုံးပြုသင့်တဲ့အရာပဲဖြစ်ပါတယ်။ ကွန်ဒုံး အသုံးပြုတော့မယ်ဆိုရင်လည်း နည်းမှန် လမ်းမှန်နဲ့ အသုံးပြုဖို့ လိုအပ်ပါလိမ့်မယ်။ အသုံးမပြုခင်မှာလည်း ကွန်ဒုံးက ဘယ်နေ့မှာ သက်တမ်းကုန်မလဲဆိုတာ စစ်ဆေးပါ။ ကွန်ဒုံးကို ဖွင့်ဖောက်တဲ့အခါမှာလည်း သေချာဂရုတစိုက် ဖွင့်ဖောက်ပါ။ ကွန်ဒုံး ပေါက် ပြဲသွားတာမျိုးဆို ကွန်ဒုံး အသစ်တစ်ခု အသုံးပြုရမှာ ဖြစ်ပါတယ်။
(၂) ချောဆီ
ချစ်တင်းနှောတဲ့အခါမှာ သာယာပျော်ရွှင်မှုကို လိုလားတယ်ဆိုရင်တော့ ချောဆီကိုလည်း အသုံးပြုသင့်ပါတယ်။ ကွီးတို့ ရှော်တီလေးရဲ့ မိန်းမကိုယ်ဟာ သဘာဝ ချောဆီကို ထုတ်လုပ်ပေးပါတယ်။ ဒါပေမဲ့ တခါတလေမှာ စိတ်ပါနေတာတောင်မှ ချောဆီမထွက်ဘဲ ခြောက်သွေ့နေတတ်ပါတယ်။ ဒီလိုမျိုး ခြောက်သွေ့နေတဲ့အချိန်မှာ ချစ်တင်းနှောမယ်ဆိုရင်တော့ ကွီးတို့ နှစ်ဦးသားစလုံး ကြည်နူးစရာ ခံစားချက်မျိုး ခံစားရမှာမဟုတ်ပါဘူး။ ဒီလိုအခြေအနေမျိုးနဲ့ ကြုံတွေ့ရတယ်ဆိုရင်တော့ ချောဆီရဲ့ အကူအညီကို ရယူသင့်ပါတယ်။ အနံ့ အရသာပါတဲ့ ချောဆီ အမျိုးမျိုးရှိတဲ့အနက် ကွီးတို့ ကြိုက်နှစ်သက်ရာကို ရွေးချယ် အသုံးပြုနိုင်ပါတယ်။
(၃) လူကြီး အရုပ်
လူကြီးအရုပ်တွေကလည်း ကွီးတို့ရဲ့ နှစ်ဦးသား ချစ်ကြည်နူး တစ်တီတူးရာမှာ အသုံးဝင်တဲ့ ပစ္စည်းတွေပဲဖြစ်ပါတယ်။ ချစ်တင်းနှောဖို့ စိတ်မပါတဲ့ ကွီးတို့ရဲ့ ရှော်တီလေးကို လူကြီး အရုပ်တွေ အသုံးပြုပြီး စိတ်ပါလာအောင် ဖန်တီးနိုင်ပါတယ်။ လူကြီး အရုပ်တွေ အသုံးမပြုခင်နဲ့ အသုံးပြုပြီးတိုင်းမှာလည်း သန့်ရှင်မှုရှိအောင် သေချာ ဆေးကြော သန့်စင်ပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် မလိုလားအပ်တဲ့ ရောဂါ ဘယများသည် လိင်မှတဆင့် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်မသွားမှာ ဖြစ်ပါတယ်။
(၄) သိုင်းကျမ်းမျိုးစုံ လေ့လာထားပါ
ဘာသိုင်းကွက်မှ မတတ်မြောက်ထားသေးဘူးဆိုရင်တောင်မှ ကွီးတို့သည် သိုင်းကျမ်းမျိုးစုံကို နောကျေနေအောင် လေ့လာထားသင့်ပါတယ်။ လေ့လာနည်းတွေကတော့ အများကြီးပါပဲ။ အွန်လိုင်းကနေ လူကြီး ရုပ်ရှင်တွေ ကြည့်ပြီးလည်း လေ့လာလို့ရသလို၊ ရုပ်ပြ ကာတွန်းများထဲကနေလည်း လေ့လာလို့ရပါတယ်။ သိုင်းကျမ်းမျိုးစုံကို နောကျေနေအောင် လေ့လာထားပြီးမှသာလျှင် ချစ်တင်းနှောဖို့ အစပြုသင့်ပါတယ်။ နို့မဟုတ်ရင် ချစ်တင်းနှော ဖို့ ကုန်ကြမ်း တွေ မစုံသေးဘဲနဲ့ လုပ်ငန်းစလိုက်ရင် ကွီးတို့က အတွေ့အကြုံ နုနယ်နေသေးကြောင်း ဖော်ပြနေတာနဲ့ အတူတူပါပဲ။
ကွီးတို့ရော ချစ်တင်းနှောနေစဥ်မှာ ဘယ်လိုမျိုး ကုန်ကြမ်းတွေကို စုဆောင်းလေ့ရှိပါသလဲ။
Source: Familyserviceshub
Featured Image: Freepik