အမျိုးသမီး တော်တော်များများ ချစ်တင်းနှော ချိန်မှာ နာကျင်မှုဝေဒနာ ခံစားရမှာကို စိုးရိမ်ကြောက်ရွံ့ မိတက် ကြပါတယ်။ တကယ်တော့ ချစ်တင်းနှောတာဟာ ခံစားလို့ကောင်းတဲ့ အထိအတွေ့ အာရုံတစ်ခု ဖြစ်ပေမယ့် နာကျင်မှုတွေကိုတော့ ဘယ်သူကမှ မလိုချင်ကြတာ အမှန်ပါ။ ဒီလို နာမှာ ကြောက်တဲ့စိတ် ၊ စိုးရိမ်စိတ်တွေကနေပဲ Stress တွေ ပိလာစေပြီး သာယာတဲ့ အထိအတွေ့ ခံစားမှုတွေအပေါ် လိုက်ပါစီးမျောနိုင်ခြင်း မရှိရင် ကျေနပ်ပျော်ရွှင်စရာကောင်းတဲ့ လိင်ဆက်ဆံမှုတစ်ခု ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ ဒီပြဿနာကို ကိုယ်တွယ်ဖြေရှင်းနိုင်ဖို့ ကွီးတို့ အမျိုးသားတွေပေါ်မှာလည်း အများကြီး မူတည်နေပါတယ်။ ကွီးတို့အနေနဲ့ ကိုယ့်ပါတနာကို နာကျင်မှု နည်းအောင် ဘယ်လို ကြင်နာ ယုယရမလဲဆိုတာ မသိသေးရင် ဆောင်းပါလေးကို အဆုံးထိဖတ်ကြည့် လိုက်ပါ။

(၁) နှိုးဆွမှုအတွက် အချိန်ပေးပါ

Couple on Bed

Photo : Newsweek

လိင်မှုကိစ္စမှာ Foreplay လို့ခေါ်တဲ့ အရှိန်ယူ ပြင်ဆင်နှိုးဆွမှုဟာ သိပ်ကို အရေးပါပါတယ်။ ထိုးသွင်းဆက်ဆံမှုမပြုခင် ကိုယ့်ရဲ့ ဆက်ဆံဖော် ပါတနာကို ပွေ့ဖက်နမ်းရှုံ့တဲ့ အထိအတွေ့ ယုယမှုလေးတွေနဲ့ သူမရဲ့ လိင်စိတ်ဆန္ဒကို နိုးကြားတက်ကြွလာအောင် နှိုးဆွပေးတာဟာ ဆက်ဆံချိန်မှာ နာကျင်မှုနည်းစေရုံမက နှစ်ဦးသား အပေးအယူမျှမျှ နှစ်ပါးသွားကနိုင်မှာပဲ ဖြစ်ပါတယ်။

(၂) ချောဆီ သုံးပါ

Couple On Bed

Photo : Times Now

နာကျင်မှု ပြဿနာအတွက် Lubricants လို့ခေါ်တဲ့ ချောဆီတွေက အဖြေတစ်ခုပါပဲ။ ဟုတ်ပါတယ် ချောဆီတွေဟာ ချစ်တင်းနှော တဲ့အခါမှာ ပိုမိုသက်တောင့်သက်သာ ဖြစ်စေနိုင်ပြီး နာကျင်မှု ပိုနည်းအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။

(၃) သိုင်းကွက် ပြောင်းပါ

Couple On Bed

Photo : GiveLegacy

ဆက်ဆံတဲ့ အနေအထား သိုင်းကွက် ပေါ်မူတည်ပြီးလည်း နာကျင်မှု ဝေဒနာတွေ ခံစားရနိုင်ပါတယ်။ ဒီ Position က သူမအတွက် နာကျင်မှုခံစားရတယ်ဆိုရင် မတူတဲ့နောက် Position တစ်ခုပြောင်းပြီး ဆက်ဆံကြည့်ပါ။ ထိုးသွင်းဆက်ဆံချိန်မှာ ဘယ်လိုအနေအထားက ကိုယ့်ပါတနာအတွက် သက်တောင့်သက်သာ အရှိဆုံးနဲ့ ခံစားမှုအကောင်းဆုံး ဖြစ်မလဲ ၊ ဘယ်လို အနေအထားကတော့ နာကျင်မှု ပိုခံစားရစေလဲဆိုတာကို ဆန်းစစ်ပြီး နှစ်ဦးသား ပွင့်ပွင့်လင်းလင်း ပြောဆိုတိုင်ပင်ထားဖို့ လိုပါတယ်။

(၄) စိတ်ချင်း ဆက်သွယ်ပါ

Photo : Pulse Ghana

ချစ်တင်းနှော ချိန်မှာ တစ်ဦးနဲ့တစ်ဦး စိတ်ချင်း ဆက်သွယ်မှု ကောင်းကောင်းရှိဖို့ကလည်း မဖြစ်မနေ လိုအပ်ပါတယ်။ ကောင်းမွန်တဲ့ ခံစားချက်တွေကို ပါးစပ်ကနေ အသံထွက်ပြောပြတာမျိုး ၊ ကိုယ့်ပါတနာကို လိင်စိတ်ပိုမိုတက်ကြွစေမယ့် စကားလေးတွေ/မေးခွန်းလေးတွေ မေးမြန်းတာမျိုး ၊ နှစ်ဦးသားမျက်လုံးချင်းဆုံပြီး အချစ်ရမက်တွေ အတူတူမျှဝေ ခံစားတာမျိုး စသည့်ဖြင့် ဆက်သွယ်မှုတွေ ရှိသင့်ပါတယ်။ ဒါက နာကျင်မှုတွေကို လျော့စေပြီး လိင်စိတ်ကို အမြင့်ဆုံးထိရောက်အောင် တွန်းပို့ပေးနိုင်ပါတယ်။

Source : My Fit Brain

Featured Photo : Luxe Couples Retreat