စကီလေးနဲ့ ချစ်တင်းနှော နေစဥ်မှာ ကွန်ဒုံး အသုံးပြုခြင်းသည် လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများမှ ကာကွယ်ပေးနိုင်သလို ကြိုတင်မစီစဥ်ထားဘဲ ကိုယ်ဝန်ရသွားတဲ့ အဖြစ်မျိုးကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုမျိုး ကာကွယ်ပေးနိုင်ဖို့ အတွက်ဆိုရင် ကွီးတို့ရဲ့ အသုံးပြုပုံ အသုံးပြုနည်း မှန်ကန်နေဖို့ လိုအပ်ပါတယ်။ ချစ်တင်းနှော နေစဥ် ကွန်ဒုံး အသုံးပြုတဲ့အခါ အခုဖော်ပြပေးမယ့် အချက်များကို ရှောင် ကြဥ်မှသာလျှင် ကွီးတို့အတွက် အကျိုးထူးမှာ ဖြစ်ပါတယ်။

သက်တမ်း ကုန်ဆုံးရက်ကို မစစ်ဆေးခြင်း

man using condom

သက်တမ်းကုန်ဆုံးသွားပြီဖြစ်တဲ့ ကွန်ဒုံးကို ဘယ်တော့မှ အသုံးမပြုမိပါစေနဲ့။ သက်တမ်း ကုန်ဆုံးသွားတဲ့အခါ သူ့ရဲ့ အာနိသင်များလည်း ပျက်ပြယ်သွားမှာဖြစ်ပြီး ကွီးတို့ အသုံးပြုလည်း ဘာမှ အကျိုးရှိမှာ မဟုတ်ပါဘူး။ ပလိုင်းပေါက်နဲ့ ဖားကောက် ဆိုသလိုပါပဲ။

စောစောစီးစီး အသုံးပြုခြင်း

man using condom

ကွန်ဒုံးသည် ကွီးတို့ ညီလေး နိုးကြားတက်ကြွပြီး ထောင်မတ်နေချိန်မှာ စွပ်ရမှာပဲ ဖြစ်ပါတယ်။ တကယ်လို့ ကွီးတို့က ညီလေး မနိုးသေးတဲ့အချိန်မှာ စောစောစီးစီး ကြိုစွပ်ထားမိမယ်ဆိုရင် မှန်ကန်စွာ ဝတ်ဆင်ထားတာမျိုး မဟုတ်တော့ဘဲ နည်းစနစ် မမှန်တော့ပါဘူး။

ဆိုဒ် ရွေးချယ်မှု မှားယွင်းခြင်း

ချစ်တင်းနှော ကွန်ဒုံး ရှောင်

ကွန်ဒုံးကို မှားယွင်းစွာ အသုံးပြုမိကြတဲ့ နောက်ထပ် အချက်တစ်ခုကတော့ ဆိုဒ် ရွေးချယ်မှု မှားယွင်းခြင်းပဲ ဖြစ်ပါတယ်။ ကွီးတို့ စွပ်လိုက်တဲ့ ကွန်ဒုံးသည် အရွယ်အစား သေးနေတာမျိုးလည်း အဆင်ပြေမှာ မဟုတ်သလို အရွယ်အစား ကြီးနေရင်လည်း အဆင်ပြေမှာ မဟုတ်ပါဘူး။ သူ့အရွယ်အစားနဲ့သူ ကွက်တိကျဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် ချစ်တင်းနှောရတာလည်း အဆင်ပြေပြေနဲ့ ရှောရှောရှူရှူ ဖြစ်သွားမှာပါ။

နောက်ကျမှ စွပ်မိခြင်း

ချစ်တင်းနှော ကွန်ဒုံး ရှောင်

ကွန်ဒုံး အသုံးပြုရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကွီးတို့ ညီလေးက လွှတ်ထုတ်လိုက်တဲ့ Sperm များကို သိမ်းဆည်းပေးထားဖို့ မဟုတ်လား။ ကိုယ်ဝန်မရဖို့နဲ့ ရောဂါပိုးမွှားများမှ ကာကွယ်ဖို့အတွက်ဆိုရင်တော့ နောက်ကျမှ အသုံးပြုမိခြင်းမျိုး မဖြစ်အောင် သတိထားသင့်ပါတယ်။ ဒါ့အပြင် ကွန်ဒုံး စွပ်တဲ့အခါ Sperm တွေကို သိမ်းဆည်းထားဖို့အတွက် နေရာလွတ်လေးတစ်ခု ချန်ထားပေးဖို့ လိုအပ်ပါတယ်။

အချိန်လွန်မှ ဖြုတ်မိခြင်း

ချစ်တင်းနှော ကွန်ဒုံး ရှောင်

ကွီးတို့ ပြီးမြောက်သွားပြီဆိုတာနဲ့ ထိုကွန်ဒုံးကို ချက်ချင်း ဖြုတ်လိုက်ရပါမယ်။ ကွီးတို့ ညီလေး အိပ်ပျော်သွားတဲ့အထိ စောင့်တာမျိုး မလုပ်ရပါဘူး။ တကယ်လို့ ကွီးတို့က နောက်တစ်ချီလောက် ထပ်နွှဲချင်တယ်ဆိုရင်တော့ နောက်ထပ် ကွန်ဒုံးအသစ်တစ်ခုကို ထပ်မံ အသုံးပြုရမှာပဲ ဖြစ်ပါတယ်။ ကွန်ဒုံး တစ်ခုတည်းကိုပဲ ထပ်ခါတလဲလဲ အသုံးပြုခြင်းမှ ရှောင်ကြဥ်သင့်ပါတယ်။ ဒါ့အပြင် စိုးရိမ်စိတ် လွန်ကဲပြီး နှစ်ထပ် ဝတ်ဆင်ခြင်းမှလည်း ရှောင်ကြဥ်သင့်ပါတယ်။

အခုဖော်ပြသွားတဲ့အချက်တွေကတော့ ချစ်တင်းနှော နေစဥ် ကွန်ဒုံး အသုံးပြုတဲ့အခါ ရှောင် ရမယ့် အချက်တွေပဲ ဖြစ်ပါတယ်။

ကွီးတို့ရော ဒီအချက်တွေကို သေသေချာချာ ရှောင်ကြဉ် ကြရဲ့လား။

Source: 1mg

Featured Image: Thesun.co.uk