ကွီးတို့ စကီလေးက ချစ်တင်းနှော ပြီးနောက်မှာ စိတ်ကောက် သွားတဲ့ အဖြစ်မျိုး ကြုံဖူးပါသလား။ သူ(မ) ဘာ့ကြောင့် စိတ်ကောက်သွားရသလဲဆိုတဲ့ အကြောင်းအရင်းကိုရော သိရဲ့လား။

ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းအရင်းများကတော့ အများကြီးပါပဲ။ ကွီးတို့က ချစ်တင်းနှော ပြီးနောက်မှာ သူ(မ)ကို ပစ်ထားလို့ စိတ်ကောက် သွားတာလည်း ဖြစ်နိုင်ပါတယ်။ အဲ့ဒီလို စိတ်ကောက် မခံချင်ဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက်များနဲ့ ကွီးတို့ရဲ့ ချစ်ခြင်းကို ပိုမိုခိုင်မြဲလာအောင် တည်ဆောက်လိုက်ပါ။

တိတ်ဆိတ်မှုကို တန်ဖိုးထားပါ

couple in bed

ချစ်တင်းနှောပြီးနောက်မှာ ကွိးတို့ နှစ်ဦးသားက အတွေးကိုယ်စီနဲ့ ကျေနပ် နှစ်သက်မှုကို ခံစားရမှာကတော့ ဓမ္မတာပါပဲ။ ထိုအချိန်မျိုးမှာ တိတ်ဆိတ်မှုကြီးက ကြီးစိုးနေပါလိမ့်မယ်။ တိတ်ဆိတ်နေလို့ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ဖိအားပေးကာ အတင်းအကြပ် စကားပြောစရာ မလိုအပ်ပါဘူး။ တိတ်ဆိတ်မှုကို တန်ဖိုးထားရုံနဲ့တင် လုံလောက်ပါပြီ။

ပွေ့ဖက်ထားပါ

couple in bed

ချစ်တင်းနှောပြီးနောက်မှာ တစ်ယောက်နဲ့ တစ်ယောက် ကျောခိုင်းထားမယ်ဆိုရင်တော့ ကွီးတို့ စကီလေးက အကြီးအကျယ် စိတ်ကောက်သွားပါလိမ့်မယ်။ အဲ့ဒီလို မဖြစ်ဖို့အတွက် သူ(မ)ကို ကွီးတို့ရဲ့ ရင်ခွင်ထဲမှာ ပွေ့ဖက်ထားလိုက်ပါ။ ဒါဆိုရင်တော့ ချစ်တင်းနှော ပြီးနောက်မှာ ကွီးတို့ စကီလေး စိတ်ကောက် သွားတဲ့ အဖြစ်မျိုးကနေ ကင်းဝေးသွားမှာပဲဖြစ်ပါတယ်။

အတူတူ ပြုလုပ်နိုင်တဲ့ အရာတစ်ခုခု ရှာဖွေပါ

ချစ်တင်းနှော စိတ်ကောက်

ကွီးတို့သည် ချစ်တင်းနှော ပြီးနောက် ပင်ပန်းပြီး အိပ်မောကျသွားတာသည်လည်း ကွီးတို့အတွက် အားပြန်ဖြည့်တဲ့ နည်းတစ်ခုပါပဲ။ ဒါပေမဲ့ ကွီးတို့က အိပ်ဖို့တစ်ခုတည်းကိုပဲ ရှေးရှုမယ့်အစား ကွီးတို့ စကီလေးကို ခဏ တဖြုတ်တော့ အဖော်ပြုပေးဖို့ လိုအပ်ပါလိမ့်မယ်။ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ သူ(မ)ကို အဖော်ပြုပေးချင်စိတ်တော့ ရှိတယ်ဆိုတာကို သူ(မ) သိသွားပါစေ။ နောက်မှ အိပ်ငိုက်ပြီး အိပ်မောကျသွားတာက ကိစ္စ မရှိပါဘူး။

ချစ်တင်းနှော ပြီးနောက် ဖွဲမွေ့ရာထက်မှာ သက်သောင့်သက်သာနဲ့ အတူတူ အပန်းဖြေမယ့် နည်းတစ်ခုခုကို စဥ်းစားကြည့်ပါ။ တေးဂီတ သံစဥ်လေး ဖွင့်ထားပြီး အနားယူတာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။ ဖုန်းကောက်ကိုင်ပြီး ဂိမ်းကစားတာမျိုးကိုတော့ ရှောင်ကြဥ်ဖို့ လိုအပ်ပါလိမ့်မယ်။

ကျန်းမာရေးအတွက်လည်း ဂရုစိုက်ပါ

ချစ်တင်းနှော စိတ်ကောက်

ချစ်တင်းနှောပြီးနောက် တီတီတာတာ ပွေ့ဖက်ထားတာမျိုးလည်း ပြီးသွားပြီဆိုရင်တော့ ရေချိုးခန်းဆီ အပြေးသွားပြီး အပေါ့အပး သွားလိုက်ပါ။ ကွီးတို့ စကီလေးအတွက်ကလည်း ဒါသည် ဆီးလမ်းကြောင်း ပိုးမဝင်အောင် ကာကွယ်ပေးနိုင်တဲ့ အလေ့အကျင့်ကောင်းတစ်ခုဖြစ်ပါတယ်။

တစ်ကိုယ်ရည် သန့်ရှင်းရေးအတွက် အလေးပေးပါ

ချစ်တင်းနှော စိတ်ကောက်

ချစ်တင်းနှော ပြီးပြီးချင်း ရေချိုးတာမျိုးကိုတော့ ရှောင်ကြဥ်သင့်ပါတယ်။ စောစောကလို တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်ထားပြီး အေးအေးလူလူ အနားယူပြီးမှ တစ်ကိုယ်ရည် သန့်ရှင်းရေးကို အလေးပေးတဲ့အနေနဲ့ ရေချိုးခန်းမှာ ရေချိုးသင့်ပါတယ်။ ဖြစ်နိုင်ရင်တော့ ရေနွေးနွေးလေးနဲ့ ရေချိုးပေးတာက အကောင်းဆုံးပါပဲ။

ရေဓာတ် ပြန်လည် ဖြည့်တင်းပြီး ကုန်ခမ်းသွားတဲ့ အားအင်များကို ဖြည့်တင်းလိုက်ပါ

ချစ်တင်းနှော စိတ်ကောက်

ကွီးတို့ရဲ့ ခန္ဓာကိုယ်ကို ရေဓာတ် ပြန်လည် ဖြည့်တင်းပေးဖို့အတွက် ရေများများ သောက်သုံးပြီး ရေဓာတ် ပြန်လည် ဖြည့်တင်းလိုက်ပါ။ ထို့နောက် Probiotic ကြွယ်ဝတဲ့ အစားအစာများ ဥပမာ ဒိန်ချဥ်ကဲ့သို့ အစားအစာများကို စားသုံးပေးသင့်ပါတယ်။

ဒီလို နည်းလမ်းနဲ့ ကွီးတို့ စကီလေးကို ဂရုစိုက်မယ်ဆိုရင်တော့ ချစ်တင်းနှောပြီးနောက်မှာ စိတ်ကောက်တဲ့ ဒဏ်ကနေ လွတ်ကင်းသွားမှာပဲဖြစ်ပါတယ်။

Source: Wikihow

Featured Image: Verywellmind